လန်ဒန် ပါဠိစာပေအသင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

လန်ဒန်ပါဠိအသင်း သို့မဟုတ်လန်ဒန် ပါဠိစာပေအသင်း ခေါ် ပါဠိစာပေအသင်းကြီးကို ၁၈၈၁ တွင် သောမတ် ဝီလျံ ရီစ်ဒေးဗစ် က ပါဠိစာပေ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့သည်။

တီ-ဒဗလျူ-ရီစ်ဒေးဗစ်သည် အင်္ဂလိပ်လူမျိုးလည်းဖြစ်၊ ဗြိတိသျှပဋိညာဉ်ဝန်ထမ်းတစ်ဦးလည်းဖြစ်သည်။ သူသည် သီဟိုဠ်ကျွန်း(ယခုသီရိလင်္ကာနိုင်ငံ)၌ တရားသူကြီးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ယင်း သီဟိုဠ်ဆရာတော်ဘုရားကြီးများထံတွင် ပါဠိစာပေကို လေ့လာသင်ကြားခဲ့သည်။ သို့ဖြင့်ပင် သူသည် ထေရဝါဒဗုဒ္ဓဝါဒနှင့်ရင်းနှီးလာခဲ့သည်။ တဆက်တည်းမှာပင် သူသည် ထေရဝါဒဗုဒ္ဓဝါဒကို The Thrawada or the way of the Elder ဟု နားလည် ယူဆလက်ခံခဲ့သည်။ ထို့ကြောင့်ပင် ရီးစ်ဒေးဗစ်သည် အငြိမ်းစားယူပြီးနောက် ၁၈၈၁-ခုနှစ်၌လန်ဒန်ပါဠိစာပေအသင်းကြီးကို စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

အသင်းကြီးသည် ပါဠိစာပေ သမိုင်းဆိုင်ရာများ၊ စည်းမျဉ်းများ၊ ကျမ်းဂန်များ၊ ရှင်းလင်းချက်များကို စုဆောင်းခြင်း၊ တည်းဖြတ်ခြင်းတို့ပြုလုပ်ပြီး နှင့် လက်တင် စာလုံးပုံစံ ဖြင့် ထုတ်ဝေခဲ့သည်။ ပါဠိစာပေများစွာကိုလည်း ဘာသာပြန်ခဲ့သည်။ အဘိဓာန်များ၊ ဝေါဟာရစာရင်းများနှင့် ကျောင်းသားနှင့် လေ့လာသူများအတွက် စာအုပ်များစွာနှင့် ဂျာနယ်တစ်စောင်တို့ကိုလည်း ထုတ်ဝေခဲ့သည်။

အသင်းကြီး ဖြစ်ပေါ်လာပုံ[ပြင်​ဆင်​ရန်​]

သောမတ်ဝီလျံ ရီစ်ဒေးဗစ် သည် ၁၉ ရာစု တွင် သီရိလင်္ကာတွင် တာဝန်ကျသော တရားသူကြီးတစ်ဦးဖြစ်ပြီး သူနှင့်အတူ ဂျော့တာနာ၊ ရောဘတ် ဆီဇာ ချိုင်းဒါ တို့လည်းပါသည်။ ထိုအချိန် သီရိလင်္ကာ၌ ဗုဒ္ဓသာသနာသည် ခရစ်ယာန်သာသာနာပြုများနှင့် အုပ်စိုးသောမင်းတို့၏ စည်းမျဉ်းများကြောင့် မှေးမှိန်လျက်ရှိသည်။ အမှုထမ်း၊ အရာထမ်းများသည် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စည်းမျဉ်းအရ တာဝန်ကျသော အရပ်ဒေသ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုတို့၌ ကျွမ်းဝင်ရန် လိုအပ်သည်။ ထို့ကြောင့် ရီစ်ဒေးဗစ်တို့ သုံးဦးသည် ရဟန်းတော်များထံမှသော်၎င်း အတူတကွသော်၎င်း ဆင်ဟာလိ ဘာသာစကားနှင့် ယဉ်ကျေးမှု သင်ကြားခြင်းဖြင့် ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာခဲ့သည်။

