လက်ပလန်နယ်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အမှန်စင်စစ်ဆိုလျှင် လက်ပလန်နယ်သည် တစ်သီး တခြား သတ်မှတ်ထားသည့် တိုင်းပြည်တစ်ခုမဟုတ်ပေ။ လက်ပလူမျိုးတို့ နေထိုင်ရာအရပ်ဖြစ်၍ လက်ပတို့၏ နယ်မြေဟု အဓိပ္ပာယ်ရသည်။ ယင်း ဒေသကား ဥရောပတိုက် မြောက်ပိုင်း ဒေသများဖြစ်သော နော်ဝေး၊ ဆွီဒင်၊ ဖင်းလန်နှင့် ရုရှနိုင်ငံအနောက် ဘက်တို့၏ မြောက်ပိုင်းတစ်လျှောက်ဖြစ် သည်။ ထိုဒေသများ အနက် တစ်ဝက်ကျော်ကျော်မှာ အာတိတ်စက်ဝိုင်း အတွင်း၌ ကျရောက်နေသဖြင့် အလွန်အေးသော အာတိတ်ရာသီဥတုမျိုးရှိ သည်။ တစ်နှစ်တွင် ကိုးလခန့်မှာ ဆောင်းရာသီဖြစ်၏။ နွေရာသ ီမှာလည်း သမပိုင်းဇုန်ရှိ အရပ်များမှ နွေဦးပေါက် ရာသီအစနှင့် တူပေသည်။ အပူဆုံးလဟုဆိုရသည့် ဩဂုတ်လ၌ပင် အပူချိန် ဖာရင်ဟိုက် ၅၆.၂ မျှသာရှိသည်ကို ထောက်ခြင့်ခြင်းအားဖြင့် လက်ပလန်နယ်၏ ရာသီဥတုအခြေအနေကို ခန့်မှန်းနိုင်ပေမည်။

စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလမှစ၍ ရှည်လျားသော ဆောင်းတွင်းအတွက် ပြင်ဆင်မှုများကြိုတင်ပြုလုပ်ထားရလေသည်။ ထို့ပြင် လက်ပလန်နယ်သည် မြောက်ဘက် အစွန်အဖျားတွင် တည်ရှိသဖြင့် တိုတောင်းလှသော နွေရာသီ၌ နှစ်လခန့်မျှ ညဉ့်အခါများတွင် နေ့အခါများကဲ့သို့ ထိန်လင်းလျက်ရှိနေ လေသည်။ လက်ပလူမျိုးတို့သည် ရိန်းဒီးယားခေါ် တန်းဒြသမင် များကို အမှီတံကဲပြုကာ အသက်ရှင်နေကြရသည်ဟု ဆိုရပေမည်။ ထိုဒေသပ တန်းဒြသမင်ပေါင်း ငါးသိန်းခန့်ရှိ၍ လက်ပလူမျိုး လူချမ်းသာတစ်ဦးဆို လျှင် သမင်ပေါင်း ၂ဝဝဝ ခန့် ပိုင်ဆိုင်လေ သည်။ လက်ပလူမျိုးတို့အဖို့ ထိုသမင်များသည် ကျေးဇူးရှင်များပင် ဖြစ်ချေသည်။ တစ်နေရာမှ တစ်နေ ရာသို့ ရွှေ့ပြောင်းသွားလာရာ၌ ထိုသမင်များကို အသုံးပြုကြရသည်။ သမင် နို့ကိုသောက်၍ အသားကို စားကြရသည်။ အဝတ်အစားအတွက် သမင်ရေ ကို ဝတ်ဆင်ကြရသည်။ သမင်ဆွဲ စွပ်ဖားများနှင့်သာ တစ်နေရာမှ တစ်နေ ရာသို့ သွားလာနိုင်ကြသည်။


လက်ပလူမျိုးတို့တွင် တောင်ပေါ်နေ လက်ပလူမျိုး၊ ပင်လယ်တစ် လျှောက်၌နေသော လက်ပံလူမျိုး၊ မြစ်ရိုးတစ်လျှောက်နေလက်ပလ ူမျိုးဟူ၍ သုံးမျိုးရှိသည်။ တောင်ပေါ်နေ လက်ပလူမျိုးတို့သည် သူတို့၏ ရိန်းဒီးယား သမင်အုပ်များနှင့် တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့ နေထိုင်တတ်ကြ သည်။ သမင်းများအတွက် စားကျက်ရှိရာနေရာတွင် ကနား ဖျင်းတဲများထိုး ကာ နေထိုင်တတ ်ကြသည်။ မိသားတစ်စုလုံးသည် မွေးမြူထားသော ခွေး များနှင့် အတူ ကတော့ပုံတဲများတွင် နေလေ့ရှိကာ ရိန်းဒီးယားသမင်မှရ သော နို့၊ ဒိန်ခဲနှင့် အသားတို့ကို မှီဝဲစားသုံးလေ့ရှိသည်။

ပင်လယ်တစ်လျှောက် တွင်နေထိုင်သော လက်ပလူမျိုးတို့သည် လက်ပလန်နယ် ကမ်းရိုးတစ် လျှောက်တွင် အပေါ်မြေလွှာတို့ဖြင့် မံထားသောသစ်ဖြင့် ပြုလုပ်ထားသည့် တဲကြမ်းများတွင် နေထိုင်ကြသည်။ သူတို့သည် တောင်ပေါ်နေ လက်ပလူ မျိုးတို့ထက် ယဉ်ကျေးသည်။ စုစုဝေးဝေး တဲဆောက်၍ နေထိုင်ကြသည်။ မြစ်ရိုးတစ်လျှောက်နေ လက်ပလူမျိုးတို့မှာ လက်ပလူမျိုး သုံးမျိုးအနက် အတိုးတက်ဆုံးဖြစ်သည်။ အသင်းအပင်းနှင့် နေထိုင်တတ်ကြ၍ စိုက်ပျိုးခြင်း လည်း အနည်း ငယ်ပြုသည်။ ငါးဖမ်းခြင်း၊ သားကောင်ဖမ်း ခြင်းများကိုပြု၍ ရိန်းဒီးယား၊ နွားနှင့် သိုးများကိုလည်း မွေးမြူကြသည်။

