ရှေးဦးသူနာပြု

ဝီကီပီးဒီးယား မှ

ရှေးဦးသူနာပြုဆိုသည်မှာ ဒဏ်ရာရခြင်း၊ ရောဂါဖြစ်ခြင်းတို့အား ဆေးခန်း၊ ဆေးရုံမရောက်မီ သာမန်လူတဦးက အကန့်အသတ်ဖြင့် ပြုစုစောင့်ရှောက်ပေးခြင်းကို ခေါ်သည်။ အခြေခံ ဆင်ခြင်တုံတရားဖြင့် ပြုစုစောင့်ရှောက်ရခြင်း ဖြစ်သည်။ သို့ရာတွင် အသက်ကယ်ရန် အချို့ကိစ္စများအတွက် လက်တွေ့ သင်ကြား တတ်မြောက်မှု လိုအပ်သည်။ ဥပမာ Cardio-Pulmonary Resuscitation (CPR) နှလုံး-အဆုပ် ပြန်လည် အလုပ် လုပ်စေရန် ပြုလုပ်ပေးခြင်းတို့ ဖြစ်သည်။

ဒဏ်ရာ အနာတရဖြစ်နေသူ၊ ရောဂါဝေဒနာတစ်ခုခု ခံစား နေရသူ တစ်ဦးတစ်ယောက်အား ရှောင်တခင် ပြုစုပေးမှုကို ရှေးဦးသူနာပြုခြင်းဟု ခေါ်သည်။ အရေးတကြီး ဖြစ်နေချိန်တွင် ရှေးဦးသူနာ ပြုနည်းများသည် ဝေဒနာခံစားနေရမှုကို လျော့ပါး စေခြင်း၊ ဖြစ်ပြီး ဝေဒနာကို မတိုးစေခြင်းနှင့် တစ်ခါတစ်ရံ အသက်တစ်ချောင်းကို ကယ်ဆယ်နိုင်သည့်အခါမျိုးပင် ရှိခဲ့ သည်။ ရှေးဦးသူနာပြု၏ ရည်ရွယ်ချက်သည် ဆရာဝန်တစ်ဦး တစ်ယောက် မရောက်လာမီ လူနားအား အခိုက်အတန့် သက် သာအောင် ပြုစုပေးရန်မျှသာ ဖြစ်လေသည်။

ရှေးဦးသူနာပြုအတတ်ကို ကောင်းစွာ အသုံးချလျက်ရှိ သော ကမ္ဘာကျော်အဖွဲ့အစည်းကြီးသည် ကူညီရသော အလုပ်မျိုး ဖြစ်၍ ထိုမွန်မြတ်သော အတတ်ကို လူတိုင်းလူတိုင်း တတ်သိ ကျွမ်းကျင်နိုင်ရန် ကြိုးစားသင့်ကြပေသည်။ အချို့ကျောင်းများ တွင် လေ့ကျင့်သားရပြီးသော ကြက်ခြေနီအသင်းဝင်များသည် ရှေးဦးသူနာပြုအတတ် သင်ကြားရေးကို ဦးစီးဆောင်ရွက်ပေးကြ လေသည်။ ထိုအတတ်သည် ကင်းထောက်လုလင်နှင့် ကင်း ထောက်မယ်များ တတ်သိကျွမ်းကျင်ထားအပ်သော အတတ် တစ်ရပ်လည်း ဖြစ်ပေသည်။ ရှေးဦးသူနာပြုသည် အလေ့အကျင့် ကောင်းမွန်စွာ ရှိထားပါမှလည်း ကျွမ်းကျင်နိုင်သည်။ ယခုအခါ ကျောက်မီးသွေး စသော အလေ့အကျင့် ကောင်းမွန်စွာ ရှိထား ပါမှလည်း ကျွမ်းကျင်နိုင်သည်။ ယခုအခါ ကျောက်မီးသွေး စသော သတ္တုတူးဖော်ရေးဌာနများ၊ စက်ရုံ အလုပ်ရုံများတွင် လည်း ရှေးဦးသူနာပြုအတတ်ကို သင်ကြားစေလျက် အဖွဲ့များ ဖွဲ့စည်းထားကြလေသည်။

ရှေးဦးသူနာပြုတစ်ဦးသည် ဆရာဝန်၊ ဆရာမနီးပါး ကျွမ်း ကျင်တတ်မြောက်ရမည်ဟု မဆိုလိုချေ။ လူနာတွင် ခံစားနေရ သော ဝေဒနာကို အခြေအနေပို၍ ဆိုးမသွားစေရန် ဖေးမပြုစု ပေးရုံမျှသာ ဖြစ်လေသည်။ ရှေးဦးသူနာပြုမည့်သူ သတိထားရ မည့် အချက်တစ်ရပ်သည်ကား မတော်တဆကိစ္စမျိုးနှင့် ကြုံခဲ့ လျှင် ထိတ်လန့်တကြား မဖြစ်ဘဲ စိတ်အေးအေးထား၍ ဖျတ် လတ်သွက်လက်စွာ လုပ်ကိုင်တတ်ရန် လိုအပ်သည်။ ထိတ် ထိတ်ပြာပြာဖြစ်လျက် ယောင်းတီးယောင်တ မပြုလုပ်သင့်ပေ။ ပြုလုပ်သင့်သောကိစ္စကို သေချာစွာ သိရှိ ကျွမ်းကျင်မှသာလျှင် ပြုလုပ်ထိုက်၍ ဝိုးတိုးဝါးတားဖြစ်နေလျှင် ကျွမ်းကျင်နားလည် သူ တစ်ဦးဦးကို ခေါင်းဆောင်စေသင့်သည်။ သို့မဟုတ်က မိမိ တတ်ယောင်ကားနှင့် လက်တဲ့စမ်းမှုကြောင့် လူနာမှာ ဝေဒနာ ပို၍ တိုးသွားတတ်လေသည်။

ခရီးသွားယင်းလာယင်း လမ်းတွင် မတော်တဆ ထိခိုက်မှု ကိစ္စမျိုးကို ကြုံတွေ့ရသည် ဆိုပါစို့။ ထိုကိစ္စသည် သွေးထွက် သံယိုမှုလော၊ ရေနစ်ခြင်း၊ ဓာတ်လိုက်ခြင်းကဲ့သို့ ကိစ္စမျိုးလော။ အဆိပ်သင့်သည့်ကိစ္စမျိုးလောဟု ရှေးဦးစွာ စူးစမ်းသင့်ပေသည်။ ကြီးကြီးကျယ်ကျယ် ဒဏ်ရာအနာတရ ဖြစ်သည်နှင့် တစ်ပြိုင်နက် လူနာသည် ထိတ်လန့်သွားတတ်သည်။ လူနာ သည် မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီးလျှင် ခြေလက်များ အေးစက်စီးကပ်နေကာ သွေးခုန် အလွန်နှေးနေတတ်သည်။ ထိုအခါ လူနာကို ပက်လက်နေစေပြီးလျှင် ဦးခေါင်းနှင့် ကိုယ်ကို တစ်ပြေးတည်း ရှိစေရမည်။ လူနာအအေးမမိစေရန် စောင်၊ သို့မဟုတ် အဝတ်ဖြင့် ခြုံပေးထားပြီးလျှင် ကော်ဖီ၊ လက်ဖက်ရည် စသော ခပ်နွေးနွေး သောက်စရာတစ်ခုခုကို တိုက်ပေး၍ ကိုယ်တွင်း၌ပါ နွေးသွားအောင် ပြုပေးရသည်။ ရင်ပတ်၌ ဒဏ်ရာရခြင်း၊ သို့မဟုတ် နှလုံးရောဂါကြောင့် ဝေဒနာခံစားနေရသော လူနာဖြစ်လျှင်မူ စန့်စန့်လဲလျောင်းနေ ရက အသက်ရှူခက်နေတတ်သဖြင့် ဦးခေါင်းကို ခပ်မြင့်မြင့်ထား ပေးရမည်။

ဒဏ်ရာကြီးကြီးကျယ်ကျယ်ဖြစ်တိုင်း လူနာသည် လန့် သွားတတ်သည်။ လူနာကို ကြမ်းတမ်းစွာ ကိုင်တွယ်ခြင်း၊ ဝေဒနာ နာကျင်ခြင်း၊ သွေးမတိတ်ခြင်းတို့ကြောင့် လူနာသည် ပို၍ ထိတ်လန့်လာတတ်သည်။ ထိုသို့ လန့်နေခြင်းကို အထက် တွင် ဆိုခဲ့သည့်အတိုင်း ထွေးထွေးနွေးနွေး လဲလျောင်းနေစေပြီး ခပ်နွေးနွေး သောက်စရာတစ်ခုခု တိုက်ပေးခြင်းဖြင့် အလန့်ပြေ သွားအောင် ပြုလုပ်ပေးရမည်။ လူနာသည် အော်ကလီဆန်နေ လျှင်လည်းကောင်း၊ သတိလစ်နေလျှင်လည်းကောင်း သောက် စရာ အရည်ကို မတိုက်သင့်ပေ။

ထိုသို့ အလန့်ပြေအောင် ပြုပြီးနောက်၊ လူနာကို ညင်သာ စွာနှင့် သေချာစွာ စစ်ဆေးကြည့်ရမည်။ ထိုနောက်မှ ဆောင် ရွက်ဖွယ် ရှိသမျှကို ဆောင်ရွက်သင့်ပေသည်။

ရည်ရွယ်ချက်များ[ပြင်ဆင်ရန်]

  1. အသက်ကယ်ရန် (Preserve life)
  2. နောက်ထပ် ထိခိုက်ဒဏ်ရာ မရစေရန် (Prevent further injury)
  3. လျင်မြန်စွာ ပြည်လည်ကောင်းမွန်လာစေရန် (Promote recovery)
  4. မိမိကိုယ်ကိုလဲ ကာကွယ်နိုင်ရန် (Protect yourself)

တတ်ထားရမည့် အဓိကကျွမ်းကျင်မှုများ၊ (ဘီ ၃ လုံး)3 Bs for First Aid[ပြင်ဆင်ရန်]

  • Breathing အသက်ရှူခြင်း
  • Bleeding သွေးထွက်ခြင်း
  • Bones အရိုးထိခိုက်ခြင်း

ရှေးဦးသူနာပြုခြင်း၏ (အေ၊ ဘီ၊ စီ)ABC of First Aid[ပြင်ဆင်ရန်]

  • Airway အသက်ရှူလမ်းကြောင်း၊
  • Breathing အသက်ရှူနိုင်ခြင်း၊
  • Circulation သွေးလှည့်ပတ်နေခြင်း

ရှေးဦးသူနာပြုအိပ်[ပြင်ဆင်ရန်]

  1. ကပ်သည့် ပလာစတာ၊ Adhesive tape
  2. ဆန့်နိုင် ကြုံ့နိုင်သော ပလာစတာလိပ်၊ Adhesive bandages
  3. ထုံဆေးပန်းသည့် ဆေးပုလင်း၊ Anesthetic spray
  4. Antibiotic cream (Povidone-Iodine, Burnol ointment, Iodine 2%)
  5. အနာ၊ ဒဏ်ရာတို့ကိုဆေးရန် ပိုးသတ်ဆေးရည်၊ Antiseptic solution (Savlon, Hydrogen Peroxide)
  6. ပတ်တီးအရွယ်စုံ (၁ လက္မ၊ ၂ လက္မ၊ ၃ လက္မ၊)၊Bandages
  7. စောင်၊ Blanket
  8. အယား သက်သာစေသော ဆေးရည်၊ Calamine Lotion
  9. ဂွမ်းလိပ်၊ Cotton wool
  10. ဆေးခန်းသုံး အရက်ပြန်ပုလင်း၊ Ethyl alcohol
  11. လက်စွဲစာအုပ်၊ First Aid manual
  12. လက်နှိပ်မီး (ဓာတ်ခဲ)၊ Flashlight and extra batteries
  13. ရိုးရိုးဇာဂနာ (ညှပ်)၊ Forceps
  14. သွေးကြောညှပ် ဇာဂနာ၊ သွေးထွက်နေသည့် ဒဏ်ရာမှသွေးကြောအား ညှပ်ရန်၊ Artery Forceps
  15. မျက်စဉ်း၊ နားထဲထည့်ဆေးရည်၊ Eye/Ear drop and ointment
  16. မရမ်းရောင်ဆေးရည်၊ မီးလောင်နာ၊ လျှာနာအတွက် လိမ်းရန်ဆေး၊ Gentian Violet
  17. အသင့်ကပ်နိုင်သော ပလာစတာ၊ Handiplast
  18. ရေနွေးအိတ်၊ ခြေလက်များ အေးစက်နေသည့်အခါ၊ အနာအကိုက် သက်သာစေရန်၊ Hot-water bag
  19. ရေခဲအိတ်၊ အဖျားတက်သည့်အခါ၊ ရုတ်တရက် ဒဏ်ရာရသည့်အခါ သုံးရန်၊ Ice-water bag
  20. လင်နမင် လိမ်းဆေးရည်၊ အဆစ်၊ အရိုး၊ ကြွက်သားနာခြင်းအတွက်လိမ်းရန်၊ Liniment
  21. လက်အိပ်၊ Gloves
  22. ပင်းချိတ်၊ Safety pins
  23. ကပ်ကြေး၊ Scissors
  24. ဆပ်ပြာ၊ Soap
  25. ပိုးသန့်ပြီးသား ပိတ်ကျဲစ၊ Sterile gauze
  26. အပူချိန်တိုင်း ပြဒါးတိုင်၊ Thermometer
  27. သွေးဖိအားတိုင်းကရိယာ၊ BP apparatus
  28. သုံးဒေါင့်ပတ်တီး၊ Triangular bandage
  29. (ရှေးဦးသူနာပြုစုပေးမည့်သူ၏ ကြွမ်းကျင်မှုကိုလိုက်၍)Domestic medicines အိမ်သုံးဆေးများ
  30. (ရှေးဦးသူနာပြုစုပေးမည့်သူ၏ ကြွမ်းကျင်မှုကိုလိုက်၍)Essential medicines မရှိမဖြစ်ဆေးများ