ပါဠိစာပေအသင်းကို ဥရောပပညာရှင်များနှင့် သီရိလင်္ကာဘုန်းတော်ကြီးများ၏ ပံ့ပိုးမှုဖြင့် ရီစ်ဒေးဗစ်က ရှေးဟောင်းအင်္ဂလိပ်စာအသင်းကို နမူနာယူကာ တည်ထောင်ခဲ့သည်။ ပါဠိသဒ္ဒါကို ရောမဘာသာဖြင့် ရိုက်နှိပ်သောအခါ ငွေကြေးအကျိုးအမြတ် မရရှိသော်လည်း သီရိလင်္ကာရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး က ကုန်ကျစရိတ် ကျခံပေးခဲ့သည်။

ချိုင်းဒါသည် ပထမဆုံး ပါဠိ-အင်္ဂလိပ် အဘိဓာန်ကို ၁၈၇၄ တွင် ထုတ်ဝေခဲ့သည်။ ၎င်းကို ရီစ်ဒေးဗစ် အနှစ် ၄၀ ကျော် ပြုစုထားပြီး တပည့်ဖြစ်သူ ဝီလျံစတိအဆုံးသတ်ခဲ့သော ၁၉၂၅ တွင် ထုတ်ဝေသည့် အဘိဓာန် မထွက်ခင်အထိ အသုံးပြုခဲ့ကြသည်။ အခြားအဘိဓာန် မှာ မာဂရက်ကွန်း ပြုစု၍ အပိုင်း ၃ ပိုင်းပါပြီး ပထမပိုင်း (A-Kh) အထိကို ၂၀၀၁ တွင် ထုတ်ဝေခဲ့သည်။

၁၉၂၂တွင် ရီဒေးဗစ် ဆုံးသောအခါ၊ ပါဠိစာပေအသင်းသည် ဆောင်းပါး ၆၄ ပုဒ် ကို အတွဲ ၉၄ တွဲတွင် စာမျက်နှာပေါင်း ၂၆၀၀၀ ကျော် ဖြင့် ရိုက်နှိပ် ဖြန့်ဝေပြီး ဖြစ်သည်။ ၎င်းတွင် အင်္ဂလိပ်နှင့် ဥရောပပညာရှင်များလည်း ပါဝင်ရေးသားထားခဲ့သည်။


ဦးတည်ချက်[ပြင်​ဆင်​ရန်​]

လန်ဒန်ပါဠိစာပေအသင်းကြီး၏ဦးတည်ချက်မှာ ဗုဒ္ဓမုက္ခပါဌ် ဘုရားဟောပိဋကပါဠိတော် မူရင်းများနှင့်အဋ္ဌကထာများကို အင်္ဂလိပ်çရောမ အက္ခရာဖလှယ်ရန်နှင့် အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထုတ်ဝေရန် ဖြစ်သည်။ ထို့ပြင် ဘုရားဟောပါဠိတော်နှင့်အဋ္ဌကထာများမှတပါး၊ ပါဠိဘာသာဖြင့် တည်ရှိနေသော အခြားဗုဒ္ဓ စာပေကျမ်းဂန်များကို အင်္ဂလိပ်လို ရိုက်နှိပ်ထုတ်ဝေရန်လည်း ရည်ရွယ်ခဲ့သည်။

ဘာသာပြန်ဆိုခဲ့သော ကျမ်းဂန်များ[ပြင်​ဆင်​ရန်​]

ဗုဒ္ဓဝံသနှင့် စရိယာပိဋက[ပြင်​ဆင်​ရန်​]

လန်ဒန်ပါဠိစာပေအသင်းကြီး၏နှစ်တရာသမိုင်းကို ပြန်လည်သုံးသပ်ကြည့်ပါက သမိုင်းဦးက ရေးဆွဲချမှတ်ခဲ့သော ဦးတည်ချက်အတိုင်း လုပ်ငန်းသဘောအရ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ အသင်းကြီးကို တည်ထောင်ပြီး နောက်တနှစ်ဖြစ်သော ၁၈၈၂-ခုနှစ်မှာပင် လန်ဒန်ပါဠိ စာပေအသင်းကြီးက ဘုရားဟောဗုဒ္ဓဝံသပါဠိတော်ကို စရိယာပိဋကပါဠိတော်နှင့်တွဲကာ (Buddha vamsa and Carya Pitaka)ဟူသောအမည်ဖြင့် ပထမပိုင်းကို ထုတ်ဝေနိုင်ခဲ့သည်။ ယင်းစာအုပ်ကို ပြန်ဆိုသူမှာ ရဲဗရင့်-အာရ်-မောရစ် ရဲဗရင့်-အာရ်-မောရစ် ဖြစ်သည်။

