အီဂျီအာ

ဝီကီပီးဒီးယား မှ
(လီဂျီအာ မှ ပြန်ညွှန်းထားသည်)
အီဂျီအာ
အီဂျီအာ ၂၀၁၈ နိုဝင်ဘာလ ဓာတ်ပုံ
ဇာတိ အမည်이지아
အသံထွက်I Ji-a
မွေးဖွားဂင်မ်ဆန်းအွန်း
၁၉၇၈ ဩဂုတ် ၆
နိုင်ငံလူမျိုးတောင်ကိုရီးယား
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၆- လက်ရှိ
ကိုယ်စားလှယ်BH entertainment
အိမ်ထောင်ဖက်(များ)စောထဲဂျီ (၁၉၉၇ - ၂၀၀၆)
ဝက်ဘ်ဆိုဒ်တမ်းပလိတ်:Https://www.instagram.com/e.jiah/

အီဂျီအာ ၁၉၇၆ ဩဂုတ် ၆တွင် မွေးဖွားခဲ့သော တောင်ကိုရီးယားသရုပ်ဆောင်တဦးဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဂင်မ်ဆန်းအွန်းကို ၁၉၇၈ ဩဂုတ် ၆ တွင် တောင်ကိုရီးယားနိုင်ငံ၌ မွေးဖွားခဲ့သည်။

အီဂျီအာ့ မိသားစုနှင့် နှစ် ၄၀ ခန့် မိတ်ဆွေဖြစ်ဖူးသူ လွှတ်တော်အမတ်ဟောင်းJung Dae Chul(Chung Dae Chul)က ၂၀၁၁ ဒီဇင်ဘာ ၁၉ တွင် အီဂျီအာ့အဘိုး ဂင်းမ်ဆွန်းဟွန်းတို့ ခေတ်က ဆိုးလ် SaDaeMoon ၌ ပေ၆၀၀၀(၁၈၀ဖြောင်း)ကျယ်သည့် အိမ်၂ လုံးရှိပြီး တလုံးမှာ သမ္မတYoon Bo Sunအိမ်နှင့် ကျန်တလုံးမှာ ဂျီအာ့အဘိုးအိမ်ဖြစ်ကြောင်း၊ ဂျီအာ့အဘိုးက ဆိုးလ်အနုပညာအထက်တန်းကျောင်းကို ကိုယ်ပိုင်ငွေနှင့် ထူထောင်ခဲ့ကြောင်း အင်တာဗျူးတခုတွင် ပြောခဲ့သည်။ သူတို့မိသားစုက semi-conglomerate အနေအထားရှိသည်ဟု ဆိုသည်။ ဂျီအာ့အဖေသည် ကုမ္ပဏီကို စီမံခန့်ခွဲရန် ကိုရီးယားနှင့် အမေရိကန်ကို ကူးချည်သန်းချည် ပြုလုပ်နေခဲ့ပြီး ဂျီအာလည်း အမေရိကန်တွင်နေထိုင်ခဲ့ကြောင်း၊ ဂျီအာ ပွဲထွက်အပြီး တရက်တွင် သူ့အဖေက အစ်ကို အခု အီဂျီအာဆိုပြီး အလုပ်လုပ်နေတာ ကျွန်တော့်သမီးလေ ဟုပြောသည့်အခါမှသာ မင်းသမီးဖြစ်နေမှန်းသိခဲ့သည်ဟု ဆိုသည်။

အီဂျီအာ့အကြောင်းသည် စတင်ပွဲထွက်ကတည်းက ပဟေဠိဖြစ်နေခဲ့ပြီး ကိုယ့်ဘဝ၊ ကိုယ်ရေးရာဇဝင်နှင့် မိသားစုဆက်ဆံရေးစသည့် အချက်အလက်အားလုံးကို မသိဘဲ ဖြစ်ခဲ့ရသည်။ မိသားစုနောက်ကြောင်းကို လူသိမခံသည့်အတွက် ဂြိုဟ်သားဟုအမည်ပေးခံခဲ့ရသည်။ ဂျီအာနှင့် အေဂျင်စီ(ထိုစဉ်က Key East)ကိုယ်၌က ပွဲထွက်ပြီးနောက် နောက်ကြောင်းခန့်မှန်းမှုများကို မည်သည့်တုံ့ပြန်မှု၊ ဖြေရှင်းမှုမျှ မပြုလုပ်ခဲ့။ [၁]

စောထဲဂျီနှင့်တရားဆိုင်သည့် သတင်းထွက်ပြီးမှသာ ဂျီအာက တရားဝင်ဝက်ဘ်ဆိုဒ်တွင် ငယ်ဘဝဓာတ်ပုံများကို တင်ခဲ့ပြီး ကိုယ်ပိုင်SNSတွင် ပရိသတ်များနှင့်ပိုမိုဆက်သွယ်လာသည်။[၂]

အီဂျီအာ့အဘိုးသည် ဂင်မ်ဆွန်းဟွန်း ဖြစ်ပြီး ဆိုးလ်အနုပညာအထက်တန်းကျောင်းသို့ မြေလှူခဲ့ကြောင်း၊ သို့သော် ဂျီအာ့မိဘများ အမေရိကန်သို့ ဘယ်အချိန်ပြောင်းခဲ့သည်နှင့် ဂျီအာ့ ပိုင်ဆိုင်မှုမည်မျှရှိသည်ကိုမူ ပုဂ္ဂိုလ်ရေးဖြစ်၍ မပြောပြနိုင်ကြောင်း Key East Entertainmentက ဆိုသည်။[၃]

ကိုယ်ရေးကိုယ်တာ[ပြင်ဆင်ရန်]

၁၉၉၇ ခုနှစ်၊ အသက် ၁၉ နှစ်အရွယ်တွင် အဆိုတော် စောထဲဂျီ ဟု လူသိများသည့် ဂျောင်ဟျွန်းချောနှင့် လက်ထပ်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ကွာရှင်းမှု အပြီးသတ်သည်။ ၂၀၁၁ တွင် စစ်နတ်ဘုရားမ အားသိနာ ဇာတ်လမ်းတွဲမှ တွဲဖက်သရုပ်ဆောင် ဂျောင်အူးဆောင်းနှင့် တွဲခဲ့သည်။

တွဲဖက်[ပြင်ဆင်ရန်]

ဂျောင်အူးဆောင်း[ပြင်ဆင်ရန်]

ဂျောင်အူးဆောင်းနှင့်အီဂျီအာကို ၂၀၁၁ မတ် ၆ရက်နေ့ ညနေ၄နာရီတွင် ပြင်သစ် Champs-Elysees ရှောင့်-အေးလီးဇီး နားရှိ Saint-Honore စန့်တို့နားရ်လမ်းများပေါ်တွင် တွေ့ခဲ့သည်။ လေကြောင်းလိုင်းအရာရှိတဦး၏အဆိုအရ United Arab Emirates လေကြောင်းလိုင်းတွင်[၄] အူးဆောင်းက bussiness class၊ ဂျီအာက economy class စီးခဲ့သည်ဟု ဆိုသည်။