အသက်ရှူလမ်းကြောင်း စစ်ဆေးခြင်းA for Airway[ပြင်ဆင်ရန်]

  • လူနာ၏ အသက်ရှူလမ်းကြောင်း ပိတ်နေ၊ မနေကို စစ်ဆေးပါ။ လူနာကို မာသောကြမ်းပြင်ပေါ်ထားပါ။
  • လည်ပင်းကျိုးခြင်း ရှိ၊ မရှိကြည့်ပါ။ လည်ပင်းအား ဆန့်ထုတ်ခြင်း၊ မေးစေ့အား မတင်ခြင်းဖြင့် လူနာ၏
  • လျှာသည် အသက်ရှူလမ်းကို ပိတ်မနေအောင် လုပ်ပါ။

အသက်ရှူ၊ မရှူ စစ်ဆေးခြင်းB for Breathing[ပြင်ဆင်ရန်]

လူနာသည် အသက်ရှူနေခြင်း ရှိ၊ မရှိကို ပါးစပ်၊ ရင်ဘတ်နှင့် ဝမ်းဗိုက် လှုပ်ရှားမှုကို ကြည့်၍ စစ်ဆေးပါ။ မရှိပါက ချက်ချင်း Mouth-to-mouth နည်းခြင့် အသက်ရှူသွင်းပေးရမည်။

သွေးလှည့်ပတ်မှူစစ်ခြင်းC for Circulation[ပြင်ဆင်ရန်]

(နှလုံးအလုပ် လုပ်-မလုပ်စစ်ခြင်။ လည်ပင်းရှိ (ကရောတစ်) သွေးလွှတ်ကြောအား စမ်းပါ။ သွေးခုန်မှုမတွေ့ရပါက (စီ-ပီ-အာရ်) လုပ်ပါ။

နှလုံးခုန်စေသည့်စက်အား အသုံးချခြင်းD for Defibrillation[ပြင်ဆင်ရန်]

ပါးစပ်မှပါးစပ် လေမှုတ်သွင်းနည်းMouth-to-Mouth[ပြင်ဆင်ရန်]

  1. ပါးစပ်၊ အာခေါင်၊ လည်ချောင်းထဲ ပစ္စည်းများ (အမှိုက်၊ အန်ဖတ်၊ အဝတ်စ) ဆို့ပိတ်နေပါက ဖယ်ရှားပါ။
  2. လူနာကို ပက်လက်လှန်ထားပါ။ မာသော ကြမ်းပြင်ဖြစ်က ပိုကောင်းသည်။
  3. လူနာ၏ လည်ပင်းကို ဆန့်လျက် မေးစေ့ကို အထက် (ရှေ့)သို့ မတင်ပေးပါ။
  4. လူနာ၏ ပါးစပ်ကို ဖွင့်ထားပါ၊ မိမိက လေတဝကြီး ရှူလိုက်ပြီး၊ လူနာ၏ ပါးစပ်ကို မိမိပါးစပ်နှင့် တေ့ပိတ်လျက် လေသွင်းပေးပါ။
  5. ပါးစပ် ဖွင့်ရပါက နှာခေါင်းကို မိမိလက်နှင့်ပိတ်ပြီး၊ ပါးစပ်ကနေ လေသွင်းပါ၊ ပဌမဦးစွာ (၂)ကြိမ်လုပ်ပါ။

ထိုသို့လုပ်ရသည်မှာ အချိန်တစ်စက္ကန့်သာ ကြာမည်။

  1. လူနာ၏ အဆုပ်ကို လေဘူဘောင်းကဲ့သို့ အတင်းဖေါင်းသွားအောင် လုပ်ရန်မလိုပါ။
  2. နှစ်ကြိမ်လုပ်ပြီး ပြန်လည်ရှူလာမည်။ မရှူသေးပါက (စီ-ပီ-အာရ်)လုပ်ပါ။

နှလုံး-အဆုပ် ပြန်လည် အလုပ်လုပ်စေရန် ပြုစုခြင်း အေ-ဘီ-စီ-ဒီ

  • A for Airway (အေ) အသက်ရှူလမ်းစစ်ဆေးပါ၊
  • B for Breathing (ဘီ) အသက်ရှူခြင်းရှိ-မရှိစစ်ဆေးပါ၊
  • C for Circulation (စီ) သွေးလည့်လည်ခြင်းရှိ-မရှိစစ်ဆေးပါ၊
  • D for Defibrillation (ဒီ) လျှပ်စစ်ဓာတ်သုံး နှစ်လုံးခုန်စေသည့်စက်၊


Cardio-Pulmonary Resuscitation (CPR) နှလုံး-အဆုပ်ပြန်လည်အလုပ်လုပ်စေရန် အရေးပေါ်ပြုစုပေးခြင်း နှလုံး-အဆုပ်ရုတ်တရက် ရပ်သွားစေတတ်သည့်အကြောင်းများ ၁) Cardiac Arrest နှလုံးခုန်ရပ်သွားခြင်း၊
၂) Cardiac Attack နှလုံးသွေးကြောပိတ်ခြင်း၊
၃) Drowning ရေနစ်ခြင်း၊
၄) Drug Overdose ဆေးအလွန်များသွားခြင်း၊
၅) Poisoning အဆိပ်သင့်ခြင်း၊
၆) Electrocution လျှပ်စစ်ဓာတ်လိုက်ခြင်း၊

• လူနာကို မာသောကြမ်းပြင်ပေါ် ထားပါ၊ • မိမိက လူနာ၏ ဘေးမှာ ဒူးနှစ်ဖက် ထောက်ပြီး ထိုင်ပါ။ • လူနာမှ တင်းကြပ်နေသော အဝတ်အစားများ လျော့ပါ-ဖယ်ပါ။ • မိမိ၏ လက်ဝါး နှစ်ဖက်ကို ထပ်လျက် လူနာ၏ ရင်ပတ် အလယ်တည့်တည့် နို့အုံနှစ်ဖက်၏ အလယ်၊ ရင်ညွန့်ရိုး အပေါ်မှာ တင်ပါ၊ • မိမိ၏ လက်နှစ်ဖက်ကို ဆန့်တန်းထားပြီး၊ မိမိ၏ ကိုယ်အလေးချိန်ကို မိမိလက်နှစ်ဖက်အပေါ်သို့ ပြောင်းရွှေ့ကာ၊ မိမိ၏ လက်ပါးနှစ်က လူနာ၏ရင်ပတ်ကို ဖိချပေးရမည်။ • နှစ်လက်မခန့်ကျသွားအောင် ဖိလိုက်ပြီးနောက် လုံးဝကြွလိုက်ရမည်။ • တမိနစ်လျင် အကြိမ် ၁၀ဝ နှုန်းဖြင့် ထိုအတိုင်း ဖိလိုက်-ကြွလိုက် လုပ်ရမည်။ • အကြိမ် ၃၀ လုပ်ပြီးတိုင်း၊ ပါးစပ်မှလေသွင်းခြင်း (၂)ခါ လုပ်ရမည်။ • ရင်ပတ် ဖိ-ကြွခြင်းနှင့် ပါးစပ်မှလေသွင်းခြင်းကို စုစုပေါင်း (၂)မိနစ် သို့မဟုတ် (၅)ပါတ် လုပ်ရမည်။

တနှစ်အောက်ကလေးအား (စီ-ပီ-အာရ်) လုပ်နည်း • အသက်ရှူလမ်း စစ်ဆေးပါ။ ပိတ်နေလျင် ဖွင့်ပါ။ • လေနှစ်ကြိမ် ညင်သာစွာ သွင်းပေးပါ။ ကလေး၏ ပါးစပ်ရော နှာခေါင်းပါ မိမိ၏ ပါးစပ်က ငုံပိတ်လျက် လေသွင်းပါ။ • ကလေး၏ ရင်ပတ်ပေါ် မိမိလက်ဝါးနှစ်ဖက် ထပ်တင်လျက် ကလေးရင်ပတ်၏ သုံးပုံတပုံ ပြားသွားအောင် ဖိပေးပါ။ • တမိနစ်လျင် အကြိမ် ၁၀ဝ နှုန်။ ဖြင့် အခါ ၃၀ လုပ်ပြီးတိုင်း ပါးစပ်မှ လေသွင်းရမည်။ • လူကြီးကဲ့သို့ အကြိမ် ၃၀ ဖိပြီးတိုင်း၊ လေနှစ်ခါမှုတ်သွင်းပေးရမည်။ • စုစုပေါင်း (၂)မိနစ် သို့မဟုတ် (၅)ပါတ် လုပ်ရမည်။

Choking (ချုပ်ခ်) ဖြစ်ခြင်း၊ မရှူနိုင်-မမြိုနိုင်ဖြစ်ခြင်း • မရှူနိုင်-မမြိုနိုင်ဖြစ်နေ-မနေ မေးပါ။ • ရေ စသည် အသောက် မခိုင်းရ၊ • အမေးကို မဖြေနိုင်ဘဲ လက်ဟန် ခြေဟန်နှင့် ပြပါက အရေးကြီးနေပြီ။ • မျက်နှာပြာလာမည်။ အသက် မရှူနိုင်တော့။ • ဝမ်းဗိုက်အား ချောင်းဆိုးတာစေရန် ပြုလုပ်ပေးသည့်နည်းသုံးပါ။ • လျင်မြန်စွာ ဝမ်းဗိုက်အား အထက်ဆီသို့ တွန်းတင်ပေးခြင်း ဖြစ်သည်။ • လူနာအား ရှေ့သို့ အနည်းငယ် ကိုင်းထားပါ။ • လူနာ၏ နောက်မှနေ၍ မိမိလက်တဖက်အား လက်သီးဆုပ်ပါ။ • အခြားလက်က လက်သီးဆုပ်ထားသည့်လက်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပါ။ • ၎င်းလက်များကို လူနာ၏ နံရိုးများ၏အောက်နားတွင် ထားပါ။ • လျင်မြန်စွာဖြင့် မိမိလက်နှစ်ဖက်အား အထက်နှင့်အတွင်းဘက်သို့ တွန်းတင်လိုက်ပါ။ • လူနာသည် ချောင်းဆိုးထုတ်လိုက်မည်။ • အသက်ပြန်ရှူလာသည်အထိ ထပ်လုပ်ပါ။ လူနာက သတိလစ်နေလျှင် ပက်လက်လဲနေပါစေ။ • လူနာ၏အနီး ဒူးထောက်၍ထိုင်ပါ။ • မိမိ၏ လက်ဖနောင့်အား လူနာ၏ ဝမ်းဗိုက်၊ နံရိုးများအောက်နားတွင် တင်၍ မိမိ၏ နောက်လက် နှစ်ဖက်ကို ထပ်ကာ အတွင်းနှင့် အထက်ဆီသို့ ဖိပေးပါ။ • ၅ ကြိမ် လုပ်ပါ။ • လိုအပ်လျှင် (စီပီအာရ်) လုပ်ပါ။

Bleeding သွေးယိုခြင်း[ပြင်ဆင်ရန်]

နှာခေါင်းသွေးယိုခြင်း နှာခေါင်းထဲက သွေးပြန်ကြောလေးတခုခုပေါက်ခြင်း၊ ကြောက်ရန်မလို၊ အိမ်မှာ ကုသနိုင်၊ ဖြစ်စေသည့် အကြောင်းရင်းများ၊ ခြောက်သွေ့ခြင်း၊ နှာခေါင်းကို ဆွဲလိမ်ခြင်း၊ နှာခေါင်းဒဏ်ရာရခြင်း၊ ဆေးဝါး (အက်စ်ပရင်) ကြောင့် နှာခေါင်းထဲ တခုခုဝင်ခြင်း၊ ထိခိုက်မိခြင်း၊ မတည့်ဖြစ်ခြင်း၊ ပိုးဝင်ခြင်း၊ သွေးဖိအား (BP) တက်ခြင်း၊ Atherosclerosis သွေးကြောကျဉ်းရောဂါ၊ သွေးခဲရောဂါ၊ ကိုကိန်းဆေး။

