လာဆာ တိဗက်ဘာသာစကား
လာဆာတိဗက်ဘာသာစကား [မှတ်စု ၁] [မှတ်စု ၂] သို့မဟုတ် စံပြုတိဗက်ဘာသာစကား [မှတ်စု ၃] သည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၏မြို့တော် Lhasa မှလူများပြောဆိုသော စံသတ်မှတ်ထားသော ဒေသိ ယ စကားဖြစ်သည်။ [၁] ၎င်းသည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ တရားဝင်ဘာသာစကားဖြစ်သည်။ [၂]
တိဗက်ဘာသာစကား များ၏ ရိုးရာ "ကိုင်းသုံးကိုင်း" အမျိုးအစား ခွဲခြားမှုတွင် လာဆာ ဒေသိယစကားသည် ဗဟိုတိဗက် ကိုင်းခွဲ တွင်ပါဝင်သည် (ကျန်နှစ်ခုမှာ Khams Tibetan နှင့် Amdo Tibetan )။ [၃] အပြန်အလှန် နားလည်နိုင်စွမ်း နှင့် ပတ်သက်၍ ခမ် ဒေသိယစကား (Khams Tibetan) ပြောဆိုသူများသည် လာဆာတိဗက်စကား ပြောဆိုသူများနှင့် အခြေခံအဆင့်လောက် ဆက်သွယ်နိုင်သော်လည်း အမ်ဒို(Amdo) ဒေသိယစကား ပြောဆိုသူများအနေဖြင့် လာဆာ ပြောဆိုသူများဖြင့် အပြန်အလှန် နားလည်ဆက်သွယ်ပြောဆိုနိုင်ခြင်း မရှိပါ ။ [၃] Lhasa Tibetan နှင့် Khams Tibetan နှစ်မျိုးလုံးသည် နိမ့်မြင့်သံသုံး Tonal ဘာသာစကား အဖြစ်သို့ ပြောင်းလဲလာပြီး စကားလုံးကနဦး ဗျည်းအစုအဝေးများကို ထိန်းသိမ်းမထားပါ။အထူးသဖြင့် ရှေးရိုးစွဲဖြစ်သော Amdo Tibetan နှင့် နှိုင်းယှဉ်သောပါက ၎င်းတို့သည် ရှေးဟောင်းတိဗက်စကားဖြင့် ပို၍ ဝေးကွာပါသည်။ [၄]
အထားအသိုနှင့် စကားလုံးအစီအစဉ်
[ပြင်ဆင်ရန်]တိဗက်ဘာသာစကားသည် Subject-object-verb (SOV) စကားလုံးအစီအစဉ် အဖြစ် လျော့ရဲစွာ ခေါ်ဆို နိုင်သော ergative language ဖြစ်သည်။ သဒ္ဒါဆိုင်ရာ ပါဝင်ပစ္စည်းများသည် ကျယ်ပြန့်သော Head-final စကားလုံးအစီအစဉ်ရှိသည်-
- တိဗက်ဘသာစကားတွင် နာမ်နှင့် နာမဝိသေသန နှစ်ခုကို Genitive particle ဖြင့် ချိတ်ဆက်မထားပါက နာမဝိသေသနများသည် ယေဘူယျအားဖြင့် နာမ်များနောက်သို့ လိုက်ကြသည်၊ ၊
- copular clauses များတွင် adjectives ကဲ့သို့ပင် ကတ္တားနှင့် ကြိယာဝိသေသနများသည် ကြိယာရှေ့တွင်ရှိသည်။
- genitive case ဖြင့် အမှတ်အသားပြုထားသော နာမ်သည် ၎င်းကို အထူးပြုသည့် နာမ်၏ ရှေ့တွင်ရှိသည်။
- သရုပ်ပြခြင်း နှင့် ဂဏန်းများသည် ၎င်းတို့ပြင်ဆင်ထားသော နာမ်၏နောက်တွင် လိုက်နေပါသည်။
နာမ်နှင့်နာမ်
[ပြင်ဆင်ရန်]တိဗက်နာမ်များသည် သဒ္ဒါနည်းအရ လိင်ကွဲပြားမှု မရှိသလို ဂဏန်း အတွက် အရလည်း ပြောင်းလဲမှုမရှိပါ။ သို့သော်၊ တိကျသောလူ့နာမ်များတွင် အများကိန်းအမှတ်အသားကို အသုံးပြုနိုင်သည်။
ကြိယာ