ဂျောင်အူးဆောင်း၏ စီမံရေးရာက အားသိနာပြီးတော့ အားပြန်ဖြည့်ဖို့ လူတွေနဲ့ တွေ့၊ လေ့ကျင့်ဖို့ သွားခဲ့တာပါ၊ အရင်အပတ်က ပါရီကို သွားခဲ့ပေမယ့် ဘာကိုယ်ရေးကိုယ်တာ အကြောင်းတွေကြောင့်ပါဟု ပြောခဲ့သည်။[၅] ဂျီအာ့ စီမံရေးရာကမူ သူဘာကြော်ငြာရိုက်၊ ဓာတ်ပုံ လှုပ်ရှားမှုမှ မရှိပါဘူး၊ နောက်ပရောဂျက်အတွက် ခဏနားနေတာပါဟုဆိုသည်။[၆] မျက်မြင်တဦးက အီဂျီအာက ဂျောင်အူးဆောင်းနဲ့အတူ၊ ဂျောင်ရဲ့ အပေါ်ရုံအိပ်ကပ်ထဲ လက်ထည့်ထားတယ်၊ လမ်းမှာသွားနေရင်း တယောက်ယောက်များ သူတို့ကို ကြည့်နေလားလို့ လိုက်ရှာနေတယ်၊ သူတို့ကို ကြည့်ရတာ တွဲနေတဲ့ပုံပဲဟု ဆိုသည်။ Key East က အီက သူ့အသိတချို့နဲ့ ပါရီကိုသွားတာပါ၊ ၂ရက် ၃ရက်နေရင် ပါရီက ပြန်လာပါလိမ့်မယ်၊ အဲ့အချိန် ဘာဖြစ်နေလဲဆိုတာ ကြားရမှာပါဟု Yon hab သတင်းဌာနသို့ ပြောခဲ့သည်၊ သတင်းထွက်သည့် မနက်တွင်ဖုန်းဆက်ခဲ့ရာ သတင်းကို ကြည့်လိုက်မည့်အကြောင်း မင်းသမီးက တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။ [၇]

၂၀၁၁ မတ် ၂၀(စနေနေ့တွင်)ဂျောင်အူးဆောင်းက ဇာတ်လမ်းရိုက်နေတုန်းဒီသူငယ်ချင်းအသစ်နဲ့ အချိန်ကောင်းတွေပိုင်ဆိုင်ခဲ့ပါတယ်ဟု ဝက်ဘ်ဆိုဒ်တွင်ရေးသားခဲ့သည်။ ထိုနေ့ ပရိသတ်တွေ့ဆုံပွဲတွင် ကျွန်တော်နဲ့အီက တူတာတွေအများကြီးရှိတယ်၊ ကျွန်တော်ကတော့ လူတွေ ကျွန်တော်တို့ဆက်ဆံရေးကို စောင့်ကြည့်ပေးစေချင်ပါတယ်ဟု ပြောခဲ့သည်။[၈]

၂၀၁၂ ဒီဇင်ဘာ၆ Knee Drop Guru အစီအစဉ်တွင် အူးဆောင်းက အဲ့ဒါကျွန်တော် ပါရီကို ပထမဆုံးအကြိမ် သွားတာပါ၊ အမျိုးသမီးတယောက်နဲ့ နိုင်ငံခြားကို သွားတာလည်း ပထမဆုံးပါပဲ၊[၉] ရိုးရိုးသားသားပြောရရင် ဒီလုပ်ငန်းမှာ ကျင်လည်နေတော့ ကိုယ်ရေးကိုယ်တာခရီးတွေအတွက် အချိန်မရှိခဲ့ဘူး၊ ပါရီကိုတောက်လျှောက်သွားခဲ့တာမှာ ဘယ်သူမှ မမြင်နိုင်တဲ့နေရာတွေကိုပဲ သွားဖို့ မဖြစ်နိုင်ပါဘူး၊ ကျွန်တော်တို့ ၂ယောက်လုံး ကျွန်တော်တို့ တွဲနေမှန်း လူတွေကို ပြောဖို့ အဆင်ပြေပါတယ်၊ ထင်ခဲ့တာထက် ပိုကြီးတဲ့ကိစ္စ ဖြစ်သွားခဲ့ရုံပါပဲဟု ဆိုသည်။[၁၀] ၂၀၁၂ နိုဝင်ဘာ ၂၈ တွင် အီနှင့်နီးစပ်သူတဦးက အီဂျီအာက စတွဲတာနဲ့ ဂျောင်အူးဆောင်းကို ပြောပြခဲ့တယ်၊ သူအားလုံးသိပါတယ် Yon Hub သတင်းဌာနသို့ ပြောကြားခဲ့သည်။[၁၁]

သူငယ်ချင်း[ပြင်ဆင်ရန်]

ဂင်မ်ဂိုးအွန်းက ၂၀၁၉ မေ ၃၀ ချူးဂျားဟျွန်း မင်္ဂလာဆောင်တွင် ရိုက်သောပုံများကို တင်ခဲ့ရာ တပုံမှာ အီဂျီအာ၊ ဂိုးအွန်း၊ ဟန်ဂျီးမင်တို့ ၃ယောက်အတူ ဖြစ်သည်။[၁၂]

ဟန်းဂျီးမင်သည် ၂၀၂၀ အောက်တိုဘာ ၁၇ တွင် ဂျီအာက ရှင်းဆူရွန်ပုံတင်ကတည်းက အားပေးခဲ့သည်။[၁၃] ချူးဂျားဟျွန်းက ဟန်းဂျီးမင်၊ ဟန်းဟျိုးဂျူတို့နှင့်အတူ မိုးမျှော်ထပ်ဇာတ်လမ်းကြည့်နေကြောင်း ၂၀၂၀ အောက်တိုဘာ၂၆၌ လူမှုကွန်ရက်တွင် တင်သည်။[၁၄] အီဂျီအာက ၂၀၂၀ နိုဝင်ဘာ ၂၉တွင် ဟန်းဂျီးမင်၊ ဟန်းဟျိူးဂျူနှင့် ချူးဂျားဟျွန်းတို့ မိုးမျှော်ထက် ရိုက်ကွင်းသို့ ပို့ပေးခဲ့သော ကော်ဖီကားနှင့် ဗွီနိုင်း ဓာတ်ပုံများကို လူမှုကွန်ရက်တွင် တင်ကာ ကျေးဇူးတင်စကားဆိုသည်။[၁၅] [၁၆]

