လစ်ဘာတီ ရုပ်တု

ဝီကီပီးဒီးယား မှ
လစ်ဘာတီ ရုပ်တု

လစ်ဘာတီ ရုပ်တုသည် အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေး အထိမ်းအမှတ် ရုပ်တု ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုရှိ နယူးယောက်မြို့ ဆိပ်ကမ်းသို့ ဝင်လိုက်သည်နှင့် ကမ္ဘာကျော် လစ်ဘာတီ ရုပ်တုကြီးကို တွေ့မြင်ရမည်ဖြစ်သည်။ ထိုရုပ်တုကြီးကို ၁၈၈၆-ခုနှစ်တွင် အမေရိကန် တော်လှန်ရေး အောင်မြင်သည့် အထိမ်းအမှတ်အဖြစ် ပြင်သစ်နိုင်ငံက လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားမှ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်း လာရောက် အခြေချသူများအတွက် မျှော်လင့်ချက် သင်္ကေတကိုဖော်ဆောင်သော ရုပ်တုကြီး ဖြစ်သည်။ ထိုရုပ်တုကြီးကို ကြေးပြားများဖြင့် ပြုလုပ်ထားပြီး ရုပ်တုအမြင့်မှာ ၃၀၇-ပေ ရှိသည်။ ၁၉၈၀-ပြည့်နှစ်များတွင် ရုပ်တုကြီးအတွင်းရှိ ရိုးရိုးသံချောင်းများကို သံမဏိစတီးချောင်းများဖြင့် အစားထိုးပြုပြင်ပြီး ပိုမိုခိုင်ခန့် တည်တံ့စေရန် ထိန်းသိမ်းထားသည်။