ပါဠိစာပေအသင်းဂျာနယ်[ပြင်​ဆင်​ရန်​]

လန်ဒန်ပါဠိစာပေအသင်းကြီးသည် ယင်း ၁၈၈၂-ခုနှစ်မှာပင် ဘုရားဟောပိဋကပါဠိတော်ကျမ်းများအပြင် ပါဠိစာပေအသင်းဂျာနယ်ကိုလည်း စတင်ထုတ်ဝေနိုင်ခဲ့ သေးသည်။ ယင်းပါဠိစာပေအသင်းဂျာနယ်တွင် နိုင်ငံတကာမှ ပါဠိစာပေပညာရှင်များ၊ ဗုဒ္ဓဝါဒသုတေသီများပါဝင်ရေးသားခဲ့ကြသည်။ ပါမောက္ခဖော့စ်ဘော်လ်၊ ပါမောက္ခမိနာယက်ဖ် စသော ပညာရှင်အများအပြား၏လက်ရာများကို ယင်းဂျာနယ်၌ တွေ့ရှိနိုင်ကြသည်။ ပါမောက္ခဖော့စ်ဘော်လ်မှာ ဂျာမန်လူမျိုးဖြစ်၍ လန်ဒန်မြို့အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန်ရုံး ပိဋကတ်တိုက်စိုးဖြစ်သည်။ သုတ္တနိပါတ်ပါဠိတော်၊ ဓမ္မပဒပါဠိတော် စသည်တို့ကိုလည်းအင်္ဂလိပ်လို ပြန်ဆိုခဲ့သူဖြစ်သည်။ ၁၈၈၆-ခုနှစ်ထုတ် ပါဠိစာပေအသင်းဂျာနယ်များ၌ ပျောက်ကွယ်လုမတတ် တိမ်မြှုပ်နေသော ဂန္ထဝံသ ကျမ်းကို ပါမောက္ခမိနာယက်ဖ်က Gandha Vamsa အမည်ဖြင့် ရှာဖွေထည့်သွင်းဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။ ပါမောက္ခမိနာယက်ဖ်မှာ ရုရှားလူမျိုးဖြစ်၍ သီပေါဘုရင်ပါတော်မူပြီးစက မြန်မာနိုင်ငံသို့ ရောက်ရှိလာကာ သီပေါမင်း၏ပိဋကတ်တိုက်ကို လေ့လာသွားခဲ့ဖူးသူ ဖြစ်သည်။ ပေတဝတ္ထုပါဠိတော်၊ ဘိက္ခုဝိဘင်းပါဠိတော်၊ ဘိက္ခုနီဝိဘင်းပါဠိတော် စသည်တို့ကိုလည်း အင်္ဂလိပ်လို ပြန်ဆိုခဲ့သူ ဖြစ်သည်။

ယင်းကဲ့သို့ ပါဠိစာပေအသင်းဂျာနယ်၌ ပျောက်ကွယ်လုမတတ် တိမ်မြှုပ်နေသော ပါဠိကျမ်းဂန်များကို မူရင်းအတိုင်း ထည့်သွင်းဖော်ပြနိုင်ခဲ့ရာ ယင်းဂျာနယ်မှာ နိုင်ငံတကာပါဠိစာပေပညာရှင်များ၊ ဗုဒ္ဓဝါဒသုတေသီများအတွက် တန်ဖိုးကြီးလှသည်။ နိုင်ငံတကာမှလည်း လေးလေးစားစား စိတ်ဝင်စားခဲ့ကြသည်။

အင်္ဂုတ္တရနိကာယ်နှင့် သံယုတ္တနိကာယ်[ပြင်​ဆင်​ရန်​]

၁၈၈၃-ခုနှစ်မှ ၁၉၁၀-ခုနှစ်အတွင်း ဘုရားဟောအင်္ဂုတ္တရနိကာယ်ပါဠိတော်ကို Anguttera Nikkaya ဟူ အမည်ဖြင့် အုပ်တွဲများခွဲကာ လန်ဒန်ပါဠိစာပေအသင်းကြီးက ထုတ်ဝေခဲ့သည်။ အင်္ဂုတ္တရနိကာယ် ပထမတွဲမှ တတိယတွဲအထိ ပြန်ဆိုသူမှာရဲဗရင့်-အာရ်-မောရစ် ရဲဗရင့်-အာရ်-မောရစ် နှင့် ပါမောက္ခ အီး-ဟာဒီ ပါမောက္ခ အီး-ဟာဒီ တို့ဖြစ်သည်။ ဆဋ္ဌမတွဲကိုကား