ဂျီအာက ပင်လယ်သွားဓာတ်ပုံကို ဂင်မ်ဂိုးအွန်းအား tag တွဲကာ လူမှုကွန်ရက်တွင် တင်ခဲ့ဖူးသည်။[၁၇] မိုးမျှော်ထပ် အတွဲ ၁ ရှင်းမ်ဆူရွန်အသုဘတွင် ပင်လယ်ကို နောက်ခံထားပြီး ရိုက်သောပုံပါသည်။ ဇာတ်လမ်းတွင် သုံးသောပုံမှာ ဂိုးအွန်းရိုက်ပေးခြင်း ဖြစ်နိုင်သည်ဟု ပရိသတ်များက ယူဆကြသည်။ [၁၈] အီဂျီအာက ဂျေထီဘီစီ၏ မျှော်လင့်သောပင်လယ် အစီအစဉ်အတွက် ကမ်းလှမ်းခံရသောအခါ ဤအစီအစဉ်တွင် ဂိုးအွန်းပါဝင်လျှင် သူလည်းပါမည်ဟုပြောကာ အမြန်ဆုံးဖြတ်ခဲ့ကြောင်း ဝန်ထမ်းတဦးက ဆိုသည်။[၁၉]

မိုးမျှော်ထပ် အတွဲ၁ ၏ နောက်ဆုံး ၂ ပိုင်းမှာ ၂၀၂၁ ဇန်နဝါရီ ၄(တနင်္လာ)နှင့် ၅(အင်္ဂါနေ့) တို့တွင် ထွက်ရှိခဲ့သည်။ ဂင်မ်ဟီးချောက ၂၀၂၁ ဇန်နဝါရီ ၆ တွင် မိုးမျှော်ထပ်ဇာတ်လမ်းတွဲကြည့်နေသော ဗွီဒီယိုကို[၂၀] လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည်။[၂၁][၂၂] မကြည့်ရသေးသည့်အပိုင်းကို ကြည့်မည်ဟု အားခဲထားသော်လည်း[၂၃] အီဂျီအာက စကားပြောနေရင်း ဇာတ်လမ်းအကြောင်းအရာများ ပြောပြခဲ့ကြောင်း ဆိုသည်။[၂၄][၂၅]အီဂျီအာက ထိုအပိုင်းသည် တနင်္လာနေ့ကတည်းက trending ဝင်ခဲ့သောကြောင့် သိမည်ထင်ပြီး ပြောပြမိကြောင်း ပြန်လည်ပြောကြားခဲ့သည်။[၂၆][၂၇]

အလုပ်[ပြင်ဆင်ရန်]

အေဂျင်စီ[ပြင်ဆင်ရန်]

၂၀၁၁ ဧပြီ ၂၁ တွင် အီဂျီအာက KeyEast မှတဆင့် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ဖုန်းကြေညာပြီးချိန်တွင် ဥက္ကဋ္ဌ ယန်ဂွန်းနန် နှင့် တွေ့ခဲ့ရာမှ သရုပ်ဆောင်လုပ်ရန် စိတ်ဝင်စားခဲ့ကြောင်း ဖော်ပြခဲ့သည်။ ၂၀၁၁ မေ ၄ ရက်တွင် ဥက္ကဋ္ဌ ယန်ဂွန်းနန်ရာထူးမှ ဖယ်ရှားခံရပြီး ရှင်ဖီဆွန်းနှင့် ဘယ်ဆန်ဝန်းတို့ ၂ဦးက ပူးတွဲဥက္ကဋ္ဌများ ဖြစ်လာသည်။ KeyEast ၏ ဂျပန်ကုမ္ပဏီ Digital Adventure (DA) TVနှင့် ပူးပေါင်းမှု အရှိန်မြှင့်ရန် ဖယ်ရှားရခြင်းဖြစ်ကြောင်း ကုမ္ပဏီက တရားဝင် ထုတ်ပြန်ခဲ့သည်။[၂၈] အီဂျီအာသည် ၂၀၁၁ ဒီဇင်ဘာ ၃၁ တွင် Key East နှင့် စာချုပ်သက်တမ်းကုန်သည်။ Key East ကိုယ်စားလှယ်တဦးက ၂ဖက် ပြဿနာနှင့် အငြင်းပွားမှုမရှိကြောင်း၊ ၂ဖက်လုံးကို အကျိုးရှိစေမည့် အပြောင်းအလဲတခုလုပ်ရန်ဆုံးဖြတ်ခဲ့ကြောင်း ကြေညာသည်။[၂၉] ၂၀၁၂ အစောပိုင်းတွင် မင်းသမီးသည် အေဂျင်စီအသစ်နှင့် စာချုပ်ချုပ်နိုင်သည့် ဈေးကွက်အနေအထားရှိခဲ့သည်။ ၂၀၁၂ မေလတွင် Soribada၏ Will Entertainment နှင့် စာချုပ်ချုပ်ဆိုခဲ့သည်။[၃၀] ၂၀၁၄ ဧပြီ ၄ တွင် HB Entertainmentက အီဂျီအာနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ကြေညာသည်။[၃၁][၃၂]

၂၀၁၆ မတ်လမှ စတင်ကာ အီဂျီအာသည် စာချုပ်ချုပ်ရန် အေဂျင်စီအသစ်ရှာသည်။ ထို့နောက် BH Entertainment နှင့် စာချုပ်ချုပ်ခဲ့သည်။ အီဂျီအာကို ပိုကောင်းသည့်သရုပ်ဆောင်ဖြစ်လာစေရန် နှင့်[၃၃] မင်းသမီးက ဘာသာစကားအများအပြားကို ပြောနိုင်သည့်အတွက် ကိုရီးယားနိုင်ငံတွင်းနှင့်ပြင်ပကိုပါ ဖြန့်ကျက်နိုင်ရန် အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း အေဂျင်စီ ကိုယ်စားလှယ်က မေ၁၃တွင် ကြေညာသည်။[၃၄]

[၃၅]

နယ်ပယ်[ပြင်ဆင်ရန်]

ရုပ်ရှင်[ပြင်ဆင်ရန်]

ဒဏ္ဍာရီဇာတ်ကားနှင့်ပွဲမထွက်မီက Graphic art design ဘာသာရပ်ကို အထူးပြုသူ၊ Shim Eun-ha and Go Hyun-jungတို့ ၂ဦးပေါင်းစပ်ထားသည့် အလှပိုင်ရှင်အဖြစ် ဖော်ကျူးခံရသည်။[၃၆] အီဂျီအာက Pasadena Art Center College of Design တွင်ကျောင်းတက်နေစဉ် အသိတယောက်မိတ်ဆက်ပေးရာမှ ဒဏ္ဍာရီ လူရွေးပွဲသို့ သွားကြောင်း၊ ထုတ်လုပ်သူKim Jong Hakနှင့်မိတ်ဆက်ပြီး နောက်ထပ် အစည်းအဝေး အခါ ၃၀နှင့်အထက်၊ ဇာတ်ညွှန်းဖတ်အပြီး အခြားအသေးစိတ်စစ်ဆေးမှုများပြီးသောအခါမှသာ သူ့ကို သရုပ်ဆောင်အဖြစ် အတည်ပြုခဲ့ကြောင်း အင်တာဗျူးတခုတွင် ပြောကြားခဲ့သည်။ အရွေးခံရပြီးမှ အသံနေအသံထား၊ သရုပ်ဆောင်၊ ဇာတ်ကောင်ဆန်းစစ်မှု၊ horseback riding၊ တိုက်ခိုက်ရေးနှင့် အခြားလိုအပ်သည်များကို သင်ကြားခဲ့ရသည်။ ဇာတ်ကားရိုက်စဉ် နုနေသော အသားအရောင်ကို ဖုန်းကွယ်ရန် မိတ်ကပ်အရောင့်ရင့်လိမ်းရသဖြင့် စားပြီးချိန်တွင် ပါးစပ်နားတဝိုက်ဖြူနေသည်၊ အခြားအမျိုးသားသရုပ်ဆောင်တဦးနှင့်စကားပြောနေချိန် မြင်းလာရာ မရှောင်နိုင်သဖြင့် ဘယ်ခြေသလုံး မြင်းကန်ခံခဲ့ရသည်ဟု ဆိုသည်။ [၃၇]