[ပြင်ဆင်ရန်]တိဗက်ရှိကြိယာများသည် အပိုဒ် ၏အဆုံးတွင် အမြဲလာပါသည်။ ကြိယာများသည် တိဗက်ဘာသာတွင် လူပုဂ္ဂိုလ် ၊ နံပါတ် သို့မဟုတ် ကျား၊ မ သဘောတူညီချက်ကို မပြပါ။ Active နှင့် Passive အကြား အသံ ခြားနားချက် မရှိပါ။ တိဗက်ကြိယာများသည် အသံနှင့်ပတ်သက်၍ Neutral ဖြစ်ပါသည်။ [၅]


ဗမာ ၊ တရုတ် ၊ ဂျပန် ၊ ကိုးရီးယား နှင့် ဗီယက်နမ် ကဲ့သို့သော အရှေ့အာရှ ဘာသာစကား အများအပြားနှင့် မတူဘဲ၊ တိဗက်တွင် ရေတွက်ရာတွင် အသုံးပြုသော ဂဏန်းအရန် သို့မဟုတ် တိုင်းတာသည့် စကားလုံးများ မရှိပါ။ သို့သော်၊ စုပေါင်း သို့မဟုတ် တစ်သားတည်း၏ဖော်ပြသော စကားလုံးများကို ဆယ်ဂဏန်းပြီးနောက်၊ တစ်ခါတစ်ရံ သေးငယ်သောနံပါတ်ပြီးနောက် သုံးလေ့ရှိသည်။ [၆]
သိပ္ပံပညာနှင့် နက္ခတ်ဗေဒင်ပညာရပ်များတွင် ဝေဒ သက္ကတဘာသာ တွင်ကဲ့သို့ ဂဏန်းများကို ပုံဆောင်စကားလုံးများဖြင့် ဖော်ပြသည်။ [၆]
ရေးထားသော ဂဏန်းများသည် ဟိန္ဒူ-အာရဗီ ဂဏန်းစနစ် ၏ မူကွဲတစ်ခုဖြစ်ပြီး ဂန္ထဝင်တိဗက်ကျမ်းများတွင် အစောပိုင်းက အတည်ပြုထားသည့် အခြေခံ-10 တည်နေရာရေတွက်ခြင်းစနစ် [၇] ဖြစ်သည်။
- ↑ The name "Lhasa Tibetan" is the preferred name, as in Chapter 19: Lhasa Tibetan, The Sino-Tibetan Languages, 2nd edition (2017), edited by Graham Thurgood and Randy J. LaPolla.
- ↑ Tibetan: တမ်းပလိတ်:Bo-textonly, Wylie: Lha-sa'i skad, ZYPY: Lasägä, THL: Lhaséké
- ↑ Tibetan: တမ်းပလိတ်:Bo-textonly, Wylie: Bod skad, ZYPY: Pögä, THL: Böké, bo, or Tibetan: တမ်းပလိတ်:Bo-textonly, Wylie: Bod yig, ZYPY: Pöyig, THL: Böyik
<ref> tags exist for a group named "မှတ်စု", but no corresponding <references group="မှတ်စု"/> tag was found
- ↑ The Sino-Tibetan Languages, 2nd edition။ 2017။
- ↑ "Fifty Years of Democratic Reform in Tibet"၊ 2009-03-02။ 4 July 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 8 December 2015။
- 1 2 Gelek, Konchok (2017). "Variation, contact, and change in language: Varieties in Yul shul (northern Khams)". International Journal of the Sociology of Language (245): 91–92.
- ↑ Makley, Charlene (1999). "The Amdo Dialect of Labrang". Linguistics of the Tibeto-Burman Area (1).
- ↑ Features: Show: Verbs and Verb Phrases။ 5 May 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 May 2023 တွင် ပြန်စစ်ပြီး။
- 1 2 Waddell & de_Lacouperie 1911.
- ↑ Tournadre & Dorje 2003.