လက်ပလူမျိုးတို့သည် အာရှတိုက်သားအနွယ်ဝင်များဖြစ်၍ ဘာ သာစကားမှာ ဖင်းလူမျိုးများပြောသော ဘာသာစကားနှင့်ဆင ်တူသည်။ လက်ပလန်နယ်တွင် လက်ပလူမျိုးပေါင်း ၂၅ဝဝဝ ခန့်နေထိုင်ကြ ၏။ ထိုလူမျိုးသည် ဥရောပတိုက်တွင် အသေးကွေး ဆုံးလူမျိုးဖြစ်သည်။ ပျမ်းမျှအရပ်အမောင်းမှာငါးပေသာသာရှိသည်။ သူတို့၏ဆံပင်မှာ ဖြောင့်၍ မည်းနက်ပြီးလျှင် အသားအတန ်ဝါသည်။ နဖူးနိမ့်၍ ပါးရိုးပေါ်လွင်သည်။ နှာခေါင်း ကား၍ပြား၏။ နှုတ်ခမ်းပါးသည်။ ကိုယ်လုံးကိုယ်ထည် သေး ငယ်လှသော်လည်း သန်စွမ်းတောင့်တင်းသူများဖြစ်၏။ လက်ပ လူမျိုးအချို့ သည် လက်ပနယ်မဟုတ်သော အခြားအရပ်များတွင ်လည်း နေထိုင်လျက်ရှိ ကြသည်။

သူတို့သည် သိုးမွေးကိုရက်လုပ်ထားသော အထည်များနှင့် ရိန်းဒီး ယားသားရေများကို ဝတ်ဆင်ကြ၏။ အဝတ်အစားများကို နေ့ရောညဉ့်ပါ မချွတ်မလဲဘဲ ဝတ်တတ်သည်။ ကိုယ်တွင် ဝတ်ထားသော အဝတ်အစားကို အသစ်နှင့်လဲသောအခါမှသာ ချွတ်လေတော့၏။ သူတို့သည် ရေလည်းချိုးခဲ သည်။ တစ်ခါတစ်ရံ မျက်နှာပင်မသစ်ဘဲ နေတတ်သည်။ သို့သော် သူတို့ သည် ကျန်းမာပျော်ရွှင်လျက်ရှိပြီးလျှင် သူတို့ဘဝကို ကျေနပ်နှစ်သက ်ဟန်ရှိ သည်။

လက်ပလူမျိုးတို့သည် ဆင်းရဲပင်ပန်းကြီးစွာ အသက်မွေးနေထိုင်ရ ၍ ရတတ်သမျှနှင့် ရောင့်ရဲတင်းတိမ်နိုင်ကြသည့် လူရိုးလူဖြောင့် များဖြစ် သည်။ များသောအားဖြင့် သနားကြင်နာတတ်၍ အေးချမ်းစွာသာ နေလိုကြ ၏။ လက်ပလူမျိုးအများစုမှာ စာသင် ကျောင်းများနှင့် ဆရာများ အနည်းငယ်မျှသာရှိသောကြောင့် စာမတတ်ကြချေ။ သူတို့သည် များသော အဖြင့် ပရိုတက်စတင့် ဂိုဏ်းဝင် ခရစ်ယာန်ဝါဒီများဖြစ်ကြသည်။ ဘုရားရှိခိုးကျောင်းတက ရန်အတွက် အလွန်ဝေးလံသော အရပ်များမှပင် လာရောက်ကြ ရလေသည်။

လက်ပလူမျိုးတို့သည် လွန်ခဲ့သည့် ထောင်ပေါင်းများစွာသော နှစ်ကာလက အာရှအလယ်ပိုင်းမှ လာရောက်နေထိုင်သည်ဟု ယုံကြည်ရပေ သည်။ ခရစ် ၁၃ဝဝ ပြည့်နှစ်ခန့်က ဖင်းလူမျိုး ကုန်သည်တို့သည် လက်ပ လူမျိုးတို့နှင့် ကုန်ကူးသန်းခြင်း ပြုကြသည်။ ဆွိဘုရင်တို့သည် ခရစ် ၁၅ဝဝ ပြည့်နှစ်အထိ လက်ပလူမျိုးတို့၏ ဘုရင်ဟူသောဘွဲ့ကို ယူခဲ့ကြပေ သည်။ လက်ပလန်နယ်မှာ အလွန်အေးသော လွင်တီးခေါင်အရပ်ဖြစ်၍ သစ်ပင်အနည်းငယ်သာပေါက်သည်။ ပေါက်ရောက်သော သစ်ပင်၊ ပန်းပင် များမှာလည်း သေးလှီပုကွလေသည်။ လက်ပလန်နယ်၏ အဖိုးတန်ဆုံး ပစ္စည်းအားမှာ သံဖြစ်သည်။ ဆွီဒင်နိုင်ငံတွင်ပါဝင် ်သော လက်ပလန်နယ် အပိုင်းတွင် သံအကြီးအကျယ် တူးဖော်ရရှိ၏။ ကမ္ဘာပေါ်တွင် အကောင်းဆုံးနှင့် အကြီးဆုံးသံတွင်းများဟု ဆိုလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)