အမျိုးအစားများ[ပြင်ဆင်ရန်]

  1. နှာခေါင်းရှေ့ပိုင်းမှ ယိုခြင်း

နှာခေါင်းအား ပိုင်းထားသည့် အကန့်မှ ယိုသည်၊ နှာခေါင်းအား ထိုးမိ၍ဖြစ်သည်၊ နှာခေါင်း၏ ရှေ့မှ ယိုမည်။ ရပ်နေလျှင်၎င်း၊ ထိုင်နေလျှင်၎င်းယိုမည်၊ ပူသောရာသီ၊ အေးလွန်းသောရာသီ တို့၌ ဖြစ်တတ်သည်။

  1. နှာခေါင်း နောက်မှယိုခြင်း

နှာခေါင်းနောက်ပိုင်းမှ ထွက်သည်။ နှာခေါင်းနောက်၊ အာခေါင်သို့ ထွက်မည်။ အသက်ကြီး၊ သွေးဖိအား (BP) များသူများ ဖြစ်တတ်၊ ဆိုးဝါးနိုင်သည်။

ကုသရန်[ပြင်ဆင်ရန်]

• ထိုင်ပါ၊ • ရှေ့သို့ ကိုင်းထားပါ။ • နှာခေါင်း၏ ပျော့သည့်အပိုင်းအား လက်ချောင်းနှစ်ချောင်းဖြင့် ညှစ်ပါ။ • ဆက်တိုက် ညှစ်ရမည်။ • (၁၀) မိနစ်ကြာပါစေ။ • ကလေးဖြစ်ပါက အာရုံ ပြောင်းပေးပါ။ • နှာခေါင်းကို (၂) ရက်တိုင် မထိခိုက်စေရန် သတိပေးပါ။ • နှာခေါင်းအပေါ် ရေခဲတင်ပေးပါ။ • (၁၅) မိနစ်အထိ မရပါက၊ ထိခိုက်မိ၍ယိုခြင်း ဖြစ်ပါက ဆရာဝန်ပြပါ။၊ • ခဏခဏယိုပါက ဆရာဝန်ပြပါ။

သွားဖုံးသွေးယိုခြင်း[ပြင်ဆင်ရန်]

ဖြစ်စေသည့် အကြောင်းအရင်းများ မသန့်ရှင်းခြင်း၊ ထိခိုက်မိခြင်း၊ ရောင်ခြင်း၊ ဗီတာမင် (စီ)၊ ဗီတာမင် (ကေ) နည်းခြင်း၊ အစာ ပူပူစားခြင်း၊ ဓာတုဆေးများကြောင့် ဖြစ်ခြင်း၊ Leukemia ခေါ် သွေးအားနည်းရောဂါ၊ ကိုယ်ဝန်ရှိစဉ်။

ကုသရန်[ပြင်ဆင်ရန်]

ရေခဲဖြင့် ဖိပေးပါ။ ဆားထည့်ထားသည့် ရေခပ်နွေးနွေးဖြင့် တနေ့ (၂) ကြိမ် လုပ်ပေးပါ။ မရပါက ဆရာဝန်ပြပါ။ Aspirin အကိုက်အခဲပျောက်ဆေးများ မသောက်ရ၊ ဗီတာမင် စီ သောက်ပါ။ ခဏခဏယိုပါက ဆရာဝန်ပြပါ။

ကာကွယ်ရန်[ပြင်ဆင်ရန်]

ဆေးလိပ်မသောက်ရ။ ဆေးမငုံရ၊ ကစီဓာတ်များသည့် အစားအစာ ရှောင်ပါ။ သွားပွတ်တံ မမာစေရ၊ သွားသန့်ရှင်းရေး မှန်မှန်လုပ်ပါ။

သွေး များများယိုထွက်ခြင်း[ပြင်ဆင်ရန်]

ပါးစပ်၊ ဒဏ်ရာ၊ အရေပြား၊ အတွင်းပိုင်းရှိ အင်္ဂါများမှ ယိုနိုင်သည်။

ဖြစ်စေသည့်အကြောင်းအရာများ[ပြင်ဆင်ရန်]

မတော်တဆဖြစ်ခြင်း၊ ဒဏ်ရာရခြင်း၊ သွားနှုတ်ခြင်း၊ ဆေးကုနေစဉ်ဖြစ်ခြင်း၊ နေမကောင်းစဉ် ဖြစ်ခြင်း၊ Hemophilia, Scurvy, Cancer, Thrombocytopenia, A plastic Anemia, Leukemia, Peptic Ulcer, Platelet Disorder, Liver Disease, Septicemia စသည့်ရောဂါများ၊ လက္ခဏာများ ဒဏ်ရာ၊ အနာတို့မှ သွေးထွက်ခြင်း၊ သွေးခြည်ဥဖြစ်ခြင်း၊ ပါးစပ်၊ နှာခေါင်း၊ စအိုတို့မှ သွေးထွက်ခြင်း၊ ဆီးထဲ သွေးပါခြင်း၊

ကုသရန်[ပြင်ဆင်ရန်]

• လူနာမကိုင်မီ လက်ကို စဉ်ကြယ်အောင် ဆေးပါ။ • လက်အိပ်စွပ်ပါ။ • လူနာကို လှဲနေစေပါ။ • ခြေရင်းပိုင်း မြှင့်ထားပါ။ • သွေးထွက်သည့်နေရာကို ဖြစ်နိုင်ပါက မြှင့်ထားပါ။ • မလိုအပ်သော သွေးခဲစသည့် အစိတ်အပိုင်းများ ဖယ်ရှားပါ။ • သန့်ရှင်းသော အဝတ်စ၊ ပတ်တီး၊ လက်ဖြင့် သွေးထွက်သည့်နေရာကို (၂၀) မိနစ်ခန့် ဖိထားပါ။ • အဝတ်စ၊ ပတ်တီးတို့ကို မဖယ်ဘဲ ပလာစတာကပ်ပါ။ • သွေးထပ်စိုလာပါစေ ပတ်တီးမဖယ်ပါနှင့်။ • လိုအပ်ပါက နောက်ထပ်၍ ပတ်တီး၊ ပလာစတာသုံးပါ။ • လိုအပ်ပါက သွေးထွက်စေသော သွေးလွှတ်ကြောအား ဖိအားပေးပါ။ ဥပမာ လက်ဆိုလျှင် ဂျိုင်း၊ လက်မောင်း ခြေထောက်ဆိုလျှင် ပေါင်ခြံ၊ ပေါင်။

ဆရာဝန်ပြရန်[ပြင်ဆင်ရန်]

ထိုသို့မှ မရလျှင် နှာခေါင်း၊ နားတို့မှ သွေးယိုလျှင်၊ သွေးအန်လျှင်၊ ချောင်းဆိုးရာ၌ သွေးပါလျှင်၊ အတွင်းဒဏ်ရာ အထက် သွေးခြေဥ ဖြစ်လာလျှင်၊ ဝမ်းဗိုက် တင်းလာလျှင်၊ အရိုးကျိုးလျှင်၊ (ရှော့ခ်) ရလျှင် ဆရာဝန်ပြပါ။

ရှောင်ရန်များ[ပြင်ဆင်ရန်]

လွဲသွားသော အင်္ဂါအစိတ်အပိုင်းတွေ့လျှင် မဖယ်ရ၊ မပြင်ရ၊ ဒဏ်ရာကို အဝတ်သန့်သန့်ဖြင့် ဖုံးပေးပါ။ ဒဏ်ရာထဲက ပစ္စည်းများ ဖယ်မပြစ်ရ။

B for Bone အရိုး[ပြင်ဆင်ရန်]

Fracture အရိုးကျိုးခြင်း

အမျိုးအစားများ[ပြင်ဆင်ရန်]

1. Closed fracture ကျိုးသည့်နေရာသည် ပိတ်နေခြင်း၊ 2. Open fracture ကျိုးသည့်နေရာသည် အပြင်သို့ ပွင့်နေခြင်း၊ 3. Complicated fractures ကျိုးရုံသာမက အခြားဒဏ်ရာများ ပါနေခြင်း၊ 4. Greenstick fracture ကလေးများတွင် ဖြတ်တတ်သော သစ်စိမ်းချိုး ကျိုးခြင်း၊

လက္ခဏာများ[ပြင်ဆင်ရန်]

• နာကျင်ခြင်း၊ • လှုပ်ရှားမှုခက်ခြင်း၊ • မလှုပ်နိုင်ခြင်း၊ • ရောင်ခြင်း၊ • သွေးခြည်ဥခြင်း၊ • သွေးထွက်ခြင်း၊ • ဖိလျှင်-ထိလျှင် နာခြင်း၊ • ပုံသဏ္ဌာန် ပြောင်းသွားမည်။

လုပ်ဆောင်ရန်များ[ပြင်ဆင်ရန်]

1. သွေးမထွက်ရန်လုပ်ပါ။ 2. အနာဆေးထည့်ပါ။ 3. အသက်ရှူမှု စစ်ဆေးပါ။ 4. လူနာကို နှစ်သိမ့်ပါ။ 5. တခြားဒဏ်ရာ ရှိ-မရှိစစ်ဆေးပါ။ 6. ကျိုးသည့်အပိုင်းကို မလှုပ်ရှားအောင်လုပ်ပါ။ 7. ရေခဲတင်ပေးပါ။ 8. နှိပ်မပေးရ။ 9. ခြေထောက်-လက် ကျိုးလျှင် ဆန့်ဆွဲမပေးရ၊ 10. အထိန်းမပါဘဲ မရွှေ့ရ။ 11. အစားအစာ မပေးသေးပါနှင့်။ မေ့ဆေးပေးပြီးကုရလျင် အစားမရှိမှ ကောင်းသည်။ 12. ဆရာဝန်ပြပါ။

Open Fracture အရိုးကျိုးခြင်းနှင့်အတူ အနာ(အပေါက်) ဖြစ်ခြင်း၊ အရိုးကို မြင်နေရခြင်း၊ ကျည်ဆန်၊ ဗုံးဆံ ဝင်နေခြင်း၊ ရောဂါပိုးဝင် တတ်၍ ဂရုစိုက် ကုသရမည်။

အဘယ်ကြောင့် ငြိမ်အောင် လုပ်ရသနည်း • အရိုးကျိုးလျှင် အရိုးကျိုးသည့်နေရာက အရိုး၏ အချွန်များကြောင့် ဘေးမှ (တစ်ရှူး)များ၊ သွေးကြောများ၊ အာရုံကြောများအား မထိခိုက်စေရန်၊ မလှုပ်နိုင်အောင် လုပ်ပေးရသည်။

ငြိမ်အောင်လုပ်ရန် အသုံးပြုနိုင်သည့် ပစ္စည်းများ၊ 1. Splints (စပလင့်) ခေါ် သစ်သား၊ ဝါး၊ သံပြား၊ သံချောင်း၊ စာအုပ်၊ ဂျပ်ပြား စသည်။ 2. Padding ဂျက်ကက်၊ စောင်၊ သက်ရွက်စသည်။ 3. Bandages ပတ်တီး၊ အဝတ်စ၊ စောင်စ။ 4. Slings အသိုင်း၊ သုံးထောင့်ပုံပတ်တီး။

ဆောင်ရွက်ရန်များ • ဒဏ်ရာအခြေအနေကို စစ်ဆေးပါ။ • လေဝင်လမ်းကြောင်း၊ အသက်ရှူပုံ၊ • (ရှော့ခ်) ရှိ-မရှိ၊ • သွေးထွက်-မထွက် • သတိထားရန်မှာ ကျောရိုး၊ လည်ပင်းရိုးကျိုးသည်ထင်ပါက နေရာက မရွေ့ရ၊ • ကျိုးသည်ထင်သည့်နေရာကို ရှာပါ။ • တင်းကြပ်နေသည့် အဝတ်များ လျှော့ပေးပါ။ • လက်ဝတ် လက်စားများ လိုအပ်လျှင် ချွတ်ပေးပါ။ • အသုံးပြုနိုင်သည့် ပစ္စည်းများရှာပါ။ • အကောင်းဆုံးဖြင့် ကြပ်စည်းပေးပါ။ • စည်းပေးပြီး ၎င်းနေရာ၏အောက်၌ သွေးစီးဆင်းမှုကို စစ်ဆေးပါ။ • လိုအပ်လျှင် တင်းတင်းစည်းထားသည်ကို လျှော့ပေးပါ။ • အရောင်၊ အပူချိန်စစ်ပါ။ • ထုံ နေ-မနေ မေးပါ။ • ပွင့်ထွက်ပြီးကျိုးလျှင် အရိုးကို ပြန်သွင်းဖို့ မကြိုးစားရ။ • အနာကို ဖုံးပေးပါ။ • ပုံသဏ္ဌာန်ပြောင်းသွားသည်ကို ပြန်မပြင်ပါနှင့်။ • ခြေထောက်၏ ဘေးနှစ်ဖက်က ကြပ်စည်းပါ။ • ကျိုးသည့်နေရာ၏ အထက်နှင့် အောက်အထိ ရောက်ပါစေ။ • ငြိမ်အောင် ကျိုးသည့်နေရာ၏ အထက်နှင့်အောက်က စည်းပါ။ • အထုံးသည် အနာပေါ် မထားရ။ လိုအပ်လျှင် အသိုင်းလုပ်ပေးပါ။