၁၉၁၀-ခုနှစ်တွင်မှ ထုတ်ဝေနိုင်ခဲ့ရာ ပြန်ဆိုသူမှာ မေဘဲလ်ဟန့်တ် မေဘဲလ်ဟန့်တ် ဖြစ်သည်။ ၁၈၈၄-ခုနှစ်တွင် အမ်-အယ်လ်-ဖီးယား အမ်-အယ်လ်-ဖီးယားက Samyutta Nikkaya of the Sutta Pitaka အမည်ဖြင့် ပြန်ဆိုသော သံယုတ္တနိကာယ်ပါဠိတော်ကို ထုတ်ဝေခဲ့သည်။

ထေရဂါထာ၊ ထေရီဂါထာ နှင့် သုတ္တနိပါတ်ပါဠိတော်[ပြင်​ဆင်​ရန်​]

၁၈၈၃-ခုနှစ်တွင်ထေရဂါထာနှင့်ထေရီဂါထာကို Thera and Theri Katha အမည်ဖြင့် ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်ကို ဟာမန်အိုးလ်ဒင်းဘတ်ဂ် ဟာမန်အိုးလ်ဒင်းဘတ်ဂ် က အိပ်ချ်-ပစ်ရှဲလ် အိပ်ချ်-ပစ်ရှဲလ်နှင့်တွဲဖက်ကာ ပြန်ဆိုခဲ့ခြင်း ဖြစ်သည်။

၁၈၈၄-ခုနှစ်တွင် လန်ဒန်ပါဠိစာပေအသင်းကြီးက သုတ္တနိပါတ်ပါဠိတော်ကို Sutta Nipata အမည်ဖြင့် ထုတေ်ဝခဲ့သည်။ ပြန်ဆိုသူမှာ ပါမောက္ခဖော့စ်ဘော်လ် ပါမောက္ခဖော့စ်ဘော်လ် ဖြစ်သည်။

ဓမ္မသင်္ဂဏီနှင့် ဥဒါန်းပါဠိတော်[ပြင်​ဆင်​ရန်​]

၁၈၈၅-ခုနှစ်တွင် အဘိဓမ္မာပိဋကဖြစ်သော ဓမ္မသင်္ဂဏီပါဠိတော်ကို Dhammasangani အမည်ဖြင့် ထုတ်ဝေခဲ့ရာ ပြန်ဆိုသူမှာ အက်ဒမန်မူလာ အက်ဒမန်မူလာ ဖြစ်သည်။

၁၈၈၅-ခုနှစ်မှာပင် ဥဒါန်းပါဠိတော်ကို Udanam အမည်ဖြင့် ထုတ်ဝေခဲ့သေးသည်။ ပြန်ဆိုသူမှာ ပီ-စတိန်သဲလ် ပီ-စတိန်သဲလ် ဖြစ်သည်။

ဝိမာနဝတ္ထုပါဠိတော်နှင့် ပေတဝတ္ထုပါဠိတော်[ပြင်​ဆင်​ရန်​]

၁၈၈၆-ခုနှစ်တွင် ဝိမာနဝတ္ထုပါဠိတော်ကို The Vimana Vathu အမည်ဖြင့် ထုတ်ခဲ့သည်။ ပြန်ဆိုသူမှာ အီး-အာရ်-ဂုဏရတန အီး-အာရ်-ဂုဏရတန ဖြစ်သည်။

၁၈၈၈-ခုနှစ်တွင် ပေတဝတ္ထုပါဠိတော်ကို Peta Vathu အမည်ဖြင့် ထုတေ်ဝခဲ့ရာ ပြန် ဆိုသူမှာ ပါမောက္ခမိနာယက်ဖ် ပါမောက္ခမိနာယက်ဖ် ဖြစ်သည်။

ဣတိဝုတ်ပါဠိတော်နှင့် ကထာဝတ္ထုပါဠိတော်[ပြင်​ဆင်​ရန်​]