သီချင်း[ပြင်ဆင်ရန်]

၂၀၀၉ ဩဂုတ် ၁၄ ရက်နေ့တွင် cupcake and alien သီချင်းထွက်ရှိလာသည်။[၃၈]

ဇာတ်ညွှန်း[ပြင်ဆင်ရန်]

၂၀၁၃ ဇန်နဝါရီ ၂၁ မနက်ပိုင်းတွင် မင်းသမီး၏ အေဂျင်စီ(ထိုစဉ်က HB Entertainment)က OSEN နှင့်ဖုန်းပြောရာ၌ အီဂျီအာသည် ဟောလိဝုဒ်တွင် ပွဲထွက်ရန် စုံစမ်းနေကြောင်း ပြောခဲ့သည်။ [၃၉] မင်းသမီးက Maybach ရုပ်ရှင်ထုတ်လုပ်ရေးနှင့် ဇာတ်ညွှန်း ၃ခုအတွက် စာချုပ်ချုပ်ထားကြောင်း၊ Conscious Perception ဟု ယာယီအမည်ပေးထားသည့် သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးသားနေကြောင်း၊ [၄၀]ထိုရုပ်ရှင်မှာ အမေရိကန် ဒေါ်လာ ၉.၈သန်း /ကိုရီးယား ဝမ်ဆယ်ဘီလျံ အသုံးစရိတ်ဖြင့် နောက်နှစ်လယ် (ထိုစဉ်အချိန်နှင့်တွက်လျှင်၂၀၁၅) တွင် စရိုက်မည်ဖြစ်ပြီး Maybach၏တွဲဖက် Perspective Pictures ကုမ္ပဏီက ထုတ်လုပ်သွားမည် ဖြစ်ကြောင်း၊[၄၁] စာချုပ်ကို ယမန်နှစ်က ချုပ်ဆိုခဲ့ကြောင်း အေဂျင်စီ HB Entertainment က ၂၀၁၄ ဂျူလိုင် ၁၁ တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ [၄၂][၄၃]၂၀၁၄ အောက်တိုဘာ ၂၂ ဗုဒ္ဓဟူးနေ့တွင် Maybach ရုပ်ရှင်ထုတ်လုပ်ရေးမှ ဂင်မ်ဆဲရွန်းက ဈေးဝယ်ထွက်နေသော အီဂျီအာ့ပုံကို SNS လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည်။ [၄၄]

သရုပ်ဆောင်[ပြင်ဆင်ရန်]

ဇာတ်လမ်းတွဲ[ပြင်ဆင်ရန်]

နှစ် ဇာတ်လမ်းတွဲကိုရီးယားအမည် အင်္ဂလိပ်အမည် မြန်မာအမည် အခန်းကဏ္ဍ ဒါရိုက်တာ ရုပ်သံလိုင်း Ref.
၂၀၀၇ 태왕사신기 The Story of the First King's Four Gods/The Legend ပထမမင်းရဲ့ နတ်ဘုရား ၄ပါး

ဒဏ္ဍာရီ ထယ်ဝမ်စာရှင်ဂီ

ဆဲအို့

ဆူဂျီနီ

ဂင်မ်ဂျုံဟ

ယွန်ဆန်းဟို

အမ်ဘီစီ [၄၅]

[၄၆][၄၇][၄၈][၄၉]

၂၀၀၈ 베토벤 바이러스 Beethoven Virus ဘီးဿိုဖှင်န် ဗိုင်းရက်စ် ဒူရူမီ အီဂျယ်ဂယူ အမ်ဘီစီ [၅၀][၅၁][၅၂][၅၃][၅၄][၅၅][၅၆]
၂၀၀၉ 스타일 Style ဟန်ပုံစံ အီစောဂျောင်း အိုဂျုန်းလော့ အက်စ်ဘီအက်စ် [၅၇][၅၈][၅၉][၆၀][၆၁][၆၂][၆၃]
၂၀၁၂ 아테나: 전쟁의 여신 Athena: Goddess of War စစ်နတ်ဘုရားမ အားသိနာ ဟန်းဂျဲဟီး ဂင်မ်ယောင်းဂျွန်း

ဂင်မ်ထဲဟွန်း ဟွှမ်းဂျွန်းဟွန်း

အက်စ်ဘီအက်စ် [၆၄][၆၅][၆၆][၆၇][၆၈]
၂၀၁၁ 나도 꽃 Me Too, Flower! ကျွန်မလည်းပဲ ပန်းတပွင့် ချားဘုန်းစောန်း ဂိုဒုန်းစောန်း အမ်ဘီစီ [၆၉][၇၀][၇၁][၇၂][၇၃]
၂၀၁၃ 세번 결혼하는 여자 Thrice Married Woman အိမ်ထောင်သုံးကြိမ်ကျ အမျိုးသမီး အိုအွန်းဆူး ဆွန်းဂျောင်းဟျွန်း အက်စ်ဘီအက်စ် [၇၄][၇၅][၇၆][၇၇][၇၈][၇၉][၈၀]
၂၀၁၈ 나의 아저씨 My Mister ကျွန်မရဲ့ ဦးလေးကြီး ဂန်ယွန်းဟီး ဂင်မ်ဝန်းဆော့

ဂင်မ်စန်းအူ

tvN [၈၁]

[၈၂] [၈၃] [၈၄] [၈၅] [၈၆] [၈၇]

오늘의 탐정 The Ghost Detective ဒီနေ့ရဲ့ အမှုလိုက် စောန်းနူးဟဲ အီဂျဲဟွန်း ခေဘီအက်စ် ၂ [၈၈]

[၈၉] [၉၀] [၉၁]

၂၀၂၀-၂၀၂၁ 펜트하우스 The Penthouse: War in Life မိုးမျှော်ထပ် ရှင်းမ်ဆူရွန် / နာအယ်ဂယို ဂျူဒုန်းမင်း အက်စ်ဘီအက်စ် [၉၂][၉၃]

