လယ်ပတူ

ဝီကီပီးဒီးယား မှ
Hygrophila (plant) auriculata
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Lamiales
မျိုးရင်း: Acanthaceae
မျိုးဇာတ်: Ruellieae
မျိုးစု: Hygrophila
မျိုးစိတ်:
H. auriculata
ဒွိနာမ
Hygrophila auriculata
Schumach.
Synonyms[၁]

လယ်ပတူပင်သည် အကန်သေစီအီး(Acanthaceae) မျိုးရင်းတွင် ပါဝင်၍ ယင်းကို ရုက္ခဗေဒအမည်အားဖြင့် ဟိုင်ဂရိုဖီလား စပိုင်နိုးဆား(Hygrophila spinosa; ယခုအခါတွင် Hygrophila auriculata[၂] သို့မဟုတ် Hygrophila schulli[၃]) ဟုခေါ်သည်။ လယ်ပတူကို ဆူးပဒေါင်းဟုလည်းခေါ်သည်။ အမွေးအမျှင်ထူ ၍ ဆူးရှိသော သစ်နုပင်(ပင်ပျော့) မျိုးဖြစ်သည်။ တစ်နေရာတည်းမှ နှစ်ပေ မှ ငါးပေအထိရှည်သော ပင်စည်များ အများအပြား တစ်ဖြောင့်တည်းထွက် သည်။ သုံးလက်မမှ ခြောက်လက်မအထိ ရှည်သော လှံစွပ်ပုံ အရွက်များ သည် နှစ်ဖက်စလုံးတွင် ချွန်နေ၍ ညှာတံမရှိ ပင်စည်မှကပ်၍ပေါက်ကာ ဖြူသောအမွေးထူ အနည်းငယ်မျှဖြင့် ဖုံးအုပ်လျက်ရှိသည်။ ပန်းပွင့်အထုပ်ကြီးများသည် ပင်စည်ရင်းမှ လှည့်ပတ်ထွက်လာကြ သည်။ ပန်းပွင့်တစ်ထုပ်တစ်ထုပ်တွင် လက်မဝက်မှ တစ်လက်မခွဲအရှည်ရှိ သည့် မာသောဆူးများ ခြောက်ခုခန့်ရှိသည်။ လှံစွပ်ပုံရှိသော ပွင့်ခံရွက်များ သည် ၁/၃ လက်မမှ လက်မဝက်အထိရှည်သည်။ ယင်းပွင့်ခံရွက်များသည် အပေါ်ထိပ်တွင် အနည်းငယ်ကြီး၍ အောက်ဘက်တွင် အလယ်၌ ပွင့်ချပ်အုံ သည် ခပ်ချောချောရှိ၍ အရောင်မှာ မရမ်းစေ့ရောင် ဖျော့ဖျော့ရှိသည်။ ဝတ် မှုန်အိမ်များသည် ရှည်မျောမျောရှိ၍ အစေ့အိမ်မှာ ၁/၃ လက်မရှိကာ ပွင့် ချပ်ထက်တိုသည်။ အစေ့အိမ်အောက်ဘက်တွင် အစေ့လေးခုမှ ရှစ်ခုအထိ ပါရှိသည်။ ပန်းများသည် ဇန်နဝါရီလမှ မတ်လအတွင်း ပွင့်ကြသည်။ လယ်ပတူပင်များသည် ရေကန်၊ ရေမြောင်းနှင့် လယ်ကွင်းများတွင် အမြောက်အမြား ပေါက်သဖြင့် အနှောင့်အယှက်ဖြစ်သည်။ သီဟိုဠ်နိုင်ငံတွင် လယ်ပတူ တစ်ပင်လုံးကို ဆီးချိုရောဂါအတွက် အသုံးပြုသည်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Hygrophila auriculata (Schumach.) Heine။ Board of Trustees of the Royal Botanic Gardens, Kew (2017)။ 20 December 2020 တွင် ပြန်စစ်ပြီး။
  2. Hygrophila spinosa T.Anderson (Plants of the World Online, Kew Science). Retrieved 22 January 2020
  3. Hassler, M. (2020). World Plants: Synonymic Checklists of the Vascular Plants of the World (version Nov 2018). In: Species 2000 & ITIS Catalogue of Life, 2019 Annual Checklist (Roskov Y., Ower G., Orrell T., Nicolson D., Bailly N., Kirk P.M., Bourgoin T., DeWalt R.E., Decock W., Nieukerken E. van, Zarucchi J., Penev L., eds.). Digital resource at http://www.catalogueoflife.org/annual-checklist/2019. Species 2000: Naturalis, Leiden, the Netherlands. ISSN 2405-884X.
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)