လာမီး ယာမယ်လ်
|
Yamal playing for Spain in 2025 | |||||||||||||||||||||
| ကိုယ်ရေးအချက်အလက်များ | |||||||||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| မွေးသက္ကရာဇ် | ၁၃ ဇူလိုင်၊ ၂၀၀၇ | ||||||||||||||||||||
| မွေးရပ်ဇာတိ | Esplugues de Llobregat, Spain | ||||||||||||||||||||
| အရပ်အမြင့် | ၁.၇၉ m (၅ ft ၁၀ in)[၁] | ||||||||||||||||||||
| ကစားသည့်နေရာ | Right winger/right midfielder | ||||||||||||||||||||
| ကလပ်နှင့်သက်ဆိုင်သောအချက်အလက်များ | |||||||||||||||||||||
လက်ရှိအသင်း | Barcelona | ||||||||||||||||||||
| အင်္ကျီနံပါတ် | 10 | ||||||||||||||||||||
| လူငယ်ဘဝကလပ်များ | |||||||||||||||||||||
| 2012–2014 | La Torreta | ||||||||||||||||||||
| 2014–2023 | Barcelona | ||||||||||||||||||||
| အကြီးတန်း ကစားသမား* | |||||||||||||||||||||
| ခုနှစ် | အသင်း | ကစားပွဲ† | (သွင်းဂိုး)† | ||||||||||||||||||
| 2023 | Barcelona B | 1 | (0) | ||||||||||||||||||
| 2023– | Barcelona | 101 | (30) | ||||||||||||||||||
| နိုင်ငံကိုယ်စားပြုအသင်း‡ | |||||||||||||||||||||
| 2021 | Spain U15 | 6 | (3) | ||||||||||||||||||
| 2022 | Spain U16 | 4 | (1) | ||||||||||||||||||
| 2022–2023 | Spain U17 | 10 | (8) | ||||||||||||||||||
| 2022 | Spain U19 | 1 | (0) | ||||||||||||||||||
| 2023– | Spain | 25 | (6) | ||||||||||||||||||
Honours
| |||||||||||||||||||||
| |||||||||||||||||||||
* ဂိုးအရေအတွက်ကို ကလပ်အသင်းကြီး ကစားခြင်းနှင့်
ပြည်တွင်းလိဂ်အတွက်သာ ရေတွက်ပြီး 23:11, 22 April 2026 (UTC)အထိ ဖြစ်သည်။
† ကစားသည့် ပွဲအရေအတွက် (သွင်းဂိုး)
‡ 23:59, 31 March 2026 (UTC) အထိ နိုင်ငံကိုယ်စားပြုပွဲနှင့် သွင်းဂိုးများ
- ↑ Lamine Yamal။ FC Barcelona။ 12 January 2026 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 October 2024 တွင် ပြန်စစ်ပြီး။
လာမီး ယာမယ်လ် [note ၁] (၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် မွေးဖွား) သည် စပိန်ပရော်ဖက်ရှင်နယ် ဘောလုံးသမား တစ်ဦးဖြစ်ပြီး တမ်းပလိတ်:Spanish football updater ဘာစီလိုနာ နှင့် စပိန်လက်ရွေးစင်အသင်း၏ ညာတောင်ပံကစားသမား သို့မဟုတ် ညာကွင်းလယ်ကစားသမား အဖြစ် ကစားသည်။ သူ့ရဲ့ ပါရမီ၊ အခွင့်အရေးဖန်တီးမှုနဲ့ အဝေးကနေ ဂိုးသွင်းနိုင်စွမ်းတွေကြောင့် လူသိများတဲ့ သူ့ကို ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ကြပါတယ်။ [၁] [၂] [၃] [၄] [၅]