၁၈၈၉-ခုနှစ်တွင်ဣတိဝုတ်ပါဠိတော်ကို Iti-vuttaka အမည်ဖြင့် ထုတ်ဝေခဲ့သည်။ ပြန်ဆိုသူမှာ အီး-ဝင်းဒစ်ရှ် အီး-ဝင်းဒစ်ရှ် ဖြစ်သည်။


၁၈၉၄-ခုနှစ်မှ ၁၈၉၇-ခုနှစ်အတွင်း အဘိဓမ္မာပိဋကဖြစ်သောကထာဝတ္ထုပါဠိတော်ကို Katha vathu အမည်ဖြင့် ထုတ်ဝေခဲ့ရာ ပြန်ဆိုသူမှာ အေ-စီ-တေလာ အေ-စီ-တေလာ ဖြစ်သည်။

ဒီဃနိကာယ်ပါဠိတော်နှင့် မဇ္ဈိမနိကာယ်ပါဠိတော်[ပြင်​ဆင်​ရန်​]

၁၈၉၀-ပြည့်နှစ်မှ ၁၉၁၁-ခုနှစ်အတွင်း ဒီဃနိကာယ်ပါဠိတော်များကို အုပ်တွဲများခွဲကာ Dicha Nikaya အမည်ဖြင့် ထုတေ်ဝခဲ့သည်။ ယင်းစာအုပ် အုပ်တွဲများကို တီ-ဒဗ်လျူ-ရီးစ်ဒေးဗစ် ဗစ် က ဂျေ-အီး-ကာပင်တာ ဂျေ-အီး-ကာပင်တာနှင့်တွဲဖက်၍ ပြန်ဆိုခဲ့ခြင်းဖြစ်သည်။ ္ဒ၁၈၉၈-ခုနှစ်တွင်လည်း မဇ္ဈိမနိကာယ်ပါဠိတော်များကို အုပ်တွဲများခွဲကာ Majjhima Nikaya အမည်ဖြင့် ထုတ်ခဲ့ရာ ယင်းစာအုပ်ကို ဗီ-ထရင့်ရှနား ဗီ-ထရင့်ရှနားက အာရ်-ရှမ်းမား အာရ်-ရှမ်းမားနှင့်တွဲဖက်ကာ ပြန်ဆိုခဲ့သည်။ ဤကား လန်ဒန်စာပေအသင်းကြီး၏ နှစ်တရာသမိုင်းတွင် ပထမဆယ်စုနှင့် ဒုတိယဆယ် စုနှစ်များအတွင်းက ထုတေ်ဝခဲ့သော အချို့အဝက် ကျမ်းစာအုပ်များ ဖြစ်သည်။

ဒီပဝံသနှင့် မဟာဝံသ[ပြင်​ဆင်​ရန်​]

လန်ဒန်ပါဠိစာပေအသင်းကြီးသည် ဘုရားဟောပိဋကပါဠိတော်နှင့် အဋ္ဌကထာများမှတပါး အခြားဗုဒ္ဓနှင့်ဆိုင်ရာ စာပေကျမ်းဂန်များကိုပါ ရိုက်နှိပ်ထုတ်ဝေရန် ရည်ရွယ်ခဲ့သည့်အတိုင်း ဗုဒ္ဓ၏သမိုင်းရေးရာ စာအုပ်များကိုလည်း ပြန်ဆိုထုတ်ဝေခဲ့သေးသည်။ ၁၈၉၉-ခုနှစ်တွင်ဒီပဝံသကို Dipavamsa အမည်ဖြင့် ထုတ်ဝေခဲ့ရာ ပြန်ဆိုသူမှာ မစ္စက် ရီးစ်ဒေးဗစ် ဖြစ်သည်။ ၁၉၀၈-ခုနှစ်၌လည်း ပါမောက္ခဒဗ်လျူဂီးဂျားပြုစုသောဒီပဝံသနှင့်မဟာဝံသစာတမ်းများကို ထုတ်ဝေခဲ့သေးသည်။

ဗုဒ္ဓ၏သမိုင်းရေးရာများကို ဖော်ထုတ်ရာ၌ ရှေးဟောင်းသုတေသနဌာန၏အကူအညီမရလျှင် ပြည့်စုံ လုံလောက်မှုရှိမည် မဟုတ်ပေ။ ဤကိစ္စနှင့် ပတ်သက်၍ တီ-ဒဗ်လျူရီးစ်ဒေးဗစ်သည် အင်္ဂလန်အစိုးရ၏အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသန လေ့လာမှုများကို ကျေနပ်အားရမှုမရှိခဲ့ပေ။ အားမလို အားမရ ဖြစ်လျက်ရှိသည်။

