ရှင်သီလာစာရ

ဝီကီပီးဒီးယား မှ
(လက်ဝဲဆရာတော် မှ ပြန်ညွှန်းထားသည်)

လက်ဝဲဆရာတော် ရှင်သီလာစာရ (၁၁၃၁ - ၁၁၉၅) သည် ဘိုးတော်ဘုရားလက်ထက်တော်အခါက ထင်ရှားခဲသည့် ဆရာတော် ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၃၁ ခုနှစ်တွင် သဇိုးလက်ဝဲရွာ[မှတ်စု ၁]တွင် ဖွားမြင်ခဲ့သည်။

သမဏေပြုသည့်အခါ “ရှင်သီလ” ဘွဲ့ ခံယူခဲသည်။ အရွယ်ရောက်သည့်အခါ “ရှင်သီလာစာရ” ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။

ဘိုးတော်ဘုရားလက်ထက် ၁၁၆၄ ခုနှစ်တွင် မင်းကွန်းစန္ဒာမုနိတန်ဆောင်း၌ ဥဘတောဝိဘင်းကို အာဂုံပြန်ဆိုရာ မင်းတရားကြီးသည် နှစ်သက်တော်မူသည့်အတွက် မြေးတော်အိမ်ရှေ့မင်း ကိုးကွယ်ရန် အပ်တော်မူသည်။ ဆရာတော်သည် မန်လည်သာသနာပြုဆရာတော်၏ တပည့်ဖြစ်သည့်အတွက် ကျမ်းဂန်ကျနသည်။ ဆရာတော်သည် တောရဆောက်တည်သည်သာများ၍ မင်းကွန်းရွှေမြင်တင်တောင်ခါးပန်းတွင် ပြာသာဒ်ဥမင်နှင့် တောကျောင်းဆောက်လုပ်လှူဒါန်းခဲ့သည်။

ဆရာတော်သည် “သီလာစာရသဒ္ဓမ္မာဘိဓဇမဟာဓမ္မရာဇာဓိရာဇဂုရု” တံဆိပ်တော် ရခဲ့သည်။ ထို့ပြင် တောနေသံဃာတို့၏ အဓိပတိသာသနာပြု သာသနာပိုင်ဆရာတော်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၁၉၅ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]

မှတ်စု[ပြင်ဆင်ရန်]

  1. မင်းလှသီရိသီဟသူရ မှတ်တမ်းတွင် ဇာတိပုဂံလယ်ယာရွာဟု ရှိသည်။ သာသနာလင်္ကာရနှင့် မညီပေ။ ထိုမှတ်တမ်း၌ တံဆိပ်တော်ကို သီလာစာရ (သီရိ) သဒ္ဓမ္မာဘိဓဇမဟာဓမ္မရာဇာဓိရာဇဂုရုဟု ပြသည်။ သီရိတလုံး ပိုလေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၆၄၊ ၆၅။