လာဘ၊ ဦး(လူသားစား)

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

၁၉၇၆ -ခုနှစ်တွင် ရန်ကုန်မြို့၌ နာမည်ကျော် ဦးလာဘဆိုသည် တကယ်ရှိခဲ့ပါသည်။ သင်္ကန်းဝတ်ထားပေမယ့် ဘုန်းကြီးဟု ပြောဖို့ ကတော့ ခက်ပါသည်။ သူ့၏ကျောင်းက အခု တောင်ဥက္ကလာပမြို့နယ် ပါရမီလမ်းမဘေးက ၂ဝိုင်း တို့ ၃ဝိုင်း တို့ဆိုပြီး အခုခေါ်နေကြတဲ့ ဘုန်းကြီးကျောင်းတွေ အများကြီးရှိတဲ့နေရာ။ အဲဒီကာလတုန်းကတော့ အခုလိုလူနေအိမ်ခြေမစိတ်သေးပဲ မြို့အစွန်အဖျားလို ဖြစ်နေခဲ့သည်။ ဘုန်းကြီးကျောင်းငယ်လေးတွေကတော့ ဟိုတစ်ကျောင်းဒီတစ်ကျောင်းရှိနေခဲ့ပါတယ်။ အဲဒီထဲမှာ ဦးလာဘ၏ ကျောင်းလဲတစ်ကျောင်းအပါအဝင်ပေါ့။ ဦးလာဘရဲ့ကျောင်းမှာ သူ့ရဲ့မိန်းမဖြစ်သူနဲ့ သားဖြစ်သူတို့ပါ အတူနေတယ်လို့ပြောပါတယ်။သားဖြစ်သူက ဦးလာဘအတွက် ဒိုင်ခံလူသတ် ပေးပြီး မိန်းမဖြစ်သူက ဦးလာဘအတွက် ပြင်ဆင်ချက်ပြုတ်ပေးကြပါတယ်။ ဦးလာဘရဲ့ လူသားစားဇာတ်လမ်းကြီးပေါ်ပေါက်လာရတာကတော့ တနေ့ထက်တနေ့ အဲဒီပတ် ဝန်းကျင်မှာ လူပျောက်မှုတွေများများလာတယ်။ စုံစမ်းလိုက်တဲ့ အခါမှာလဲ အများစုက အဲဒီဘုန်း ကြီးကျောင်းတွေနားတဝိုက်မှာ နောက်ဆုံးမြင်လိုက်တွေ့လိုက်ရတာမျိုးတွေပဲ ဖြစ်ဖြစ်နေတယ်။ သဲလွန်စလဲရှာမရသတင်းအစအနလဲ မရဖြစ်နေပေမယ့် ဒီနားကဘုန်းကြီးကျောင်းတွေနဲ့ ပတ် သတ်မှုတခုခု ရှိမယ်ဆိုပြီး အဲဒီနားတဝိုက်ကို အမြဲတမ်းစောင့်ကြည့်နေခဲ့ပါတယ်။ ဒီလိုနဲ့ အမှုပေါ်မယ့်နေ့မှာ လူငယ်တယောက်ဟာ ဦးလာဘကြီးရဲ့ကျောင်းကို ညနေစောင်းအချိန် လောက်မှာရောက်လာခဲ့ ပါတယ်။သူပြန်မယ့် အချိန်ကျတော့ ဦးလာဘရဲ့ကျောင်းထဲက အထွက် မှာ ဦးလာဘရဲ့သားဖြစ်သူက အနောက်ကနေဓါးနဲ့ခုတ်ပါတယ်။ ကံကောင်းစွာနဲ့ လူငယ်ကို ချက် ကောင်းမခုတ်မိတာကြောင့် အဲဒီလူငယ်ဟာ သွေးသံတရဲရဲနဲ့ ဘုန်းကြီးကျောင်းဝန်းထဲကနေ ပြေး ထွက်ခဲ့ပါတယ်။ အဲဒီမှာပဲ အဆင်သင့်စောင့်ကြည့်နေတဲ့ သက်ဆိုင်ရာတွေရော ပတ်ဝန်းကျင်ကပါ ရောက်လာပြီး အကျိုးအကြောင်းမေးတဲ့အခါမှာ ဘာရန်စမှမရှိပဲ ဦးလာဘရဲ့ သားဖြစ်သူကဓါးနဲ့ ခုတ်တဲ့ အကြောင်းသိရတာမို့ ဦးလာဘရဲ့ကျောင်းဆီကို ဝင်ရောက်မေးမြန်းစစ်ဆေးကြပါတယ်။ ကျောင်းထဲကို ဝင်စစ်ကြတဲ့ အခါမှာတော့ ရာဝင်အိုးကြီးတွေထဲမှာခုတ်ဖြတ်ဆားစိမ်ထားတဲ့ လူ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တွေ့ရှိကာ ဦးလာဘရဲ့ ကြောင်မက်ဖွယ်ရာဇာတ်လမ်းကြီးကို ဖေါ် ထုတ်ဇာတ်သိမ်းလိုက်နိုင်ပါတော့တယ်။

ရက်သတ္တပတ်များစွာ စစ်ဆေးပြီးတဲ့နောက်မှာ ဦးလာဘကြီးကိုသေဒဏ်စီရင်ချက်ချမှတ်ခဲ့တယ် လို့ ပြောပါတယ်။ စစ်ဆေးတဲ့အခါမှာတော့ ဦးလာဘကြီးဟာ လူသားစားပြီးကျင့်ကြံရတဲ့ ကျင့်စဉ် တခုကို ကျင့်နေတဲ့အကြောင်း နောက်ထပ်လူသားအနည်းငယ်စားပြီးတဲ့ အခါမှာသူ့ရဲ့ကျင့်စဉ်ဟာ ပြီးမြောက်တော့မှာဖြစ်တဲ့အကြောင်း လူသားစားတဲ့အခါမှာလည်း နေ့သင့်နံသင့်သားတွေကို ရက် အလိုက်စားရတာဖြစ်ကြောင်း အခင်းဖြစ်တဲ့ရက်က နေ့သင့်နံသင့် လူသားစားရန်လက်ကျန်မရှိ တော့တဲ့ အချိန်မှာ ကျောင်းကိုလာနေကြ လူငယ်ဟာ နေ့နံသင့်နေတာမို့ သတ်ရန်အကြံအစည်မ ရှိပဲ သတ်ခိုင်းခဲ့တာဖြစ်ကြောင်းတွေကို ဖြောင့်ချက်ပေးသည်ဟု သိရပါသည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာကျူးပစ် [၁]