[၉၄] [၉၅]

ရုပ်သံလိုင်း ရုပ်ရှင်[ပြင်ဆင်ရန်]

နှစ် ဇာတ်လမ်းတွဲကိုရီးယားအမည် အင်္ဂလိပ်အမည် မြန်မာအမည် အခန်းကဏ္ဍ ဒါရိုက်တာ ရုပ်သံလိုင်း Ref.
၂၀၁၅ 설련화 Lucid dream နှင်းပန်း ဟန်းယွန်းဟီး ဆုန်းဟျွန်းနု အက်စ်ဘီအက်စ် [၉၆]

[၉၇] [၉၈] [၉၉] [၁၀၀] [၁၀၁] [၁၀၂]

ရုပ်ရှင်[ပြင်ဆင်ရန်]

နှစ် ဇာတ်လမ်းတွဲကိုရီးယားမည် အင်္ဂလိပ်အမည် မြန်မာအမည် အခန်းကဏ္ဍ ဒါရိုက်တာ ထုတ်လုပ်ရေး Ref.
၂၀၀၉ 내눈에 콩깍지 The Relation of Face, Mind and Love ကိုယ့်မျက်လုံးမှာ လှလျက်ပါ ဝမ်ဆိုးကျွန်း အီဂျန်းဆူး CJ Entertainment [၁၀၃]

[၁၀၄] [၁၀၅] [၁၀၆][၁၀၇]

၂၀၁၆ 아테나: 더 무비 Athena: The Movie အားသိနာရုပ်ရှင် ဟန်းဂျဲဟီး ဂင်မ်ယောင်းဂျွန်း

ဂင်မ်ထဲဟွန်း ဟွှမ်းဂျောင်းဟျွန်း

Taewon Entertainment [၁၀၈]

[၁၀၉]

၂၀၁၆ 무수단 Musudan မူဆူဒန် ရှင်းယူးဟွှာ ခူးမို Opus Pictures [၁၁၀]

[၁၁၁] [၁၁၂]

၂၀၂၀ 헤엄치는 새 Swimming Bird ကူးခတ်နေသော ငှက် အွန်ချယ် ဂွမ်ဆွန်းဂျွန်း [၁၁၃]

သီချင်း[ပြင်ဆင်ရန်]

Singles[ပြင်ဆင်ရန်]

သီချင်းခေါင်းစဉ် နှစ် အခွေ
အဓိကအဆိုတော်အဖြစ်
"Love Virus" ၂၀၀၈ Non-album single
"Cupcake and Alien" ၂၀၀၉
"Vampire Romance" ၂၀၁၀
တွဲဖက်အဆိုတော်အဖြစ်
"So Much"
(Super Sta featuring Baby Boy's Soul and Lee Ji-ah)
၂၀၀၈ Non-album single

ဆုနှင့် စကာတင်စာရင်း[ပြင်ဆင်ရန်]

Name of the award ceremony, year presented, category, nominee of the award, and the result of the nomination
ဆုပေးပွဲ နှစ် ဆုအမျိုးအစား အဆိုပြုခံရသော ဖန်တီးမှု ရလဒ် Ref.
APAN ကြယ်ပွင့်ဆုများ တတိယမြောက်APAN ကြယ်ပွင့်ဆု ၂၀၁၄ ဇာတ်လမ်းတွဲမှ အမျိုးသမီးသရုပ်ဆောင်၊ ထိပ်တန်းထူးချွန်ဆု အိမ်ထောင်သုံးကြိမ်ကျ အမျိုးသမီး တမ်းပလိတ်:စကာတင်
ဘဲ့ဆန်းအနုပညာဆုများ တေစတ္တာလီသမြောက် ဘဲ့ဆန်းအနုပညာဆုများ ၂၀၀၈ ဘဲ့ဆန်းအနုပညာဆုများ အကောင်းဆုံး မျက်နှာသစ်အမျိုးသမီးသရုပ်ဆောင်ဆု(ရုပ်သံ) ဒဏ္ဍာရီ(ရုပ်သံဇာတ်လမ်းတွဲ) တမ်းပလိတ်:ဆုရ
ကိုရီးယားဇာတ်လမ်းဆုများ သတ္တမမြောက် ကိုရီးယားဇာတ်လမ်းဆုများ ထိပ်တန်းထူးချွန်ဆု အမျိုးသမီးသရုပ်ဆောင် အိမ်ထောင်သုံးကြိမ်ကျ အမျိုးသမီး တမ်းပလိတ်:စကာတင်
ကိုရီးယား ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေး ဆုများ ၂၀၂၁ ဆုကြီး(ဇာတ်လမ်း အမျိုးအစား) မိုးမျှော်ထပ် တမ်းပလိတ်:ဆုရ [၁၁၄]
အမ်ဘီစီဇာတ်လမ်းဆုများ ၂၀၀၇ အမ်ဘီစီဇာတ်လမ်းဆုများ အကောင်းဆုံးသရုပ်ဆောင်သစ်ဆု ဒဏ္ဍာရီ(ရုပ်သံဇာတ်လမ်းတွဲ) တမ်းပလိတ်:ဆုရ
လူကြိုက်များ အမျိုးသမီးသရုပ်ဆောင်ဆု တမ်းပလိတ်:ဆုရ
အကောင်းဆုံးအတွဲဆု ဒဏ္ဍာရီ(ရုပ်သံဇာတ်လမ်းတွဲ)တွင် အီဂျီအာနှင့်(ဘယ်ယောင်ဂျွန်း) တမ်းပလိတ်:ဆုရ
၂၀၀၈ အမ်ဘီစီဇာတ်လမ်းဆုများ အမျိုးသမီးသရုပ်ဆောင်ထူးချွန်ဆု ဘီးဿိုဖှင်န် ဗိုင်းရက်စ် တမ်းပလိတ်:စကာတင်
အက်စ်ဘီအက်စ် ဇာတ်လမ်းဆုများ ၂၀၀၉ အက်စ်ဘီစက်စ် ဇာတ်လမ်းဆုများ အထူးဇာတ်လမ်းတခုအတွက် အမျိုးသမီးသရုပ်ဆောင်ထူးချွန်ဆု ဟန်ပုံစံ တမ်းပလိတ်:စကာတင်
၂၀၁၁ အက်စ်ဘီအက်စ်ဇာတ်လမ်းဆုများ အထူးစီစဉ်သောဇာတ်လမ်းတခုအတွက် အမျိုးသမီးသရုပ်ဆောင်ထူးချွန်ဆု စစ်နတ်ဘုရားမ အားသိနာ တမ်းပလိတ်:စကာတင်
၂၀၁၄ အက်စ်ဘီအက်စ်ဇာတ်လမ်းဆုများ ဇာတ်လမ်းတွဲတခုအတွက် ထိပ်တန်းအမျိုးသမီးသရုပ်ဆောင် ထူးချွန်ဆု အိမ်ထောင်သုံးကြိမ်ကျ အမျိုးသမီး တမ်းပလိတ်:စကာတင်
၂၀၂၀ အက်စ်ဘီအက်စ်ဇာတ်လမ်းဆုများ အလယ်အလတ်ဇာတ်လမ်းမှ အမျိုးသမီးသရုပ်ဆောင်၊ ထိပ်တန်းထူးချွန်ဆု မိုးမျှော်ထပ် တမ်းပလိတ်:ဆုရ [၁၁၅]