Dislocation အဆစ်လွဲခြင်း[ပြင်ဆင်ရန်]

• အဆစ်ကို ဖုံးထားသည့် အိတ်ထဲမှ အရိုးက ထွက်သွားခြင်း။ • ပုံသဏ္ဌာန် ပြောင်းမည်။ • အဆစ် အလုပ် မလုပ်နိုင်တော့။ • နာမည်၊ ဖိလျှင် နာမည်။ • လှုပ်မရ၊ • ရောင်မည်။ • အရောင်ပြောင်းမည်။ • အကူအညီ ရှာပါ။ • ပြန်တည့်အောင် မကြိုးစားပါနှင့်၊ • ရေခဲ တင်ပေးပါ။ • အပြင်က အနာရှိက သန့်ရှင်းဆေး ထည့်ပေးပါ။ • အသိုင်း၊ အောက်ခံပြား လုပ်ပေးပါ။ • သွေး ထွက်-မထွက် ကြည့်ပါ။ • အသက်မရှူပါက (စီ၊ ပီ၊ အာရ်) လုပ်ပါ။ • ခြေထောက်ကို မြှောက်ထားပါ။ • စောင်ခြုံပေးပါ။

Anaphylaxis (အနာဖလက်ဆစ်) ခေါ် တခုခုနှင့် မတည့်သည့်အခါ အဆိုးဝါးဆုံးဖြစ်စဉ် Shock (ရှော့ခ်) • (အနာဖလက်ဆစ်) သည် ရုတ်တရက် ပြင်းပြင်းထန်ထန် (အလာဂျီ) ခေါ် တခုခုနဲ့ မတည့်၍ ဖြစ်လာသော လက္ခဏာများ ခန္ဓာကိုယ်အတွင်း နေရာများစွာ၌ တပြိုင်နက်တည်း ဖြစ်ပေါ်လာခြင်းဖြစ်သည်။ • အချို့တွင် သာမန်မျှ နေမထိထိုင်မသာ ဖြစ်သော်လည်း ဆိုးဝါးလွန်းပါက သေစေနိုင်သည်။ • (အနာဖလက်ဆစ်)သည် ထိုးဆေးကြောင့်၎င်း၊ တခုခု စားမိ၍၎င်း သွေးထဲရောက်သွားလျှင် ဖြစ်နိုင်သည်။ • အရေပြား၊ အဆုပ်၊ နှာခေါင်း၊ သွေး၊ အစာလမ်းကြောင်းထဲတွင် စက္ကန့်ပိုင်းဖြစ်စေ၊ မိနစ်ပိုင်းဖြစ်စေ လက္ခဏာများပေါ်လာသည်။ • အရေပြား၊ ဂျိုင်း၊ ပေါင်ခြံ၊ ပူနွေးလာသည်၊ နီရဲလာသည်။ • စိတ်က စိုးရိမ်လာသည်။ • နှလုံးခုန်နှုန်း မြန်လာသည်။ • လည်ပင်း၊ လျှာ ရောင်သဖြင့် အသံဩလာသည်။ • အမြိုရခက်လာသည်။ • အသက်ရှူရ ခက်လာသည်။ • နှာရည်ယို၊ နှာခြေ၊ ပန်းနာကဲ့သို့ အသက်ရှူကြပ်လာသည်၊ • အန်၊ ပျို့၊ ဗိုက်အောင့်၊ ဆီး-ဝမ်း သွားချင်လာမည်။ • သွေးဖိအားကျမည်။ • သတိလစ်မည်။ • Acute pulmonary edema ခေါ် ရုတ်တရက် အဆုပ်ရောင်ခြင်းကြောင့် သေနိုင်သည်။

ဖြစ်စေသည့်အကြောင်းရင်းများ 1. ဆေးဝါးများ၊ 2. တိရစ္ဆာန်၊ လူပရိုတင်းများ၊ 3. တာရှည်ခံစေရန် သုံးဆောင်သည့် ဆေးများ၊ 4. ရုပ်ပိုင်း ထိတွေ့မှုများ၊

Anaphylaxis (အနာဖလက်ဆစ်) နှင့် မှားနိုင်သော ရောဂါများ Fainting ခေါ် သတိလက်လွတ်ဖြစ်ခြင်း၊ သို့သော် သွေးလုန်နှုန်းနှေးမည်။ အေးစက်နေမည်။ ဖြူဖတ် ဖြူရော် ဖြစ်နေမည်။ အသက်ရှူ မကြပ်။

ကုသနည်း 1. Epinephrine (Adrenaline) ထိုးပေးပါက သက်သာသွားမည်။ ၎င်းသည် သွေးလွှတ်ကြောအား ကျဉ်းစေသည်။ အရည်ထွက်ခြင်းကို တားသည်။ အသက်ရှူပြွန်ကျယ်စေသည်။ Epinephrine ကို တင်ပါး၊ လက်အောင်း၊ ပေါင်၌ ချက်ချင်းထိုးပေးပါ။ ထိုးသည့်နေရာအား ပွတ်ပေးပါ။ အဝတ် အစားချွတ်ရန် ကြာနေမည်ဆိုပါက အဝတ်ပါးပါးပေါ်မှ (သန့်ရှင်းလျှင်) ဆေးထိုးအပ်စိုက် ထိုးနိုင်သည်။ Epinephrine သည် နှလုံးခုန်ပြန်မည်။ နှလုံးရောဂါ အကြီးအကျယ် မရှိပါက ပေးနိုင်သည်။ Adult လူကြီး၊ ၁၂ နှစ်အထက်၊ 0.3 ml; Children ကလေး 6 to 12 years 0.2 ml Children ကလေး 2 to 6 years 0.15 ml; Children ကလေး 1 to 2 years 0.05 ml to 0.1 ml; 2. ၁၀ % သော လူနာတို့၌ ၄-၁၂ နာရီအကြာ ပြန်ဖြစ်မည်။ သို့မဟုတ် ရောဂါလက္ခဏာများ ကျန်ကာ ပြန်ဖြစ်မည်။ ၁၀-၁၅ မိနစ်အထိ ဆက်ဖြစ်နေပါက နောက်ထပ် ထပ်ထိုးပါ။ 3. အောက်ဆီဂျင်ပေးရန် လိုချင် လိုမည်။ 4. သွေးကြောထဲ Drip သွင်းထားခြင်းတို့ လိုအပ်နိုင်သည်။ 5. (အလာဂျီ) ကြောင့်ဖြစ်ပါက Antihistamine injection (အင်တီဟစ်တမင်း) ထိုးပေးနိုင်သည်။ 6. Corticosteroids (ကော်တီကိုစတီရွိုက်) တို့လည်း လိုနိုင်သည်။ 7. အဆိပ်ပါသည့်အကောင် အကိုက်ခံရပါက ၎င်းနေရာ၏ အထက်၌ ကြိုးစည်းပေးပါ။ (၁၀) မိနစ် တခါ ဖြည်ပေးပါ။ 8. လူနာသည် သတိကောင်းပါက ခြေထောက်မြှောက်၍ အိပ်လျက်ထားပါ။ 9. အသက်ရှူရပ်ပါက အရေးပေါ် အသက်ရှူစေရန် လုပ်ပေးသည့်နည်း CPR ကိုလုပ်ပါ။

Acute pulmonary edema ခေါ် ရုတ်တရက် အဆုပ်ရောင်ခြင်း အပြင်းအထန် အသက်ရှူကြပ်ခြင်း၊ ရေနစ်သလို ခံစားရခြင်း၊ အသက်ရှူမဝဖြစ်ကာ ရွှီ-ရွှီအသံ ထွက်ခြင်း၊ စိုးရိမ်-ကြောက်လန့်- ဂနာမငြိမ်ဖြစ်ခြင်း၊ ချောင်းဆိုးရာ၌ အမြှုပ်နှင့် သွေးတို့ ပါလာခြင်း၊ ချွေးအလွန်ထွက်ခြင်း၊ အရေပြား ဖြူရော်ရော် ဖြစ်လာခြင်း၊ ရတ်ဘတ်နာခြင်း၊

ကုသနည်း Injection Furosemide (Lasix) သည် ကိုယ်ထဲမှ အရည်များကို လျင်မြန်စွာ ထုတ်ပြစ်သောကြောင့် အဆုပ်ရောင်ခြင်းကို သက်သာစေသည်။ ဝ.၅ မှ ၁ မီလီဂရမ်အား အသား သို့မဟုတ် အကြောထဲ ထိုးပေးရမည်။ ၂ နာရီ ၃ နာရီခြား ထပ်ပေးဖို့ လိုနိုင်သည်။

Burns မီးလောင်ခံရခြင်း အပူရည်၊ ဆီပူ၊ အပူငွေ့၊ မီး၊ လျှပ်စစ်၊ ဓာတ်ရောင်ခြည်၊ ဓာတုပစ္စည်းများ၊ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ၃ မျိုးခွဲထားသည်။ တစ်ရှူးအား မည်မျှ ထိခိုက်သနည်း စစ်ဆေးပါ။ လက်၊ မျက်နှာ၊ တင်ပါးဆုံဝန်းကျင်၊ အဆစ်တို့၌ ဖြစ်ပါက အရေးကြီးသည်။

First-degree burns ပထမအဆင့် အပေါ်ယံဖြစ်၊ ရောင်မည်။ နီမည်။ နာမည်။ အရည်ကြည်အဖု blisters မထွက်၊ နေရာအား ဖိကြည့်ပါက ဖြူသွားမည်။ ၃-၆ ရက်အတွင်း ပျောက်မည်။ ကုသရန် အပူလောင်စေသည့်အရာက ဖယ်ထုတ်ပါ။ မီးလောင်နေသည့် အဝတ်များ ဖယ်ပြစ်ပါ။ ရေအေးအေးလောင်းပေးပါ။ ခပ်ဖေါ့ဖေါ့ သန့်ရှင်းပေးပါ။ ခြောက်သွားအောင် လုပ်ပါ။ ပိုးသန့်ဆေး တမျိုးမျိုးထည့်ပါ။ ပိုးသန့်ထားသည့် ပတ်တီးစည်းပေးပါ။ မေးခိုင်ကာကွယ်ဆေး ထိုးပါ။

Second-degree burns ဒုတိယအဆင့် အရေပြားအပေါ်ယံမက ထိခိုင်သည်။ ရောင်မည်။ နီမည်။ ထိုလိုက်ပါက ဖြူသွားမည်။ အရည်ကြည်အဖု blisters ထွက်မည်။ အနာရွတ် ကျန်ရစ်မည်။ အဆစ်၌ဖြစ်ပါက မလှုပ်နိုင်ဖြစ်မည်။ အရည်-ဆားဓာတ် နည်းမည်။ ပျောက်ချိန် ကြာမည်။ သန့်ရှင်းပေးပါ။ ညင်ညင်သာသာခြောက်သွေ့ပေးပါ။ ပိုးသန့်ဆေး လိမ်းပါ။ လူနာကို လှဲနေစေပါ။ ဖြစ်သည့်နေရာကို အထက်မြှင့်ထားပါ။ အရေပြား အစားထိုးရနိုင်သည်။ အဆစ် လှုပ်ရှားမှုအတွက် Physiotherapy လိုနိုင်သည်။ အဆစ် မလှုပ်စေရန် ကြပ်စည်းရန် လိုနိုင်သည်။ ဆေးရုံတင်ရနိုင်သည်။

Third-degree burns တတိယအဆင့် အရေပြားတလွှားလုံး (၃ ထပ်) ထိခိုက်မည်။ ချွေးထွက်အိတ်များ၊ ဆံပင်မွှေးများ ပျက်စီးမည်။ အာရုံကြောများ ပျက်စီးသွား၍ နာမည် မဟုတ်။ ဖိကြည့်ပါက ဖြူသွားမည် မဟုတ်။ အရည်ကြည်အဖု blisters မထွက်။ ရောင်မည်။ သားရေပြားလို ဖြစ်သွားမည်။ အရောင်ပြောင်းမည်။ အနာရွတ် ကျန်ရစ်မည်။ သွေးအသွားအလာ ပျက်စီးမည်။ အရည်-ဆားဓာတ် နည်းမည်။ (ရှော့ခ်) ရနိုင်သည်။ ပုံသဏ္ဌာန် ပျက်စီးသွားမည်။ လူကြီးဆိုပါက ၆၀ % ဖြစ်လျှင် သေနိုင်သည်။