သူသည် ၂၀၂၃-၂၄ ရာသီတွင် ဘာစီလိုနာ ပထမအသင်းတွင် ပါဝင်ခြင်းမပြုမီ လူငယ်အကယ်ဒမီ La Masia မှ ကစားသမားတဦးဖြစ်ခဲ့သည်။ သူသည် Ballon d'Or ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သည့် အသက်အငယ်ဆုံးကစားသမား (အသက် ၁၇ နှစ်တွင်) ဖြစ်လာခဲ့ပြီး ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များတွင် ကမ္ဘာ့အကောင်းဆုံးလူငယ်ကစားသမားအား ပေးအပ်သည့် Kopa Trophy ကိုလည်း ရရှိခဲ့သည်။ နောက်ရာသီတွင် လာမီးသည် ဘာစီလိုနာအတွက် လာလီဂါချန်ပီယံဆု၊ ကိုပါဒယ်ရေးဖလား နဲ့ စပိန်စူပါဖလားများ အပါအဝင် ပြည်တွင်းဖလားသုံးလုံး ရရှိအောင် အရေးပါသည့် ကစားသမားအဖြစ် ပါဝင်ခဲ့သည်။ အသက် ၁၈ နှစ်အရွယ်တွင် ယာမယ်လ်သည် ၂၀၂၅ Ballon d'Or ဆုအတွက် ဒုတိယနေရာရခဲ့သည်။
ယာမယ်လ်သည် လူငယ်အဆင့် အမျိုးမျိုးတွင် စပိန်နိုင်ငံကို နိုင်ငံတကာတွင် ကိုယ်စားပြုခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် အကြီးတန်းအသင်းအတွက် ပွဲဦးထွက်ကစားခဲ့ပြီး အသက် ၁၆ နှစ်တွင် နိုင်ငံကိုယ်စားပြုပြီး ဂိုးသွင်းသည့် အငယ်ဆုံးကစားသမားဖြစ်လာခဲ့သည်။ လာမီးယာမယ်သည် UEFA ယူရို ၂၀၂၄ တွင် လက်ရွေးစင်အသင်းအတွက် ရွေးခြယ်ခံရခဲ့ရပြီး စပိန်အသင်းကို စတုတ္ထအကြိမ်အဖြစ် ချန်ပီယံဆုဖလားဆွတ်ခူးခဲ့ပြီး အရေးပါသော အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါသည်။ ပြိုင်ပွဲ၏ အကောင်းဆုံး လူငယ်ကစားသမားဆုကိုလည်း ရရှိခဲ့သေးသည်။ သူသည် သူ၏ နိုင်ငံတကာ ကစားသမားဘဝတွင် မှတ်တမ်းများစွာကို ရရှိထားသည်။ UEFA ဥရောပချန်ပီယံရှစ် ဗိုလ်လုပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်သည့် အသက်အငယ်ဆုံး ကစားသမား (အသက် ၁၇ နှစ်တွင်)၊ ဥရောပချန်ပီယံရှစ်တွင် အသက်အငယ်ဆုံး ကစားသမား (အသက် ၁၆ နှစ်တွင်) နှင့် ဥရောပချန်ပီယံရှစ်တွင် အသက်အငယ်ဆုံး ဂိုးသွင်းသူ (အသက် ၁၆ နှစ်တွင်) တို့ ပါဝင်သည်။ [၆]
- ↑ es; ca.
<ref> tags exist for a group named "note", but no corresponding <references group="note"/> tag was found
- ↑ Kay၊ Oliver။ "Is Lamine Yamal already the best footballer in Europe? And if not, who is?" (in en-US)၊ The New York Times၊ 2025-05-02။
- ↑ Palmer: Yamal is world's best, I love watching him (in en) (2025-05-15)။ 2025-05-17 တွင် ပြန်စစ်ပြီး။
- ↑ Ukpai၊ Kingsley (2025-05-15)။ Pedri, Raphinha and Flick crown Lamine Yamal best player in the world။ 2025-05-17 တွင် ပြန်စစ်ပြီး။
- ↑ Flynn၊ Henry။ Lamine Yamal Might Be The World's Best—Good Job He's Not Too Fussed (in en)။ 2025-05-18 တွင် ပြန်စစ်ပြီး။
- ↑ Lamine Yamal's Powerful Response to The Ballon d'Or (6 June 2025)။ 6 June 2025 တွင် ပြန်စစ်ပြီး။
- ↑ Batlle၊ Nick (2026-04-19)။ Barcelona must do more to maximize the potential of Lamine Yamal (in en-US)။ 2026-04-19 တွင် ပြန်စစ်ပြီး။