လိင်စိတ် နိုးထခြင်း

ဝီကီပီးဒီးယား မှ

လိင်စိတ် နိုးထခြင်း (sexual arousal) သည် လိင်ဆက်ဆံရန် အသင့်ရှိသော အခြေအနေကို ခေါ်ဆိုခြင်းဖြစ်ပြီး လိင်ဆက်ဆံရန် လိုလားလျက် ရှိသည်။

လူ၏ လိင်စိတ် နိုးထခြင်း[ပြင်ဆင်ရန်]

လူတို့ လိင်စိတ် နိုးထသောအခါ ယောက်ျား လိင်တံတွင် သွေးများ ပိုမိုဝင်ရောက်လာပြီး လိင်တံတင်းမာခြင်း ဖြစ်လာသည်။ ၎င်းသည် ယောက်ျားတို့တွင် အမြင်သာဆုံးနှင့် အယုံကြည်ရဆုံး လက္ခဏာ ဖြစ်သည်။ မိန်းမတို့တွင် ယောနိတွင် ဖြစ်ပေါ်လာနိုင်သော လိင်ဆက်ဆံခြင်း အတွက် အရေကြည်များ အလိုလို စွက်ပေးသည်။ အခြား သတ္တဝါများနှင့်မတူ လူသည် တစ်နှစ်ပါတ်လုံး လိင်စိတ် နိုးထခြင်း ဖြစ်ပေါ်နိုင်သောကြောင့် လူတွင် မိတ်လိုက်ရာသီ မရှိချေ။ လိင်ပညာရှင် David Schnarch က ရိုးသားသော လူနှစ်ဦး လိင်အပြုအမူကို ကြည့်ယုံဖြင့်ပင် ထိုသူများ လိင်စိတ် ပြင်းထန်စွာဖြစ်ပေါ်မှုကြောင့် လိင်စိတ် နိုးထခြင်းဖြစ်နိုင်သည်ဟုဆိုသည်။ သာမန် အခြောက်မဟုတ်သော ယောက်ျားတို့သည် မိန်းမ၏ ကိုယ်လုံးတီး သို့မဟုတ် တဝက်ကို မြင်သည်ပင်လျှင်ပင် လိင်စိတ် နိုးထခြင်း ဖြစ်နိုင်သည်။ သင့်တင့်လျောက်ပတ်သော လှုံဆော်မှုကိုပေးပါက လိင်စိတ် နိုးထခြင်းမှတဆင့် လိင်အထွတ်အထိတ် အထိ ဖြစ်နိုင်သည်။

လိင်စိတ် နိုးထစဉ် ရုပ်ပိုင်းဆိုင်ရာပြောင်းလည်းခြင်းတို့မှာ-

မိန်းမတို့တွင် ယောက်ျားတို့တွင်
  • သွေးများဖြင့် ယောက်ျား လိင်တံ တောင့်လာသည်
  • ယောက်ျား လိင်တံရှိ သွေးကြောများ ထင်ရှားစွာ ပေါ်လာသည်
  • ရှေ့အရေပြား ကြုံ၍ တိုကာ ငုတ်နေသော ကွမ်းသီးခေါင်း ပေါ်လာသည်
  • အရေကြည်ထွက်လာသည်
  • ဝှေးစေ့တင်းလာသည်
  • ဝှေးစေ့ အပေါ်ကပ်လာသည်
  • Scrotum အရေပြား ထူအမ်းလာသည်

ကိုးကား[ပြင်ဆင်ရန်]

  1. Human Sexuality - MSN Encarta။ 6 December 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 August 2009 တွင် ပြန်စစ်ပြီး။