ကုသရန် ရေအေး လောင်းပေးရန်၊ ဆေးရုံတင်ရန်၊ ရေ-ဆား နည်းသည်ကို သွေးကြောမှ သွင်းရန်၊ အောက်ဆီဂျင်ပေးရန်၊ ခွဲစိတ်ပြုပြင်ရန် လိုနိုင်၊ အာဟာရဓာတ်ဖြည့်ရန်၊ စောင့်ကြည့်ရန်၊ စိတ်ပိုင်းကုသမှု လုပ်ပေးရန်။ ထိခိုက်မိ၍ ဒဏ်ရာရခြင်းများ အရေပြားအား သာမန်ရှခြင်း၊ ကုတ်မိခြင်း၊ ကုသရန် မလိုနိုင်။ ပိုးမဝင်အောင် လုပ်ပေးရမည်။ အနာကို ရေသန့်သန့်ဖြင့် သန့်ရှင်းပေးပါ။ ဆပ်ပြာကို အမြဲသုံးရန် မလို။ သွေးယိုနေပါက ဖိပေးပါ။ ၁၀ မိနစ် အတွင်း ရပ်မည်။ အနာထဲဝင်နေသည့် ပစ္စည်းများ ဂရုတစိုက် ရှင်းထုတ်ပါ။ အနာထဲ နက်ဝင်နေသည့် ပစ္စည်းများကို ကြိုးစား၍ ဖယ်မပြစ်ရ။ ပတ်တီးစီးရမည်။ ဆေးကို နေ့တိုင်း ထည့်ရမည်။ အနာက အထဲနက်ပါက သွေးပိုထွက်မည်။ အရေပြားအောက်ထိ ထိခိုက်မည်။ ချုပ်ပေးရန် လိုနိုင်သည်။ မေးခိုင်ကာကွယ်ဆေး ထိုးရန်လိုသည်။ ပြည်တည်နိုင်သည်။ ဖျားနိုင်သည်။

ချုပ်ပေးရန်လိုသော ဒဏ်ရာများ • ဒဏ်ရာကျယ်ပါက၊ • သွေးထွက်များပါက၊ • အနာရွတ် မကြီးစေလိုပါက၊ • မြန်မြန်ကျက်စေလိုပါက ချုပ်ပေးရန်လိုသည်။ • တိရစ္ဆာန်၊ လူ ကိုက်ခံရပါက အနာကို ချက်ချင်းမချုပ်ရ၊ ညစ်ပေနေသော အနာ-ဒဏ်ရာကိုလည်း ချက်ချင်း မချုပ်ရ၊ အနာကောင်းစွာကျက်ပြီးနောက် အနာသစ်လုပ်လာ ချုပ်ပေးနိုင်သည်။ • အထဲသို့ စူးဝင်သော ဒဏ်ရာများအား မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးပေးရမည်။

FAINTING (ဖိန့်) ခေါ် (အတက်ရောဂါ မဟုတ်ဘဲ) ရုတ်တရက် သတိလစ်သွားခြင်း • ဦးနှောက်သို့ သွေးမရောက်သည့်အခါမျိုးတွင် ဖြစ်သည်။ • ခဏသာ ဖြစ်သည်။ ပြန်သက်သာသွားမည်။ • စိတ်လှုပ်ရှားမှု၊ စိုးရိမ်ခြင်း၊ ပူပန်ဖြင်း၊ ဒေါသကြီးခြင်း၊ အပြင်းအထန် နာကျင်ခြင်း၊ အစား မစားမိခြင်း၊ အကြာကြီး မတ်တပ်ရပ် နေရခြင်း၊ ဆေးဝါးများကြောင့် ဖြစ်ခြင်း၊ ဆီးချိုရောဂါဖြစ်ခြင်း၊ သွေးတိုးခြင်း၊ ရုတ်တရက် သတိလစ်သွားခြင်းကြောင့်ဖြစ်တတ်သည်။ • မဖြစ်မီ ပျို့-အန်-မူးဝေခြင်း ဖြစ်တတ်သည်။ • မျက်စိပြာ သွားတတ်သည်။ • ချွေးပြန်မည်။ • နှလုံးခုန်မြန်မည်။ • ရင်တုန်မည်။ • လူနာကို ဒူးနှစ်လုံးကြား ခေါင်းထား၍ ထိုင်ခိုင်းပါ။ • ပက်လက်လှဲ နေခိုင်းပါ။ • အသက်ရှူလမ်း စစ်ဆေးပါ။ • အဝတ်အစားများ တင်းကြပ် မနေစေရ။ • ခြေထောက်ပိုင်းကို မြှင့်ထားပေးပါ။ • လက်ကောက်ဝတ် သွေးခုန်နေခြင်းကို စမ်းကြည့်ပါ။ • အသက် မရှူ-သွေးမခုန်ပါက ချက်ချင်း (စီပီအာရ်) လုပ်ပေးပါ။

FEVER အဖျားလက္ခဏာ • 37 C or 98.6 F ပုံမှန် ကိုယ်အပူချိန်၊ • 98.8 F to 101F သာမန်အဖျား၊ • 101 F to 103 F အလတ်စား အဖျား၊ • 104 F and above အပြင်းဖျား။ • အဖျားသည် ရောဂါမဟုတ်၊ လက္ခဏာသာ ဖြစ်သည်။ • ဖျားရခြင်းအကြောင်း ရောဂါရှိမည်။ • ရာသီဥတု ပူလွန်းခြင်း၊ ကလေးများအား ကာကွယ်ဆေးထိုးခြင်း၊ ဗက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ် ပိုးဝင်ခြင်း၊ နေပူထဲ အကြာကြီးနေခြင်း၊ (အလာဂျီ) ခေါ် တခုခုနှင့်မတည့်ခြင်း။ • မျက်နှာ နီမြန်းလာသည်။ • အစားပျက်သည်။ • ပျို့-အန်ချင်မည်။ • ခေါင်း-ကိုယ်-လက် ကိုက်ခဲမည်။ • ဝမ်းပျက်နိုင်သည်။ • စိတ် ဂရောင်ချောက်ချား ဖြစ်နိုင်သည်။ • တက်နိုင်သည်။ • အပူချိန်တိုင်းပါ။ • အဝတ်အစား အပိုများ ဖယ်ပြစ်ပါ။ • အေးသောနေရာထားပါ။ • ရေအေး-ရေခဲ တင်ပေးပါ။ • ရေ-အရည် များများတိုက်ပါ။ • အဖျားကျဆေး Acetaminophen/Paracetamol တိုက်ပါ။ Aspirin ကို မတိုက်ရ။ • ချမ်းမနေပါက စောင်မခြုံရ။

Gastric problems အစာအိမ် ပြဿနာ[ပြင်ဆင်ရန်]

• အစာအိမ် သို့မဟုတ် အစာမြိုပြွန်က ဖြစ်ရသည်။ • ယင်းတို့တွင် အတွင်းက ဖုံးထားသည့်အလွှာမှ စစ်ထုတ်ရည်များ ပို၍ထွက်ကာ အာရုံကြောများအား ထိခိုက်၍ နာခြင်း။ မအီမသာဖြစ်ခြင်းတို့ ဖြစ်လာသည်။ • ရက်တိုတိုအတွင်း ဖြစ်ခြင်းနှင့် နာတာရှည်ဖြစ်ခြင်း ၂ မျိုးရှိသည်။ • စိတ်-ရုပ် ဖိအား-တင်းအားများ၍၎င်း၊ အက်စစ်များသည့် အစာစား၍၎င်း၊ အရက်၊ ဆေးလိပ်၊ ဆေးဝါးတချို့ကြောင့်၎င်း ဖြစ်တတ်သည်။ • ဖြစ်လျှင်နာမည်၊ အောင့်မည်၊ ပျို့-အန်မည်၊ ဝမ်းပျက်မည်။ အစားပျက်မည်။ • ထို့ကြောင့် အစားကို မအိပ်မီ အများကြီး မစားရ။ အပူ၊ အစပ်၊ အဆီ လျှော့စားပါ။

Gastroenteritis (GE) အစာအိမ်လမ်းကြောင်း (အစာအိမ်-အူသိမ်) ရောင်ခြင်း • အရွယ်မရွေး၊ အချိန်မရွေး ဝမ်းပျက်ခြင်း၊ • ကလေးဖြစ်ပါက ပိုဆိုးသည်။ • အစားအစာထဲ (ဗက်တီးရီးယား-ဗိုင်းရပ်စ်) ပါ၍ ဖြစ်ရသည်။ • အစားအစာ အမျိုးအစား ပြောင်းလျှင်လဲ ဖြစ်တတ်တသည်။ • စိတ်ဖိစီးမှုများ၍လည်း ဖြစ်တတ်သည်။ • ဆေးဝါးကြောင့်လဲ ဖြစ်တတ်သည်။ • ပျို့-အန်နိုင်သည်။ • ကြွက်သားတွေ နာတတ်သည်။ • ရေ-ဆား နဲမည်။ • အားယုတ်မည်။ • အနည်းငယ် ဖျားမည်။ • ချမ်းတတ်သေးသည်။ • ဖြစ်လျှင် အနားယူပါ။ • ရေ-အရည် များများသောက်ပါ။ • ကျေလွယ်သောအစားကို စားပါ။ • နွားနို့နှင့် နို့ထွက်အစားများ ရှောင်ပါ။ • ဓာတ်ဆားရေတိုက်ပါ။ • Acetaminophen, Aspirin မတိုက်ရ။

Insect Bites and Stings အင်းဆက်-အဆိပ်ပါသည့်အကောင် ကိုက်ခြင်း • အင်းဆက်-အဆိပ်ပါသည့်အကောင်ကိုက်ခြင်းတွင် သာမန်အားဖြင့် မဆိုးပါ။ • ဆိုးလျှင် (ရှော့ခ်) ရတတ်သည်။ • နာမည်၊ ယားမည်။ နီမြန်းမည်။ ရောင်မည်။ ထုံမည်။ ပူလောင်မည်။ ကျင်မည်။ အသက်ရှူခက်မည်။ အားယုတ်မည်။ • ဖြစ်နိုင်လျှင် အဆိပ်ပါသည့် အစွယ်ကို နှုတ်ပြစ်ပါ။ • နေရာကို ဆပ်ပြာရေဖြင့် ဆေးကျောပါ။ • ရေခဲ တင်ပေးပါ။ • အယား သက်သာစေသည့်ဆေး (ကာလမင်း) ဆေးရည် လိမ်းပေးပါ။ • (အင်တီဟစ်တမင်း) ဆေးပေးပါ။ • လူနာကို နှစ်သိမ့်ပေးပါ။ • အသက်ရှူမှု စစ်ဆေးပါ။ • အဝတ်အစားများ တင်းကြပ်မနေစေရာ။ • လိုအပ်လျှင် (စီ၊ ပီ၊ အာရ်) လုပ်ပါ။ • (ရှော့ခ်) ဖြစ်လျှင်ကုပါ။

Head Injury ဦးခေါင်းဒဏ်ရာရခြင်း • ဦးခေါင်း၏ အရိုးခွံနှင့် ဦးနှောက်ကို ထိခိုက်နိုင်သည်။ • သာမန်အဆင့်မှ ဆိုးဝါးသည့်အဆင့်ထိ ဖြစ်နိုင်သည်။ • ပွင့်ထွက်သည့်ဒဏ်ရာ သို့မဟုတ် ပိတ်နေသည့် ဒဏ်ရာ ၂ မျိုး ရှိသည်။ • ချွန်ထက်သည့်လက်နက် သို့မဟုတ် တုံးသည့်ပစ္စည်း၊ လက်နက်ကြောင့် ဖြစ်ရသည်။ • ခဏ သို့မဟုတ် အကြာကြီး သတိမေ့ခြင်း (Coma)၊ • သွေးယိုခြင်း၊ • အန်ခြင်း၊ • နှာခေါင်းထဲက အရည်-သွေးထွက်ခြင်း၊ • မျက်စိအမြင်-နားအကြား၊ လျှာအရသာ ထိခိုက်ခြင်း၊ • နှလုံးခုန် မမှန်ခြင်း၊ • တက်ခြင်း၊ • ခြေ-လက်-ကိုယ် မလှုပ်နိုင်တော့ခြင်း၊ လေဖြတ်ခြင်း၊ • စိတ်အနေအထား မမှန်ခြင်း၊ • ထိခိုက်ဒဏ်ရာအား ရေခဲတင်ပါ။ • အရွယ်အစားသည် ထိခိုက်မှုနှင့် တူချင်မှတူမည်ကို သတိထားပါ။ • သွေးထွက်ခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ သွေးထွက်လျှင် ဖိထားပေးပါ။ • နှလုံးခုန်မှု-အသက်ရှူမှုကို စစ်ဆေးပါ။ • လိုအပ်ပါက (စီပီအာရ်) လုပ်ပါ။ • အန်နေလျှင်၊ သတိလစ်နေလျှင် ကိုယ်တဖက်စောင်းထားပေးပါ။ • မအန်ပါက လူနာကို တည့်တည့်အနေအထား အိပ်ပါစေ။ • လူနာကို မလှုပ်ရှားစေရ။ • ရုတ်တရက် (ဟဲလမက်) မချွတ်ရ၊ • ကလေးကို ရုတ်တရက် ကောက်မချီရ၊ • အရက်-မူးစေသည့်ဆေး မပေးရ။ • ခေါင်းအုန်း မြင့်မြင့်နှင့် အိပ်ပါစေ။ • ၂၄ နာရီ စောင့်ကြည့်ရမည်။ အန်သလား၊ သတိမကောင်းဖြစ်သလား၊ နား၊ နှာခေါင်းထဲက သွေးယိုသလား၊ တက်သလား။