ထို့ကြောင့်ပင် သူ၏ဗုဒ္ဓ၏သမိုင်းရေးရာစာအုပ်တအုပ်ဖြစ်သော Buddhist India စာအုပ်၏နိဒါန်းတွင်-


အသစ်အသစ် လေ့လာမှုများမှာကား အခက်အခဲကြီးများနှင့်ဆင်းရဲတွင်းနက်မှုများအောက်တွင်ရုန်းကန် ကြိုးပမ်းရဦးမည် ဖြစ်သည်။ သာဓကပြရလျှင် အင်္ဂလန်တွင် အဆီရီယန်ရှေးဟောင်း လေ့လာမှုအတွက် ရာထူးမရှိပေ။ စင်စစ်မှာ ပဲရစ်နှင့်ဘာလင်တွင်လည်းကောင်း၊ စိန့်ပီတာစဘတ်နှင့် ဗီယင်နာတွင်လည်းကောင်း အရှေ့တိုင်းဆိုင်ရာ လေ့လာသင်ကြားရေးကျောင်းကြီးများ ရှိကြသည်။ အင်္ဂလန်တွင်ကား သင်ကြားမှု၊ သုတေသနပြုမှုလုပ်ရန် အချိန်ရသင့်ပါလျက် နေရေး စားရေးအတွက် မိမိဘာသာ တာဝန်ယူနေရသည့် လစာမဲ့ အထောက်အပံ့မဲ့ ပါမောက္ခများကို အံ့ဖွယ်ရယ်ဖွယ် ကောင်းလောက်အောင် တွေ့ရှိနေရသည်။ အင်္ဂလန်တခွင်လုံး ဖော်ပြရလျှင် အဆိုးချည်းလိုလို ဖြစ်နေပေမည်။ အင်္ဂလန်တပြည်လုံး၊ ဥပမာ-သက္ကတစာပေနှင့် ပတ်သက်သော ရာထူး ၂ ခုသာရှိသည်။ ဂျာမနီတွင် အစိုးရက ရာထူး၂၀ ကျော်ခန့်ထားသည်။ ဂျာမနီက အိန္ဒိယ၌ စိတ်ဝင်စားမှုမှာ အင်္ဂလန်ထက် ဆယ်ဆမက သာလွန်နေသည်။ ဤအခိုက်မှာပင် အင်္ဂလန်အစိုးရက ပေါ့လျော့ ပျင်းရိစွာ ငြိမ်နေသည်။ တနည်းမဟုတ်တနည်း တောက်လျှောက် ဦးခေါင်းရှုပ်ရဦးမည်ဟု ယုံကြည်မိသည်။ ဤအရေးကိစ္စမှာ သူတို့ စာရေးသူတို့ကိစ္စ မဟုတ်ယောင်ဟု ထင်နေကြဟန် ရှိပေသည်တကား။


စသည်ဖြင့် တီဒဗ်လျူရီးစ်ဒေးဗစ် ရီးစ်ဒေးဗစ် က အားမလို အားမရ လေသံဖြင့် ညည်းတွားရေးသားခဲ့ဖူးသည်။ ယင်းကဲ့သို့ အားမလိုအားမရ ဖြစ်နေရသည့် အခြေအနေများကြားမှပင် လန်ဒန်ပါဠိစာပေအသင်းကြီးသည် နှစ်တရာသမိုင်းအတွင်း၌ ဗုဒ္ဓ၏သမိုင်းရေးရာ စာအုပ်ပေါင်းများစွာကို ထုတ်ဝေနိုင်ခဲ့ပေသည်။ ယင်းစာအုပ်များအနက် လေးစားလောက်သော ဗုဒ္ဓ၏ သမိုင်းရေးရာစာအုပ်များ ပါရှိနေသဖြင့် လန်ဒန်ပါဠိစာပေအသင်းကြီးအား ချီးကျူးရမည် ဖြစ်ပေသတည်း။ [၁]

ပေစာကျိုး[ပြင်​ဆင်​ရန်​]