[၁၁၆] [၁၁၇] [၁၁၈] [၁၁၉] [၁၂၀] [၁၂၁][၁၂၂]

ဆိုးလ်နိုင်ငံတကာဇာတ်လမ်းဆုများ ၂၀၂၁ ကိုရီးယား အမျိုးသမီးသရုပ်ဆောင်ထူးချွန်ဆု တမ်းပလိတ်:စကာတင် [၁၂၃][၁၂၄]

ပြင်ပအင်တာနက်စာမျက်နှာများ[ပြင်ဆင်ရန်]

အေဂျင်စီဝက်ဘ်ဆိုဒ်ရှိ အီဂျီအာအကြောင်း[လင့်ခ်သေ]

Daum Cafe

Naver Cafe[လင့်ခ်သေ]

စာကိုးစာရင်း[ပြင်ဆင်ရန်]

  1. Drama Haven Editorial (2011)။ Wealthy Family Background of Lee Ji Ah Exposed။ 2021-12-16 တွင် ပြန်စစ်ပြီး။ “One day after Lee Ji Ah debuts as actress, Lee Ji Ah’s father called me, saying, ‘Brother, the Lee Ji Ah who is in activity is my daughter,’ precisely because of this phone I just get to know that she is active as an actress”
  2. Lee Ji Ah's prestigious family background unveiled။ 6Theory Media, LLC (December 16, 2011)။ December 16, 2021 တွင် ပြန်စစ်ပြီး။ “since her lawsuit with Seo Taiji, sharing childhood photos on her official homepage and interacting more through SNS services.”
  3. Thunderstix (Dec 19, 2011)။ Lee Ji Ah’s Hidden Family Background Revealed။ Rakuten Viki။ 2021-12-16 တွင် ပြန်စစ်ပြီး။ “Most of the reports are true but we cannot tell you when Lee Ji Ah’s parents moved to the U.S. or how much fortune she personally owns since those are personal matters,” Key East said.”
  4. Kim၊ Jessica (2011.03.11)။ Jung Woo-sung, E Ji-ah rumored to be dating။ 아시아경제။ “walking the streets of Saint-Honore, near the Champs-Elysees in Paris on the afternoon of March 6.”
  5. esspee (March 11, 2011)။ Are Lee Ji Ah and Jung Woo Sung dating?။ 6Theory Media, LLC.။ Dec 17, 2021 တွင် ပြန်စစ်ပြီး။ “Last week, he was in Paris, but it was for personal reasons”
  6. [Exclusive Jung Woo-sung and Lee Ji-ah Lovers In Paris?... captured street date in France] (Mar 10, 2011)။ Dec 16, 2021 တွင် ပြန်စစ်ပြီး။ “Lee's management said, "There was no ad shoots or photography sessions. She is currently taking a break, going over her next project".”
  7. Co-stars in 'ATHENA' spotted dating in Paris: report။ Singapore Press Holdings Ltd . Co. (Mar 12, 2011)။ Dec 17, 2021 တွင် ပြန်စစ်ပြီး။ “Lee went for a trip to Paris with a couple of people she knows and will be back from Paris in two to three days”
  8. Kwon Mee-yoo (Mar 21,2011)။ Jung admits dating E Ji-ah။ Dec 17, 2021 တွင် ပြန်စစ်ပြီး။ “E and I have things in common and I want people to wait and see our relationship,”
  9. ALONA (December 8, 2012)။ Actor Jung Woo Sung Revealed Lee Ji Ah Was The First Woman He Went On an Overseas Trip With။ Dec 17, 2021 တွင် ပြန်စစ်ပြီး။ “It was my first time going to Paris. It was also my first trip overseas with a woman”
  10. jennywill (December 7, 2012)။ Jung Woo Sung reveals his trip to Paris with Lee Ji Ah was his first overseas with a woman။ 6Theory Media, LLC။ 2021-12-16 တွင် ပြန်စစ်ပြီး။ “We were both okay with people saying that we were dating. It was just that it became a bigger issue than we thought it would."”
  11. Sunwoo၊ Carla (Nov 29, 2012)။ Jung Woo-sung talks about E Jiah relationship။ December 17, 2021 တွင် ပြန်စစ်ပြီး။
  12. [HanCinema's News Kim Go-eun, Lee Ji-ah and Han Ji-min Attend Choo Ja-hyun's Wedding] (31 May 2019)။ 2021-12-26 တွင် ပြန်စစ်ပြီး။
  13. Lee Ji-ah and Han Ji-min also fell in love with her beauty… Marvel at the unrivaled proportions (Oct18, 2020)။ 2021-12-25 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  14. Joo Ja-hyun, who announced the current situation in two months, appeared with two best friends and became angry (photo)။ 25 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-17 တွင် ပြန်စစ်ပြီး။
  15. Lee Ji Ah Thanks Friends Han Ji Min, Han Hyo Joo, And Chu Ja Hyun For Their Support On “The Penthouse” Set။ 2021-12-17 တွင် ပြန်စစ်ပြီး။
  16. Lee Ji Ah Thanks Friends Han Ji Min, Han Hyo Joo, And Chu Ja Hyun For Their Support On “The Penthouse” Set (Nov 30, 2020)။ 2021-12-26 တွင် ပြန်စစ်ပြီး။
  17. It’s a picture I saw a lot… ‘Penthouse’ Summons Kim Go-eun to Shim Su-ryun’s funeral, why? (Jan 6, 2021)။ 25 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-26 တွင် ပြန်စစ်ပြီး။
  18. Actress Kim Go Eun Actually Played A Big Role In “Penthouse” Through Actress Lee Ji Ah (Jan 6, 2021)။ 2021-12-26 တွင် ပြန်စစ်ပြီး။
  19. ‘The Sea I Desire’: Lee Ji Ah Says There Will Be a Wonderful Collaboration (Jan 6, 2021)။ 2021-12-26 တွင် ပြန်စစ်ပြီး။
  20. Lee Ji Ah Unexpectedly Tells Kim Hee Chul a Spoiler for ‘The Penthouse’ (Jan 6, 2021)။ 2021-12-25 တွင် ပြန်စစ်ပြီး။
  21. Kim Hee-cheol said that Lee Ji-ah got spoiled for the next story of Penthouse။ 23 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-25 တွင် ပြန်စစ်ပြီး။
  22. Super Junior’s Heechul Was Casually Texting “Penthouse” Lee Ji Ah Only To Get Unwanted Spoilers For Next Episode (Jan 6, 2021)။ 2021-12-25 တွင် ပြန်စစ်ပြီး။
  23. How Lee Ji Ah took away Super Junior Heechul's happiness by giving spoilers of The Penthouse episode (Jan 6, 2021)။ 2021-12-25 တွင် ပြန်စစ်ပြီး။
  24. Kim Heechul Reacts To Lee Ji Ah Sending Him Major Spoiler For “The Penthouse” Before He’s Caught Up။ 2021-12-25 တွင် ပြန်စစ်ပြီး။
  25. Kim Heechul Reacts To Lee Ji Ah Sending Him Major Spoiler For “The Penthouse” Before He’s Caught Up။ N opera News (Jan 6, 2021)။ 25 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-25 တွင် ပြန်စစ်ပြီး။
  26. Kim Heechul Reacts To Lee Ji Ah Sending Him Major Spoiler For “The Penthouse” Before He’s Caught Up (jan 6, 2021)။ 2021-12-26 တွင် ပြန်စစ်ပြီး။
  27. Super Junior's Heechul responds to Lee Ji Ah after she spoils 'The Penthouse' for him။ 6Theory Media, LLC. (Jan 6, 2021)။ 2021-12-25 တွင် ပြန်စစ်ပြီး။