Poisoning အဆိပ်သင့်ခြင်း[ပြင်ဆင်ရန်]

• အဆိပ်အမျိုးမျိုးရှိသည်။ စားဆေး-ထိုးဆေး၊ အစားအစာ၊ ဓာတ်ငွေ့။ • လူနာသည် အကြောင်းမရှိ နေမကောင်းလျှင်လဲ သံသယရှိပါ။ • ဆေးဝါး လွန်လျှင်လဲ ဖြစ်တတ်သည်။ • အလုပ်စခန်းကလဲ ဖြစ်တတ်သည်။ • (အင်းဆက်) ကောင်မှလဲ ဖြစ်နိုင်သည်။ • နှုတ်ခမ်းပြာခြင်း၊ • အရေပြားတွင် အနီပြင်-အဖု-အပိန့်ထွက်ခြင်း၊ • အသက်ရှူခက်ခြင်း၊ • ဝမ်းပျက်ခြင်း၊ • ပျို့-အန်ခြင်း၊ • ကိုယ်ပူခြင်း၊ • ခေါင်းကိုက်ခြင်း၊ • မူးဝေခြင်း၊ ငိုက်ခြင်း၊ • မျက်စိက ၂ ခု မြင်ခြင်း၊ • ရတ်ဘတ်-ဝမ်းဗိုက်နာခြင်း၊ • ဂနာမငြိမ်ဖြစ်ခြင်း၊ • ကြွက်သား လှုပ်ခြင်း၊ • တက်ခြင်း၊ • အားယုတ်ခြင်း၊ • သတိမေ့ခြင်း၊ • ဘယ်အဆိပ်ဆိုသည်ကို စူးစမ်းပါ။ • ဝမ်းဗိုက်ထဲဝင်သည့် အဆိပ်ကို ထုတ်ပြစ်ရန် တမင်တကာ အန်အောင်လုပ်ပါ။ • အန်ဖတ်များ အရေပြားပေါ်ကျလျှင် ဆေးပစ်ပါ။ • တက်နေလျှင် ဒဏ်ရာ ထပ်မရအောင် လုပ်ပေးပါ။ • လေကောင်းလေသန့် ဝင်အောင်လုပ်ပါ။ • မိမိက လေကို တကြီး ရှူပြီးမှ အဆိပ်ငွေ့သင့်သူမား ကယ်ထုတ်ပါ။ • မီးခြစ် မသုံးရ။ • လိုအပ်လျှင် (စီပီအာရ်) လုပ်ပါ။ • သတိလစ်နေသူကို ပါးစပ်က မပေးရ။ • နည်းမသိဘဲ တမင်တကာ အန်အောင် မလုပ်ရ။ • ရေနံ၊ ဓာတ်ဆီ သောက်သူများကို အန်အောင် မလုပ်ရ။ ကြက်ဥအကာပေးနိုင်သည်။ • ဆေးပြားသောက်သူများအား အန်အောင်လုပ်။ အစာအိမ်ဆေး ပေးရမည်။ • ပိုးသတ်ဆေး (မာလာသေယွန်)၊ (အင်ဒရင်း) သောက်သူများအား (Atropine) ထိုးဆေး များများ ပေးရသည်။ • မြွေကိုက်လျှင် မြွေအမျိုးအစားအလိုက် မြွေဆိပ်ဖြေဆေး ပေးရမည်။

Electric shock လျှပ်စစ်ဓာတ်လိုက်ခြင်း • လျှပ်စစ်ဓာတ်လိုက်ခြင်းဖြစ်လျှင် လဲကျမည်။ • လူနာကို တိုက်ရိုက်ဆွဲထုတ်ဖို့ မကြိုးစားရ။ • မီးခလုပ် ပိတ်ပါ။ လျှပ်စစ် မလိုက်နိုင်သော တုတ် စသည်ဖြင့် ဖယ်ရှားဖြစ်ပါ။ • လူနာကို စစ်ဆေးပါ။ အသက်ရှူခြင်း၊ သွေးခုန်ခြင်း၊ • လိုအပ်ပါက (စီပီအာရ်) လုပ်ပါ။ • ကြွက်သားတွေ ဆွဲဆန့်ခံရမည်။ • တက်မည်၊ • ရေ-ဆား ခန်းခြောက်မည်။ • အပူလောင်ခံရမည်။ • ကျိုးပဲ့မည်၊ • သွေးခဲသွားမည်။ • (တစ်ရှူး)များ ပျက်စီးမည်။ • အသက်ရှူ-နှလုံးခုန်-ကျောက်ကပ် ထိခိုက်မည်။ • မီးလောင်နာကို ကုပေးပါ။[၁]

ဒဏ်ရာများ[ပြင်ဆင်ရန်]

ဒဏ်ရာများသည် အမျိုးမျိုး အစားစားရှိသည်။ ကြီးသော ဒဏ်ရာ၊ ငယ်သောဒဏ်ရာ၊ အစိတ်စိတ်ကွဲသော ဒဏ်ရာဟူ၍ အဖုံဖုံပင်ဖြစ်သည်။ ဒဏ်ရာတစ်ခုကို ပြုစုရာတွင် အရေးအကြီး ဆုံးအချက်မှာ သွေးတိတ်အောင် ပြုပေးရန် ဖြစ်သည်။ အဝတ် အစား ဖုံးလွှမ်းနေသည့်နေရာတွင် ဒဏ်ရာရလျှင် ထိုနေရာမှ အဝတ်ကို ဖယ်ရှားပစ်ရမည်။

ဒဏ်ရာသေးလျှင် တစ်ခဏဖြင့် သွေးတိတ်သွားနိုင်သည်။ ဒဏ်ရာကြီး၍ သွေးမတိတ်လျှင် ဆိုင်ရာသွေးကြောကြီးများတွင် သွေးတိတ်အောင် ဖိနှိပ်ပေးရမည့် နေရာများရှိသည်။ ပုံစံအား ဖြင့် ဦးခေါင်း၌ ဒဏ်ရာရလျှင် နားထင်၌ ဖိနှိပ်ပေးရသည်။ မောင်း၌ ဒဏ်ရာရလျှင် လက်မောင်းအောက်ဘက် အလယ် နားတွင် ဖိနှိပ်ရသည်။ ဖိနှိပ်ရမည့် နေရာများသည် အရိုးပေါ် သို့ သွေးလွှတ်ကြောကြီးများ ဖြတ်ကျော်သွားသည့် နေရာမျိုး ဖြစ်သည်။ သွေးပြန်ကြောဖြတ်သွားသည့် နေရာမျိုး၌ ဒဏ်ရာ ဖြစ်လျှင် ဒဏ်ရာပေါ်၌ ကျပ်ထုပ်၊ သို့မဟုတ် ဖိစရာတစ်ခုခုဖြင့် ဖိ၍ ပတ်တီးစည်းထားရမည်။ ဖိစရာမရှိလျှင် ဒဏ်ရာနှုတ်ခမ်း စပ်ကို ဖိထားပေးရသည်။

အလွန်အမင်း သွေးထွက်နေသေးလျှင် 'တူနီကက်'ကို အသုံးပြုနိုင်သည်။ သို့သော် တူနီကက်ကို မသုံးဘဲ နေနိုင်သမျှ နေသင့်သည်။ တူနီကက်ကို အရမ်းမဲ့သုံးသဖြင့် သွေးကြောပိတ် ရောဂါ စသည်တို့ ဖြစ်တတ်သည်။ တူနီကက်သုံးနည်းမှာ ဒဏ်ရာအထက်နားတွင် အဝတ်ပိုင်းတစ်ခုခုကို ခပ်ချောင်ချောင် ချည်နှောင် ၍ ကျောက်ခဲသေးသေး၊ သို့မဟုတ် သစ်သားတုံး ငယ် တစ်ခုကို အဝတ်ချည်ထားသည့် အတွင်းဒဏ်ရာအပေါ် နားရှိ သွေးလွှတ်ကြောကြီး ရှိမည့်နေရာပေါ်တွင် သွင်းလိုက် ရမည်။ ထိုနောက် တုတ်ချောင်းတိုတိုတစ်ခုကို တစ်ဖက်၌ လျှို သွင်းပြီး ချည်ထားသည့်အဝတ်ကို တဖြည်းဖြည်း တင်းလာ အောင် လိမ်းပေးရသည်။ ယင်းသို့ဖြင့် သွေးလွှတ်ကြောပေါ်သို့ ဖိအားပို၍ ကောင်းလာစေရန် ဖြစ်သည်။ ခြေလက်တို့၌ ဒဏ်ရာရ၍ သွေးထွက် လွန်းသည့်အခါ၌သာ တူနီကက်ကို အသုံးပြုသင့်သည်။ သုံးသည့်အခါတွင်လည်း အစဉ်တစိုက် ဖိမထားဘဲ မကြာခဏ ဖိအားကို လျှော့ပေးသင့်လေသည်။

အရိုးကျိုးခြင်းများ[ပြင်ဆင်ရန်]

အရိုးကျိုးခြင်းသည် ရိုးရိုးကျိုးခြင်း၊ အသားအရေပေါက်ပြဲ ကျိုးခြင်းနှင့် (အသည်းနှလုံး စသည့်) အခြားအင်္ဂါများ ထိခိုက် ကျိုးခြင်းဟူ၍ အကြမ်းဖျဉ်း သုံးမျိုးရှိသည်။ ခြေလက်တို့သည် အရိုးကျိုးလျှင် လူနာအား သယ်ယူမသွားမီ ကျိုးသော ခြေလက် တို့ကို ကျပ်ဖြင့် မြေ|ာင်၍ စည်းပေးရမည်။ ကျပ်အဖြစ် စည်းပေး နိုင်မည့် အဆစ်သို့ ရောက်အောင် ရှည်လျားရပေမည်။ သို့မှ သာလျှင် ဒဏ်ရာရသည့် ခြေလက်တို့ကို မကောက်မကွေးဘဲ ရှိစေနိုင်သည်။ ထို့ပြင် ကျပ်စည်းထား၍ တောင့်တင်းနေသဖြင့် ကျိုးသွားသော အရိုး၏ အစအနများသည် ကြွက်သားများကို ထိုးမိ စူးမိခြင်း မဖြစ်စေနိုင်တော့ပေ။

တံတောင်ဆစ်နေရာတွင် မဟုတ်ဘဲ လက်မောင်းအခြား တစ်နေရာရာတွင် အရိုးကျိုးလျှင် လက်ကို သိုင်းထားပေးသင့် သည်။ သို့မှာသာလျှင် လက်မောင်းကို မလှုပ်မရှား ထားနိုင် မည်။ ကျိုးသည့်အရိုး ပြန်ဆက်အောင် ပြုစုရမည့် တာဝန်သည် ဆရာဝန်၏ အလုပ်သာ ဖြစ်ပေသည်။ ည|ပ်ရိုးကျိုးလျှင် ဖြစ်သည့်ဘက်မှ လက်မောင်းကို ရင်ပတ် နှင့် ကပ်၍ ချည်ထားသင့်ပေသည်။ ထိုအခါ ဆိုင်ရာလက်မောင်း မလှုပ်ရှားသဖြင့် ကျိုးနေသည့်ည|ပ်ရိုးကို ပို၍ မထိခိုက်နိုင်တော့ ပေ။

နံရိုးကျိုးလျှင် ရင်ပတ်ကို တင်းတင်းချည်ပေးထားက အနာအကျင် နည်းနိုင်သည်။ ဦးခေါင်းခွံတွင် ထိခိုက်ဒဏ်ရာ ရပါက ရေအေးအေးဆွတ်ထားသော အဝတ်ဖြင့် အုပ်အုပ်ပေး ကာ ဦးခေါင်းတွင် အအေးဓာတ်ရအောင် ပြုလုပ်ပေးရမည်။ ပတ်တီးကိုလည်း လျော့လျော့ချည်ပေးရသည်။ ရုတ်တရက် သွေးအားတိုးတက် စေမည့် အရာများကို မပေးရ။ ဆရာဝန်ကို အလျင်အမြန် ပင့်စေရမည်။

အဆစ်မျက်ခြင်း၊ အကြောတင်ခြင်းတို့ ဖြစ်လျှင် ဖြစ်သည့် နေရာကို ရေအေးအေးထဲ၌ ချက်ချင်း စိမ်ပေးပါ။ နာရီအနည်း ငယ်ကြာလျှင် ထိုနေရာတစ်ဝိုက်ကို လူနာခံနိုင်သမျှ ရေနွေး ပူပူဖြင့် အုပ်ပေးရမည်။

