မာတိကာသို့ ခုန်သွားရန်

လည်ကိန်း (ရူပဗေဒ)

ဝီကီပီးဒီးယား မှ

လည်ကိန်း(အင်္ဂလိပ်: moment)ဆိုသည်မှာ အကွာအဝေးနှင့် အားတစ်ခု(a force) သို့မဟုတ် လျှပ်စစ်ပမာဏတစ်ခု(an electric charge)စသည့် ရူပဗေဒ မတ္တာတစ်ခုခုတို့၏ မြှောက်လဒ်ကို ဖေါ်ပြသော သင်္ချာညီမျှခြင်းတစ်ခုကို ဆိုလိုသည်။ လည်ကိန်းများကို ပုံသေဝင်ရိုး (fixed reference point or pivot)နှင့် စပ်လျဉ်း၍ သတ်မှတ်ကြပြီး၊ ၎င်းမတ္တာ၏ အဆိုပါဝင်ရိုးမှ အကွာအဝေးအပေါ်မူတည်ပြီး ပမာဏကွဲပြားကြသည်။

အခြေခံအကျဆုံး ညီမျှခြင်းတခုကို ဖေါ်ပြမည်ဆိုလျှင်၊

ဤညီမျှခြင်းတွင် သည် တစ်နေရာ သို့မဟုတ် တစ်မှတ်တည်း (one point) ၌ စုနေသော ရူပဗေဒ မတ္တာတစ်ခု (အားတစ်ခု သို့မဟုတ် လျှပ်စစ်ပမာဏတစ်ခု)ဖြစ်ပြီး၊ သည် ဝင်ရိုးနှင့်မတ္တာကြားရှိ အကွာအဝေးကို ဆိုလိုသည်။ သည် လည်ကိန်း ဖြစ်သည်။ n သည် မတူညီသော လည်ကိန်းများကို ကိုယ်စားပြုသည်။ အကယ်၍ n = ၁ ဖြစ်လျှင် ပထမလည်ကိန်းဟု ခေါ်ပြီး၊ n = ၂ ဖြစ်လျှင် ဒုတိယလည်ကိန်း စသည်ဖြင့် n ၏ တန်ဖိုးကို လိုက်၍ ခေါ်နိုင်သည်။

(ပို၍အဆင့်မြင့်သော အင်တီဂရယ်ကို အသုံးပြုသည့် ညီမျှခြင်းကို တစ်မှတ်တည်း၌ မစုသော ဖြန့်ကျက်နေသော မတ္တာပြန့်ကျဲပုံတို့နှင့် စပ်လျဉ်းပြီး အသုံးပြုလေ့ရှိကြသည်။ ဤဆောင်းပါးတွင်မူ မဖေါ်ပြတော့ပါ။)

ဥပမာများ

[ပြင်ဆင်ရန်]

အားတစ်ခု၏ လည်ကိန်း (moment of a force) သို့မဟုတ် လိမ်အား (torque)ဆိုသည်မှာ ပထမလည်ကိန်းတစ်ခုဖြစ်ပြီး၊ ညီမျှခြင်းအားဖြင့်၊

ဟု ဖေါ်ပြနိုင်သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. What is a Moment? (in en-us)။ 2025-01-14 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-04-27 တွင် ပြန်စစ်ပြီး။