လမ်းမတော်ဖိုးတုတ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

လမ်း‌မတော်ဖိုးတုတ်သည် ကိုလိုနီခေတ်ဦးကာလက ထင်ရှားသည့် လမ်းမတော်ရပ် လူဆိုးလူမိုက် တစ်ဦး ဖြစ်သည်။ သို့သော် ဘာသာတရား ကိုင်းရှိုင်းသူ၊ စိတ်ရင်းစေတနာ ကောင်းသူလည်း ဖြစ်ပြီး ပုလိပ်(ရဲ)အဖွဲ့ကို များစွာ အကူအညီ ပေးခဲ့သည်။ ရဲမင်းကြီးဟောင်း ဦးခင်မောင်၏ မှတ်တမ်း၌ "ကျွန်တော် အုပ်ချုပ်ခဲ့ရသော လမ်းမတော် တိုက်နယ်တွင် ဖြစ်ပျက်ခဲ့သော ရာဇဝတ်မှု အများအပြားတွင် အမှုစစ် အရာရှိများသည် ဦးဖိုးတုတ်၏ အကူအညီဖြင့် အမှုများမှ အလိုရှိသော တရားခံများ၊ သက်သေပစ္စည်းများ၊ သက်သေခံ စသည်တို့ကို ရယူကြရ၏"ဟူ၍ ဖော်ပြသည်။[၁]

အခြား ဆက်စပ်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး (ဒီဇင်ဘာလ၊ ၂၀၁၃). မြန်မာပြည်တစ်ခွင် လမ်းညွှန်. မဇ္ဈိမစာပေ, ၂၀။