အဆစ်လွဲလျှင် အကြောတင်ခြင်း (အဆစ်ကို တွယ်နေ သော အရွတ်ပါ နေရာလွဲခြင်း)ပါ ဖြစ်တတ်သည်။ လွဲသွား သည့် အဆစ်ကို နေရာတကျ ပြန်ဖြစ်အောင် မကြိုးစားပါနှင့်။ ဆရာဝန်တစ်ဦးဦးကိုသာ ပင့်ပါလေ။ ပခုံးဆစ်၊ တံတောင်ဆစ် အရိုးများ လွဲသွားလျှင် လက်ကို သိုင်းထားပေးရမည်။ ဖြစ် သည့်နေရာကို ရေအေးအေးဖြင့် အုပ်ပေးရမည်။

သတိလစ်ခြင်း[ပြင်ဆင်ရန်]

ထိတ်လန့်ခြင်း၊ နေပူလျှပ်ခြင်း၊ သွေးလွန်ခြင်း၊ ချွေးလွန် ခြင်း၊ မူးမေ့ခြင်း၊ အရက်မူးခြင်းတို့ကြောင့် သတိလစ်တတ် သည်။ နေပူလျှပ်ခြင်း၊ အရက်မူးခြင်းတို့ကြောင့် သတိလစ်တတ် သည်။ နေပူလျှပ်ခြင်း၊ အရက်မူးခြင်းနှင့် ဝက်ရူးပြန်ခြင်းတို့ ကြောင့် သတိလစ်သွားလျှင် မျက်နှာတစ်ခုလုံး နီရဲနေတတ် သည်။ ဦးခေါင်းကို ထောင်ပေးထားလျှင် သက်သာရာ ရစေနိုင် သည်။ အရက်မူးလွန်နေက ဦးခေါင်းကို အေးအောင်ပြု၍ အန် ဆေး တိုက်ပေးရန် လိုသည်။ ဝက်ရူးပြန်၍ သတိလစ်လျှင် အရက်မူး၍ သတိလစ်ပုံနှင့် ဆင်ဆင်တူသော်လည်း သတိ လုံးဝကင်းနေကာ တစ်စိတ်တစ်ဒေသ သွက်ချာပါဒ လိုက် သကဲ့သို့ ရှိနေတတ်သည်။ လျှာမကိုက်မိအောင် အပေါ်နှင့် အောက် သွားတန်းနှစ်တန်းကြားထဲသို့ တစ်ခုခု ထည့်ထား ပေးရမသည်။ ရုန်းကန်တွန့်လိမ်နေလျှင် ချုပ်တီးမထားပါနှင့်၊ ထိခိုက်၍ ဒဏ်ရာမရစေရန်သာ ဂရုစိုက်ရသည်။ သက်သာသွား ပြီးနောက်တွင် အိပ်နေပါစေ။ ဘာမျှလည်း မတိုက်ကျွေးသင့်ပေ။ နေပူလျှပ်လျှင် တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူနေတတ် သည်။ အပူလျော့သွားအောင် ဂျိုင်းအောက်၊ မျက်နှာ၊ ကုပ်၊ လက်ကောက်ဝတ်နှင့် ရင်ပတ်တို့ကို ရေအေးအေးဆွတ်ထား သော အဝတ်ဖြင့် အုပ်ပေးရသည်။ သို့မဟုတ် ရေခဲရနိုင်လျှင် ရေခဲတင်ပေးရသည်။ လူနာ သတိရလာလျှင် ရေအေးအေးကို များများသောက်ပါ စေ။ ကော်ဖီ၊ ဝီစကီကဲ့သို့ အဖျော်ယမကာ မျိုး မပေးသင့်ချေ။

အပူများလွန်း၍ ချွေးထွက်လွန်အားကြီး၍ သတိလစ်ခြင်း မျိုးလည်း ဖြစ်တတ်သည်။ ထိုအခါ တစ်ကိုယ်လုံး အေးစက် စေးထန်းနေသော သွေးခုန်လည်း မမှန်တော့ချေ။ ထိုသို့ဖြစ်လျှင် လူနာအား ဦးခေါင်းကို ကိုယ်ထက်နိမ့်နိမ့်ထား၍ လဲလျောင်း နေပါစေ။ ယင်း၏ခြေလက်များ ပြန်၍ ပူနွေးလာအောင် ဆုပ် နယ်ပေးရမည်။ ထို့ပြင် ရေနွေးပူပူထဲတွင် အဝတ်တစ်ခုကို နှစ်၍ ရေည|စ်ပြီး အုပ်ပေးရသည်။ ထို့ပြင် ကော်ဖီ၊ နွားနို့၊ ရေနွေး စသော ပူပူနွေးနွေး သောက်စရာတစ်ခုခု တိုက်ပေး ရမည်။

ဒဏ်ရာတစ်ခုခု ရပြီး သတိမေ့နေလျှင် ထိတ်လန့်၍ သော်လည်းကောင်း၊ ဦးခေါင်းခွံကွဲ၍သော်လည်းကောင်း ဖြစ် နိုင်သည်။ သေနတ်ဒဏ်ရာသည် ကိုယ်တွင်း၌ သွေးထွက်စေ သဖြင့် သတိလစ်တတ်သည်။ မူးမေ့ခြင်းသည် လန့်သွားခြင်း တစ်မျိုးဖြစ်၍ လန့်သွားသည့်အခါ ပြုစုရသည့်နည်းအတိုင်း ပြုစုရလေသည်။

အဆိပ်သောက်ခြင်း[ပြင်ဆင်ရန်]

အဆိပ်သောက်မိလျှင် အစာအိမ်တွင်းမှ အဆိပ်များ ပြန်၍ အန်ထွက်အောင် ပြုလုပ်ပေးရသည်။ မုန့်ဖုတ်ဆိုဒါကို ရေဖျော်၍ လည်းကောင်း၊ ရေတစ်ဖန်ခွက်တွင် ဆားကို စားပွဲဇွန်း နှစ်ဇွန်း သုံးဇွန်းခန့် ထည့်၍၎င်း ခပ်များများကိုလည်း ပြန်၍ အန်ထွက် နိုင်စေသည်။ ဆိုခဲ့သော အန်ဆေးကို ရုတ်တရက် မရနိုင်လျှင် လည်ချောင်းထဲသို့ လက်ဖြင့်နှိုက်၍ ကလိပေးပါကလည်း ပြန် အန်ထွက်နိုင်သည်။

အကယ်၍ အဆိပ်သည် အက်ဆစ်၊ သို့မဟုတ် အယ် လကလိုင်းအဆိပ်မျိုးဖြစ်လျှင် အန်အောင် မပြုရပေ။ ထို အက်ဆစ်မျိုး သောက်မိလျှင် နှုတ်ခမ်းများတွင် အပူလောင် ထားသည်ကို တွေ့ရတတ်သည်။ အက်ဆစ်အဆိပ်မျိုး သင့်လျှင် မုန့်တစ်ဖန်ခွက်ကို တိုက်ပေးရမည်။ အယ်လကလိုင်းအဆိပ်မျိုး သင့်လျှင် ရှရကာရည် (ပုံးရည်)၊ သံပရာရည်ကဲ့သို့ အချဉ်ဓာတ် ပါသော အရည်ကို တိုက်ပေးရသည်။ သို့မဟုတ် နွားနို့များများ လည်း တိုက်ပေးနိုင်သည်။

မြွေကိုက်ခြင်း (ပိုးထိခြင်း)[ပြင်ဆင်ရန်]

လယ်တောများတွင် အလုပ်လုပ်ရသူများ၊ တောကြိုအုံကြား ၌ အလုပ်လုပ်ရသူများသည် မကြာခဏ မြွေကိုက်(ပိုးထိ) ခံကြ ရသည်။ အဆိပ်ရှိသော မြွေမျိုးအကိုက်ခံရပါက သေဘေး နီး လှသည်။ ထိုကြောင့် တစ်ကိုယ်လုံး အဆိပ်မပြန့်စေရန် အလျင် အမြန် ဆောင်ရွက်ကြရသည်။ ပိုးထိသည့်နေရာတစ်ဝိုက်မှ သွေး အသွားအလာကို တားဆီးနိုင်ရန် ပိုးထိသည့်နေရာ အထက်နား တွင် ကြိုးတစ်ချောင်းဖြင့် တင်းကျပ်စွာ စည်းပေးရသည်။ သို့ မဟုတ် တူနီကက်ကို အသုံးပြုရသည်။ ပိုးထိခံရသောနေရာ များမှာ များသောအားဖြင့် ခြေနှင့် လက်တို့တွင် ဖြစ်တတ် သည်။ ပိုးထိသည့်နေရာကို ဓားဖြင့်ခွဲ၍ သွေးများများ ထွက် အောင် ပြုပေးခြင်းဖြင့်လည်း အဆိပ်ကို ဆေးချနိုင်သည်။ ကွဲဟသွားသော ဒဏ်ရာထဲသို့ ပိုတက်စီယမ် ပါမန်ဂနိတ် (စက် စက် ယိုမှုန့်)ကို ဖြူးထည့်ပေးရမည်။ ဒဏ်ရာမှ သွေးကို ည|စ် နိုင်သမျှ ည|စ်ထုတ်၍ အဆိပ်များ ထွက်နိုင်သမျှ ထွက်အောင် ပြုပေးရသည်။ နှုတ်ခမ်းတွင် အနာ၊ သို့မဟုတ် ကွဲအက်ခြင်း မရှိသူတစ်ဦးဦးက အဆိပ်ကို ပါးစပ်ဖြင့် စုပ်ထုတ်နိုင်သည်။ မြွေဆိပ်သည် ဝမ်းထဲရောက်သွား၍ အန္တရာယ်မဖြစ်တတ်ပေ။ ခွေးကိုက်လျှင် ခွေး၏ သွားရည်စင်သွားအောင် ရေဖြင့် ဆေးချရသည်။ အိုင်အိုဒင်းဆားရည်ကို ထည့်ပေးပြီးလျှင် ခွေးရူးကိုက် ဆေးရုံသို့ ခေါ်ဆောင်သွားသင့်လေသည်။ ရေသည် လူတို့အသက်ရှင်ရေးအတွက် အလွန်အရေးပါလှ သော်လည်း ရေနစ်ခြင်းကြောင့်လည်း အသက်ဆုံးရှုံးမှုများ ဖြစ် ကြရသည်။ ရေနစ်သူအား ကယ်ယူနိုင်သည့် နည်းလမ်းများကို တတ်သိထားပါလျှင် လူ့အသက်တစ်ချောင်း မတော်တဆ ဆုံးရှုံးရခြင်းမှ ကယ်တင်နိုင်ပေသည်။ လူတစ်ယောက်သည် ရေနစ်ပြီးနောက် သုံးကြိမ်သုံးခါ ပြန်၍ပေါ်သည်ဟူသော အများ ၏ ယူဆချက်သည် မခိုင်လုံချေ။ လက်များကို ဦးခေါင်းပေါ် သို့ ထောင်လျက်သားဖြင့် နစ်မြုပ်သွားပါမူ ရေနစ်သူသည် ပြန် မပေါ်လာတတ်ပေ။ လက်များကို ဘေး၌ ချလျက်သား နစ်မြုပ် သွားပါမူ ပြန်၍ ပေါ်လာတတ်သေးသည်ဟု ဆိုကြသည်။ ရေနစ်နေသူအား အသက်ကယ်လှေ၊ သို့မဟုတ် အသက် ကယ်ဗော့ စသည်တို့ဖြင့် ကယ်ဆယ်နိုင်က အကောင်းဆုံး ဖြစ် သည်။ သို့မှာသာ ကယ်ရသူအတွက် အန္တရာယ်မများလှပေ။ ရေနစ်သူသည် ကြောက်အားလန့်အားဖြင့် ဆွဲမိဆွဲရာ ဖမ်းဆွဲ တတ်ခြင်း၊ ကယ်သူကို အတင်းဝင်ဖက်ခြင်း စသည်ဖြင့် ပြု တတ်ရာ ကယ်သူရော နစ်သူပါ နှစ်ဦးလုံး နစ်မြုပ်သွားတတ် သည်။ လှေများ၊ ဗော့များ၊ မရနိုင်မူ ကယ်သူကိုယ်တိုင် ရေကူး ကျွမ်းကျင်မှ ရေကူး၍ ကယ်ဆယ်ခြင်း ပြုသင့်လေသည်။ ရေကူး၍ ကယ်ဆယ်သည့်အခါ ဖြစ်နိုင်လျှင် ရေနစ်သူ အား နောက်ဘက်မှနေ၍ ချဉ်းကပ်ပြီးလျှင် ဆံပင်၊ သို့မဟုတ် အင်္ကျီကော်လာ၊ သို့မဟုတ် လည်ပင်းစကို ဖမ်းဆွဲ၍ လွတ် နေသော ခြေလက်တို့ဖြင့် ခပ်ပြင်းပြင်း ကူးခပ်ယင်း ရေနစ်သူ ကို ဆယ်ရသည်။ နောက်ဘက်မှနေ၍ ချဉ်းကပ်ရန်မဖြစ်ဘဲ ရေနစ်သူသည် မြုပ်လုဆဲဆဲ ဖြစ်နေပါလျှင် ယာလက်ဖြင့် ရေနစ်သူကို ပက်လက်ဖြစ်သွားအောင် ဆွဲလှည့်လိုက်ရသည်။ ထိုနောက်မှ ရေနစ်သူ၏ ဦးခေါင်းကို မိမိ၏လက်နှစ်ဖက်ဖြင့် ကိုင်၍ ကယ်ဆယ်သူကိုယ်တိုင်လည်း ပက်လက်လှန်ကာ ခြေ ဖြင့် ကူးခပ်ယင်း ရေနစ်သူကို ဘေးကင်းရာသို့ ယူဆောင်သွား ရသည်။ အခြားတစ်နည်းမှာ ကယ်ဆယ်သူသည် ဘေးစောင်း ကူးခပ်လျက် ပက်လက်ဖြစ်နေသော ရေနစ်သူကို လက်တစ်ဖက် ဖြင့် ခါးကို ဖက်၍ ခေါ်ဆောင်သွားရသည်။