အသင်းသည် ၁၉၉၄ တွင် အရှေ့တောင်အာရှ မှ ပေစာများကို စာရင်းပြုစုရန်၊ ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ပေစာကျိုး စီမံကိန်းကို စတင်ခဲ့သည်။ ထိုဒေသတွင် စာပေများကို စာရွက်အသုံးမပြုခင် ကာလက ပေရွက်ပေါ်တွင် ရေးမှတ်ကြသည်။ ပေရွက်များကို တပေါင်းတစည်းထဲဖြင့် ပေထုပ်များကို အသုံးပြုခဲ့ကြသည်။

ပေစာထုပ်များကို ၅ ရာစု ကတည်းက အသုံးပြုခဲ့ပြီး ၁၈ ရာစု နှင့် နှောင်းပိုင်း ပေစာများသာ တွေ့နိုင်တော့ပြီး ၁၉ ရာစုတွင် အသုံးများခဲ့သည်။ [၂] ပေရွက်များကို အသုံးပြုခြင်းကြောင့် ရာသီဥတု ဒဏ်ခံရကာ အစောပိုင်း ပေထုပ်များမှာ စာများဖတ်မရအောင် ပျက်စီးနေသည်။ ကိုလိုနီခေတ်အတွင်း ပေထုပ်တော်တော်များများကို တစစီဖြုတ်ပြီး ဥရောပ ရှေးဟောင်းပစ္စည်း စုဆောင်းသူများကို ရောင်းချကြသောကြောင့် ပို၍ ပျောက်ဆုံးပျက်စီးသည်။

ပါဠိစာပေအသင်း သည် ပေထုပ်များ စုဆောင်းရန်၊ စာရင်းပြုစုရန် အတွက် ပေစာများကို ကွန်ပျူတာဖြင့် ဖတ်၍ ရအောင် အသွင်ပြောင်း၍ ထိန်းသိမ်းထားသည်။ ၂၀၀၁ ခုနှစ်တွင် ပေစာကျိုး ဖောင်ဒေးရှင်း ကို ထိုင်းနိုင်ငံ၌ အကျိုးအမြတ်မယူသော အဖွဲ့အစည်း အဖြစ် တရားဝင် မှတ်ပုံတင်ခဲ့သည်။

ပါဠိစာပေ အသင်းကြီး ၏ ဥက္ကဋ္ဌ များ[ပြင်​ဆင်​ရန်​]

ပါဠိစာပေအသင်းကြီး စတင်တည်ထောင်စဉ်မှ စ၍ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူများမှာ -[၃]

  • 1881–1922: သောမတ်စ် ဝီလျံ ရိုင်းစ် ဒေးဗစ် Thomas William Rhys Davids (1843–1922) (တည်ထောင်သူ)
  • 1922–1942: လန်ဒန်ပါဠိဒေဝီ ခေါ် ကာရိုလိုင်း ဩဂက်စတာ ဖိုလီ ရိုင်းစ် ဒေးဗစ်Caroline Augusta Foley Rhys Davids (1857–1942)
  • 1942–1950: ဝီလျံ ဟင်နရီ ဒင်ဟမ်း ရောက်စ် William Henry Denham Rouse (1863–1950)
  • 1950–1958: ဝီလျံ စတက်ဒ် William Stede (1882–1958)
  • 1959–1981: အစ္စလိုင်း ဘလူး အော်နာ OBE Isaline Blew Horner OBE (1896–1981)
  • 1981–1994: ကက်နက် ရွိုင်း နော်မန် FBA Kenneth Roy Norman FBA (1925– )
  • 1994–2002: ရစ်ချတ် ဖရန်စစ် ဂမ်ဘရစ်ချ် Richard Francis Gombrich (1937– )
  • 2002–2003: လန့်စ် ဆယ်လ်ဝင် ကူဆင်စ် Lance Selwyn Cousins
  • 2003–လက်ရှိ ဥက္ကဋ္ဌ - ရူးပါ့တ် မာ့ခ်လဗ်ဗယ် ဂေထင် Rupert Mark Lovell Gethin (1957– )

ဆက်စပ်ဖတ်ရန်[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. (မြင့်ဆွေ) ၁၉၈၁-ခု၊ နိုဝင်ဘာလ၊ နှာ(၄၃-၄၅။) ငွေတာရီမဂ္ဂဇင်းမှ
  2. The Fragile Palm Leaves Foundation
  3. Journal of the Pāli Text Society, volume XXIX, pages ix–xii

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]