  28. Bark၊ J (2011-05-04)။ Key East Names New CEO, Because of Lee Ji Ah?။ Rakuten Viki။ 2021-12-16 တွင် ပြန်စစ်ပြီး။ “He will be replacing Yang Geun Hwan. Key East will change its structure to have two CEOs Shin Pil Sun and Bae Sung Woong.The new CEO Bae Sung Woong had overseen Key East’s Japanese company Digital Adventure (DA). Key East’s official reasoning for the replacement is that they wanted to increase the synergy between DATV and Key East.”
  29. Sunwoo၊ Carla။ "Actress E Jiah parts ways with her agency"၊ January 12, 2012။ 
  30. You must specify title = and url = when using {{cite web}}.hazelnutthursdays (Mar 14, 2012)။ ။ Rakuten Viki။ 2021-12-16 တွင် ပြန်စစ်ပြီး။ “signed with Soribada’s Will Entertainment. Her contract with Key East has expired at the end of 2011 and she had been on the market for a new agency earlier in the year.”
  31. alim17 (April 5, 2014)။ Lee Ji Ah signs on with HB Entertainment။ 6Theory Media, LLC။ 2021-12-16 တွင် ပြန်စစ်ပြီး။ “Actress Lee Ji Ah has made her final decision and signed on with HB Entertainment as her new agency”
  32. Lim ju-hui (April 5, 2014)။ Lee Ji Ah signing a new contract with HB Entertainment။ Star N News။ 2021-12-16 တွင် ပြန်စစ်ပြီး။ “On April 4th, a representative of HB Entertainment said, "We decided to sign a management contract with Lee Ji Ah”
  33. Jeong Byung-ki။ "Actress Lee Ji-ah joins BH Entertainment"၊ May 13, 2016။ 
  34. Lee Ji Ah Joins BH Entertainment။ BNT News.co.uk (13 May 2016)။ 16 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-16 တွင် ပြန်စစ်ပြီး။ “she is able to speak various languages, so we will try our best for her to spread her wings to in and out of Korea”
  35. Susan-Han (May 13, 2016)။ Actress Lee Ji Ah joins Lee Byung Hun, Go Soo, Han Hyo Joo, and more at BH Entertainment။ 6Theory Media, LLC။ 2021-12-16 တွင် ပြန်စစ်ပြီး။ “she possesses language abilities that allow her to utilize our global network to promote both in Korea and overseas."”
  36. Cathy Rose A. Garcia (2007-05-08)။ Newcomer Lee Ji-ah to Play Bae Yong-joon’s Love Interest။ 2021-12-16 တွင် ပြန်စစ်ပြီး။ “Lee has been described as having the beauty and charm of top actresses Shim Eun-ha and Go Hyun-jung. The 26-year-old actress is majoring in graphic art design”
  37. Lee Ji-ah, "'The Legend' is a turning point in my life" (Dec 11, 2007)။ 2021-12-16 တွင် ပြန်စစ်ပြီး။ “I was speaking to another actor and should have avoided the horse when it came towards me, but I couldn't. My left shin that was hit was swollen. I could have been hurt greatly".”
  38. Lee Ji Ah's "Cupcake and Alien" Released!။ 6Theory Media, LLC. (Aug 14, 2009)။ 2021-12-16 တွင် ပြန်စစ်ပြီး။
  39. yw740030 (Jan 23, 2013)။ Actress Lee Ji Ah Is Currently Auditioning in Hollywood for U.S. Debut။ Rakuten Viki။ 2021-12-16 တွင် ပြန်စစ်ပြီး။
  40. Jones၊ Julie (Jul 11, 2014)။ Lee Ji Ah's New Career As A Hollywood Screenwriter။ 2021-12-16 တွင် ပြန်စစ်ပြီး။ “Lee Ji Ah signed a three-film contract with Maybach Productions”
  41. Actress Lee Ji-ah Debuts as Screenwriter in U.S. and More။ Yonhap News, South Korea's news hub, (15:21 July 15, 2014)။ 2021-12-16 တွင် ပြန်စစ်ပြီး။ “The film will be produced by Perspective Pictures, an indie film production company affiliated with Maybach”
  42. alim17 (July 11, 2014)။ Actress Lee Ji Ah prepares to debut in Hollywood as a screenwriter။ 6Theory Media, LLC.။ 2021-12-16 တွင် ပြန်စစ်ပြီး။ “On July 11, her agency, HB Entertainment, revealed their statement:�"Last year, Lee Ji Ah signed a contract to write scenarios for three productions with Hollywood production company, Maybach Film Productions”
  43. Lee Ji-ah to debut as a screenwriter in U.S. (July 12, 2014)။ 2021-12-16 တွင် ပြန်စစ်ပြီး။ “On July 11, her agency HB Entertainment stated, "Lee Ji-ah signed a contract with Film Productions. The crank-in for the film will take place next year."”
  44. Chung Joo-won (Oct 22, 2014)။ Screenwriter-actor E Ji-ah on shopping spree။ Herald Corporation။ 2021-12-16 တွင် ပြန်စစ်ပြီး။ “The photo was taken and released by Kim Sae-rom, the actress’s colleague of Maybach Film Productions”
  45. The Legend (2007) (Jan 4, 2013)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  46. The Story of the First King's Four Gods။ 2021-12-17 တွင် ပြန်စစ်ပြီး။
  47. The Legend (2007)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  48. The Legend (2007)။ 17 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-17 တွင် ပြန်စစ်ပြီး။
  49. The Legend (2007)။ 17 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-17 တွင် ပြန်စစ်ပြီး။
  50. Beethoven Virus။ 2021-12-17 တွင် ပြန်စစ်ပြီး။
  51. Beethoven Virus (2008) (Jul 7, 2013)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  52. Beethoven Virus (2008)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  53. Beethoven Virus။ 2021-12-17 တွင် ပြန်စစ်ပြီး။
  54. Beethoven Virus။ Immediate Media Company Ltd.။ 2021-12-17 တွင် ပြန်စစ်ပြီး။
  55. Beethoven Virus။ 2021-12-17 တွင် ပြန်စစ်ပြီး။
  56. Beethoven Virus (Sep 10, 2008 )။ 17 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-17 တွင် ပြန်စစ်ပြီး။
  57. Style - Korean Drama။ 2021-12-17 တွင် ပြန်စစ်ပြီး။
  58. Style (2009) (Apr 15, 2021)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  59. Style (2009)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  60. Style။ 17 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-17 တွင် ပြန်စစ်ပြီး။
