မာတိကာသို့ ခုန်သွားရန်

လီဆန်းမိခင်

ဝီကီပီးဒီးယား မှ
လီဆန်းမိခင်
လီဆန်းမိခင် (ဝါ) လီဆန်းတောင်သခင်မ (ဝါ) လီဆန်းမယ်တော်
လီဆန်းမိခင်၏ရုပ်တု
ရိုးရာ တရုတ်驪山老母
ရိုးရှင်းသော တရုတ်骊山老母

လီဆန်းမိခင်သည် တရုတ်ရိုးရာဒဏ္ဍာရီပုံပြင်များနှင့် လီဆန်းတောင်တစ်ဝိုက်တွင်ထင်ရှားသော မသေမျိုးအမတေပုဂ္ဂိုလ်ကြီးတစ်ပါးဖြစ်သည်။ တောက်ဝါဒီကျမ်းဂန်စာရင်းတို့၌ ၎င်းသည် မပါဝင်သော်လည်း များစွာသော တောက်ဝါဒဘုရားကျောင်းများ၌ ၎င်းအား တရိုတသေအလေးထားဂါရဝပြု၍ ကန်တော့ကြသည်။ ၎င်းကို အချို့သောတောက်ဝါဒီကိုးကွယ်သူများက ကျောက်စိမ်းဧကရာဇ်နှင့် ဗုဒ္ဓတို့ထက် ကြီးကျယ်မြင့်မြတ်သည်ဟု ယုံကြည်ကြသည်။

လီဆန်းမိခင်အကြောင်းကို တရုတ်ပြည်ထုတ် အဘိဓာန်များ၊ ရည်ညွှန်းကျမ်းများနှင့် ခေတ်အဆက်ဆက်စွယ်စုံကျမ်းများတွင်တခမ်းတနားအလေးပေးဖော်ပြကြသည်။၎င်းသည် လီဆန်းတောင်ပေါ်၌ ကျင့်ကြံအားထုတ်၍ ပေါက်မြောက်သွားသောသူတော်စင်ပုဂ္ဂိုလ်ကြီးဟူ၍တရုတ်လူမျိုးတို့က အထင်ရှိကြ၍ လီဆန်းတောင်တစ်ဝိုက်ကိုးကွယ်သော ဒေသန္တရရိုးရာနတ်တစ်ပါးဖြစ်သော်လည်း နောက်ပိုင်းတွင် တရုတ်ပြည်၏နတ်ကိုးကွယ်မှုနှင့်ဘာသာရေးကဏ္ဍများ၌ ထင်ရှားတွင်ကျယ်လာခဲ့သည်။

အနောက်သို့ခရီးသွားခြင်းမှတ်တမ်း

[ပြင်ဆင်ရန်]

တရုတ်ပြည်၏ နာမည်ကြီးဝတ္ထု ၄ ခုအဝင် "Journey of the west" (အနောက်သို့ခရီးသွားခြင်း)ဝတ္ထု၌ ၎င်းသည်အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်သည်။ စွန်းဝူခုန်းတို့၏ ဆရာတပည့် စိတ်ဓာတ်ကို ခိုင်မာခြင်းရှိမရှိစမ်းသပ်ရန် ကွမ်ရင်ဖူဆ(အဝလောကိတေသွာရဗောဓိသတ္တ)၊ပုရှန်းဖူဆ(သမန္တဘဒြဗောဓိသတ္တ)၊ဝူစွန်းဖူဆ(မဉ္ဇူသီရိဗောဓိသတ္တ)တို့နှင့်အတူ ပူပေါင်း၍ စမ်းသပ်ကြလေသည်။ ထို့ပြင် မကသေးလီဆန်းမိခင်သည် ကမ္ဘာဦးမဖြစ်ပေါ်မီကပင် တည်ရှိခဲ့သောကြောင့် အကျင့်စရဏအားဖြင့်သော်လည်းကောင်း၊ သက်တမ်းအားဖြင့်သော်လည်းကောင်း ဝါရ​င့်​နေပြီဖြစ်ရာ၎င်းအား ကွမ်ရင်ဖူဆ၊ပုရှန်းဖူဆနှင့်ဝန်ရှူးဖူဆတို့က တရိုတသေအလေးပြုဆက်ဆံရလေသည်။ထို့ပြင်မကသေး လီဆန်းမိခင်သည် တရုတ်ရိုးရာနတ်ကိုးကွယ်မှု၌ထင်ရှားသော အနောက်တိုင်းမယ်တော်ရှီဝမ်းမူ(Queen mother of the west)၊ကြယ်နတ်မင်း၏မယ်တော်ဖြစ်သော ဖီလန်ပေါ်ဖူဆ(အာကာသဂဗ္ဘဗောဓိသတ္တ,Pilanpo)၊လနတ်သမီး ချန့်အိုဒေဝီ(Deity of the moon)တို့နှင့်လည်းတရင်းတနှီးရှိကြောင်းသိရသည်။အချို့သောသုတေသီများကမူ "လီဆန်းမိခင်"သည် "အနောက်တိုင်းမယ်တော်ရှီဝမ်းမူ"၊"နွီဝါးမယ်တော်"၊"ဝူရှန်းလောင်းမူ"တို့မှ ဆင်းသက်လာသော ကိုယ်ပွား​ဖြစ်ကြောင်း၊၎င်းတို့၏ဂုဏ်တော်မှပေါက်ဖွားလာသောနတ်ဖြစ်ကြောင်း၊အသွင်ကွဲနတ်တစ်ပါးသာဖြစ်ကြောင်း ထင်ကြေးပေးအမျိုးမျိုးဆိုကြသည်။အချို့ကမူ "သိုးမူယွမ်ကျွင်း နက္ခတ်တာရာဒေဝီမယ်တော်"၏ လူ့ဇာတိခံဖြစ်ကြောင်းလည်းဆိုသည်။(အနောက်ဖက်သို့ခရီးသွားခြင်း)ဝတ္ထုမြန်မာပြန်များ၌မူ ၎င်းကို "လီဆန်းမေမေ"၊"လီဆန်းမယ်တော်"ဟူ၍ ပြန်ကြသည်။တရုတ်ဘာသာတတ်ကျွမ်းသူများကမူ "လီဆန်းမယ်မယ်"၊"လီဆန်းတောင်သခင်မ"၊"လီဆန်းတောင်ကတော်"၊"လီဆန်းတောင်မယ်တော်"၊"လီဆန်းတောင်ဘွားဘွား"၊"လီဆန်းတောင်စောင့်နတ်" ဟူ၍အမျိုးမျိုးပြန်ဆိုနိုင်ကြောင်းဆိုသည်။

ရုပ်သံစာတန်းထိုးများ၌မူ "လီဆန်းမိခင်"ဟူ၍ပြန်ဆိုကြသည်။