  61. Style။ 2021-12-17 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  62. cjoey။ Style။ 2021-12-17 တွင် ပြန်စစ်ပြီး။
  63. Style (TV Series) (2009)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  64. Athena: Goddess of War။ 2021-12-17 တွင် ပြန်စစ်ပြီး။
  65. Athena: Goddess of War။ 2021-12-17 တွင် ပြန်စစ်ပြီး။
  66. Athena: Goddess of War။ 17 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-17 တွင် ပြန်စစ်ပြီး။
  67. Series / Athena: Goddess of War။ 2021-12-17 တွင် ပြန်စစ်ပြီး။
  68. Athena Goddess of War။ 2021-12-17 တွင် ပြန်စစ်ပြီး။
  69. Me Too, Flower!။ 2021-12-17 တွင် ပြန်စစ်ပြီး။
  70. Me too, Flower! (2011)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  71. Me Too, Flower!။ 17 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-17 တွင် ပြန်စစ်ပြီး။
  72. Flower, I Am!။ 17 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-17 တွင် ပြန်စစ်ပြီး။
  73. Me Too Flower!။ 2021-12-17 တွင် ပြန်စစ်ပြီး။
  74. The Woman Who Married Three Times။ 2021-12-17 တွင် ပြန်စစ်ပြီး။
  75. The Woman Who Married Three Times (2013) (Jun 3, 2014)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  76. The Woman who marriedthree times။ 17 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-17 တွင် ပြန်စစ်ပြီး။
  77. The Woman Who Married Three Times။ 2021-12-17 တွင် ပြန်စစ်ပြီး။
  78. The Woman Who Married Three Times။ 17 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-17 တွင် ပြန်စစ်ပြီး။
  79. The Woman Who Married Three Times (2013)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  80. The Woman Who Married Three Times (Sep 10, 2008 )။ 17 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-17 တွင် ပြန်စစ်ပြီး။
  81. My Mister။ 2021-12-17 တွင် ပြန်စစ်ပြီး။
  82. My Mister (2018)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  83. My Mister။ 2021-12-17 တွင် ပြန်စစ်ပြီး။
  84. My Mister။ 17 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-17 တွင် ပြန်စစ်ပြီး။
  85. My Mister။ 2021-12-17 တွင် ပြန်စစ်ပြီး။
  86. My Mister။ 2021-12-17 တွင် ပြန်စစ်ပြီး။
  87. My Mister(2018)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  88. The Ghost Detective။ 2021-12-17 တွင် ပြန်စစ်ပြီး။
  89. The Ghost Detective(2018)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  90. The Ghost Detective။ 2021-12-17 တွင် ပြန်စစ်ပြီး။
  91. The Ghost Detective။ 17 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-17 တွင် ပြန်စစ်ပြီး။
  92. The Penthouse: War in Life။ 2021-12-17 တွင် ပြန်စစ်ပြီး။
  93. The Penthouse။ 2021-12-17 တွင် ပြန်စစ်ပြီး။
  94. The Penthouse: War in Life။ 2021-12-17 တွင် ပြန်စစ်ပြီး။
  95. Series / The Penthouse: War in Life။ 2021-12-17 တွင် ပြန်စစ်ပြီး။
  96. Lucid Dream (Drama Special)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  97. Snow Lotus (2015)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  98. Snow Lotus။ 17 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-17 တွင် ပြန်စစ်ပြီး။
  99. Snow Lotus (2015)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  100. Snow Lotus။ 2021-12-17 တွင် ပြန်စစ်ပြီး။
  101. Snow Lotus (2015)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  102. Snow Lotus (2015)။ 17 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-17 တွင် ပြန်စစ်ပြီး။
  103. The Relation of Face, Mind and Love (2009)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  104. The Relation of Face, Mind and Love။ 2021-12-17 တွင် ပြန်စစ်ပြီး။
  105. The Relation of Face, Mind and Love (2009)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  106. The Relation of Face, Mind and Love။ 2021-12-17 တွင် ပြန်စစ်ပြီး။
  107. [BOXOFFICE The Relation of Face, Mind and Love (Korea)] (Mar 30, 2021)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  108. Athena:Goddess of war(2011)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  109. Athena : The Movie (2011)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  110. Musudan။ 2021-12-17 တွင် ပြန်စစ်ပြီး။
  111. Musudan(2015)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  112. Musudan။ 2021-12-17 တွင် ပြန်စစ်ပြီး။
  113. Swimming bird။ 2021-12-26 တွင် ပြန်စစ်ပြီး။
  114. "이지아, 대한민국 문화연예대상 대상..우아함 넘치는 미모" (in ko)၊ Herald POP၊ December 15, 2021။ 
  115. 2020 SBS Drama Awards။ 2021-12-17 တွင် ပြန်စစ်ပြီး။
  116. Winners of 2020 SBS drama awards (Dec 31, 2020)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  117. Winners of 2020 SBS Drama Awards (January 3, 2021)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  118. 2020 SBS Drama Awards။ 17 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-17 တွင် ပြန်စစ်ပြီး။
  119. SBS Drama Awards 2020 Winners: Lee Min Ho bags Top Excellence & Kim Go Eun applauds; See complete list here (January 2, 2021)။ 17 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-12-17 တွင် ပြန်စစ်ပြီး။
  120. AKP staff (December 31, 2020)။ The List of winners at 2020 drama awards။ 2021-12-17 တွင် ပြန်စစ်ပြီး။
  121. 2020 SBS Drama Awards (January 1, 2021)။ 2021-12-17 တွင် ပြန်စစ်ပြီး။
  122. Kim၊ Jong-eun။ "'남궁민 대상→'펜트하우스' 9관왕, SBS 빛낸 두 작품 [종합]" (in ko)၊ TV Daily၊ January 1, 2021။ 16 December 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 1 January 2021။ 
  123. Lee Han-lim (August 20, 2021)။ '서울드라마어워즈 2021', 한류드라마상 온라인 투표 진행 (in ko)။ The Fact။ August 20, 2021 တွင် ပြန်စစ်ပြီး။
  124. (Actress) Outstanding Korean Drama Global Vote။ 20 August 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 20, 2021 တွင် ပြန်စစ်ပြီး။