အကယ်၍ ရေနစ်သူသည် အနားကပ်လာသော ကယ်သူ ၏ လက်ကောက်ဝတ်ကို ကြောက်အားလန့်အားဖြင့် ဖမ်းကိုင် လျှင် ယင်း၏ရင်ပတ်ကို ခြေဖြင့်ကန်၍ ဖယ်ထုတ်ရသည်။ ရေနစ်သူသည် ကယ်သူ၏လည်ပင်းကို အတင်းဖက်လာလျှင် သူ၏ရင်ပတ်ကို လက်ဖြင့် တွန်းလိုက်ပြီး တစ်ခါတည်း ငုံ့ချ လိုက်ရသည်။ ကယ်သူ အား ရေနစ်သူက နောက်မှနေ၍ ဖက် လာလျှင် သူ၏လက်မကို မြဲမြဲဖမ်းဆွဲပြီး သူ့လက်မောင်းကို ဆန့်ထုတ်လိုက်ကာ ဖက်ထားခြင်းမှ လွတ်အောင် ပြုရသည်။ တစ်ချိန်တည်းမှာပင် သူနှင့် မျက်နှာချင်းဆိုင်လိုက်ပြီးလျှင် သူ့ရင်ပတ်ကို တွန်းထုတ်လိုက်ရသည်။ ရေနစ်သူသည် ကယ် သူက ပြောသည့်အတိုင်း ပြုလုပ်မည့် အခြေအနေမျိုး၌ ရှိနေ လျှင် သူ့အား ကယ်သူနှင့် မျက်နှာချင်းဆိုင် နေပါစေ။ သူ၏ လက်နှစ်ဖက်ကို ကယ်သူ၏ ပခုံးနှစ်ဖက်ပေါ်၌ အသီးအသီး တင်ထားစေ၍ ကယ်သူက ရေနစ်သူအား ရှေ့သို့ တွန်းပို့ယင်း ကူးခပ် သွားနိုင်လေသည်။

ရေနစ်သူသည် ရေထဲမြုပ်သွားပြီးလျှင် ရေမွန်းကာ သတိ လစ်သွားတတ်သည်။ ရေထဲ မြုပ်၍သွားလျှင် ချက်ချင်း မသေ နိုင်ပေ။ ရေမွန်းနေခြင်းသာ ဖြစ်သည်။ အသက်မရှုနိုင်တော့ သည့်တိုင်အောင် နှလုံးသည် မိနစ်အနည်းငယ်မျှ ဆက်လက် ခုန်နေနိုင်သေးသည်။ ထို့ကြောင့် ရေနစ်ပြီး သတိလစ်နေသူကို ပြန်၍ ဆယ်ယူပြီးလျှင် အသက်ပြန်၍ ရှုနိုင်အောင် ဉာာဏ်ကူ အသက်ရှုနည်းဖြင့် အလျင်ပြုပြင်ပေးရသည်။

ရေနစ်သူသည် ရေထဲမြုပ်သွားစဉ်က အဆုတ်ထဲသို့ ရေ များ ရှုသွင်းထားသဖြင့် အဆုတ်ထဲရောက်နေသော ရေများ ပြန်၍ အန်ထွက်အောင် ပထမဆုံး ပြုလုပ်ရသည်။ ရေနစ်သူကို ထူမပေးပြီးလျှင် နောက်ဖက်မှ နေ၍ ဝမ်းပိုက်အောက်နားတွင် ဖက်ထားကာ ဦးခေါင်းကို ငိုက်ကျနေစေရသည်။ ယင်းသို့ဖြင့် ရေများ ပြန်၍ အန်ထွက်လာနိုင်သည်။ သို့သော် ရေနစ်သူကို မတ်မတ်ထိုင်မပေးရန် သတိပြုရမည်။ အကြောင်းမူ အဆုတ် ထဲသို့ ရေပို၍ ဝင်သွားတတ်သောကြောင့် ဖြစ်ပေသည်။ အခြား တစ်နည်းမှာ ရေနစ်သူကို ပခုံးပေါ်၍ မှောက်၍ ဦးခေါင်းကို ဇောက်ထိုးထားကာ ထမ်းပိုး၍ လျှောက်ပေးရသည်။ ရေအန်ထွက်ပြီးလျှင် ရေနစ်သူကို မြေကြီးပေါ်မှာ မှောက် ထားရသည်။ လက်တစ်ဖက်ကို မေးအောက်၌ ထားစေ၍ အခြား တစ်ဖက်ကို တစ်ဖက်သို့ စောင်းထားပြီးလျှင် ပါးစပ်ထဲ၌ ဆို့ ပိတ်စရာရှိပါက ဖယ်ရှားပစ် ရသည်။

ထိုနောက် ရေနစ်သူ၏တင်ပါးအနီး၌ ခွလျက် ဒူးထောက် ထိုင်ရသည်။ ယင်း၏ခါးတစ်ဖက်တစ်ချက်၊ အောက်ဆုံးနံရိုးများ ရှိမည့်နေရာတွင် လက်ဖဝါးနှစ်ဖက်ကို မှောက်လျက် အသီးသီး တင်ထားရမည်။ လက်ချောင်းများသည် နံရိုးများနှင့် မျဉ်းပြိုင် ရှိစေရမည်။ ထိုနောက် လက်မောင်းများကို ဆန့်တန်း၍ ကိုယ် ကို ရှေးကိုင်းပြီးလျှင် ကျောပြင်တစ်လျှောက် တွန်း၍ ဖိသွားရ သည်။ ထိုနောက် တစ်ဖန် ကိုယ်ကို ပြန်၍ မတ်လိုက်ပြီးလျှင် လက်ဖဝါးများကို မခွာဘဲလျက် ဖိအားကို လျှော့ပေးရသည်။ ဖိတွန်းခြင်းသည် ထွက်သက် ရှုထုတ်နိုင်ရန် အားပေး၍ ဖိအား လျှော့ပေးခြင်းသည် ဝင်သက် ရှုသွင်းနိုင်ရန် အားပေးသည်။ ဤနည်းအတိုင်း ဖိချည် လျှော့ချည် ပြုပေးရသည်။ ထိုဉာာဏ်ကူ အသက်ရှုနည်းကို ရှေး ဖားဉာာဏ်ကူ အသက်ရှုနည်းဟု ခေါ်၍ ဉာာဏ်ကူအသက်ရှုနည်းများအနက် အလွယ်ဆုံးနည်း ဖြစ်သည်။ တစ်ယောက်တည်းဖြင့် ဆောင်ရွက်နိုင်သော်လည်း အကူအညီ ရှိလျှင် လူပြောင်း၍ ပြုလုပ်နိုင်သည်။ ထိုနည်းအတိုင်း စိတ် ရှည်ရှည်ထား၍ ရေနစ်သူ အသက်ပြန်ရှူနိုင်သည့်တိုင်အောင်၊ သို့မဟုတ် ဆရာဝန်က ရေနစ်သူ သေဆုံးပြီးဟု ဆိုသည့်တိုင် အောင် ဇွဲကောင်းကောင်းဖြင့် ပြုပြင်ပေးရန် လိုအပ်သည်။ တစ်ခါတစ်ရံ ထိုနည်းဖြင့် ပြုပြင်ပေးသဖြင့် ရေနစ်ပြီး နာရီ အနည်းငယ်ကြာပြီးမှပင် ပြန်၍ အသက်ရှင်လာကြသည့် အထောက်အထားများ ရှိလေသည်။

ဉာာဏ်ကူအသက်ရှူနည်းဖြင့် လျှပ်စစ်ဓာတ်လိုက်သူများကို လည်း ကယ်ဆယ်နိုင်သည်။ ဓာတ်လိုက်သူများသည် ဓာတ်ကြိုး တွင် တွယ်ကပ်လျက်သား သတိလစ်နေတတ်ကြသည်။ ယင်း သို့ တွယ်ကပ်နေရာမှ ပြုတ်ထွက်အောင် ပထမဆုံး ဆောင်ရွက် ရသည်။ သို့သော် ကယ်သူပါ ဓာတ်မလိုက်အောင် သတိထား ရသည်။ ပထမဆုံး ဓာတ်အားလာနေခြင်းကို ဖြတ်တောက်လိုက် ရသည်။ ယင်းသို့ မဆောင်ရွက်နိုင်လျှင် ကယ်သူသည် ခြောက် သွေ့သောနေရာ၌ ရပ်၌ လက်တွင် ခြောက်သွေ့သော အဝတ် တစ်ခုခုဖြင့် ပတ်၍ (ဖြစ်နိုင်လျှင် လက်အိတ်စွပ်၍) ဓာတ်လိုက် နေသူကို ဖြုတ်၍ ချရသည်။ ခြောက်သွေ့သော သတင်းစာစက္ကူ အထပ်ထပ် လက်ပတ်၍လည်း ဖြုတ်ချနိုင်သည်။ သို့မဟုတ် အင်္ကျီအိတ်အတွင်းသို့ လက်လျှို၍ ဓာတ်လိုက်နေသူအား ကိုင် တွယ် ဖယ်ရှားရသည်။ အခြားတစ်နည်းမှာ ခြောက်သွေ့သော ဝါးလုံးဖြင့် ဓာတ်လိုက်နေသူကို ဓာတ်ကြိုး မှ လွတ်အောင် ဖြုတ်ချရသည်။

ဓာတ်လိုက်နေသူသည် ဓာတ်ကြိုးမှလွတ်သွားလျှင် ရေနစ် သူကို ပြုစုသည့် ဉာာဏ်ကူ အသက်ရှူနည်းများဖြင့် ပြုပြင်၍ ပြန်ပြီး အသက်ရှူနိုင်အောင် ကြိုးစားရလေသည်။ ကြိုးဆွဲချ၍ သတိလစ်နေသူများ၊ ရေတွင်းဟောင်းများထဲ ဆင်းမိသဖြင့် ဓာတ်ငွေ့သင့်ကာ သတိလစ်သူ များကိုလည်း အဆိုပါ ဉာာဏ်ကူ အသက်ရှူနည်းများဖြင့် ပြုစုနိုင်လေသည်။

သယ်ယူရွှေ့ပြောင်းခြင်း[ပြင်ဆင်ရန်]

ဒဏ်ရာရသူကို မရွှေ့ပြောင်းဘဲ ထား၍ ဝေဒနာတိုးရန် မရှိဟု ယူဆလျှင် ရှိရင်းစွဲနေရာ၌ပင် မရွှေ့ပြောင်းဘဲ ထားသင့် လေသည်။ ရွှေ့ပြောင်း လှုပ်ရှားခြင်းသည် လူနာအား ပို၍ ထိခိုက်နာကျင်စေတတ်သည်။ အရိုးကျိုးသွားသူ၊ သွေးထွက်များ နေသူအဖို့ မလိုဘဲနှင့် ရွှေ့ပြောင်းလှုပ်ရှားစေခြင်းသည် လူနာ၏ အခြေအနေကို ပိုမို ဆိုးရွားစေလေသည်။

လူနာကို မရွှေ့ပြောင်းဘဲမဖြစ်နိုင်လျှင် သတိနှင့် ညင်သာ နိုင်သမျှ ညင်သာအောင် ရွှေ့ပြောင်းပေးသင့်လေသည်။ ဒဏ်ရာ ကြီးသော လူနာကို လူနာတင်ထမ်းစင်ဖြင့် သယ်ယူရွှေ့ပြောင်း သင့်သည်။ အဆင်သင့် ပြုလုပ်ထားသော လူနာတင် ထမ်းစင် မရှိလျှင် အလွယ်တကူရနိုင်သော ပစ္စည်းများဖြင့် လူနာကို တင်နိုင်သော စင်တစ်ခုဖြစ်အောင် ကြံဖန်လုပ်ကိုင်ယူရမည်။ တံခါးရွက်ဖြစ်စေ၊ တရုတ်ကပ်တံခါး၊ ဝင်းတံခါး စသည်တို့ကို ဖြစ်စေ လူနာတင်စင်အဖြစ် ဖန်တီးအသုံးပြုနိုင်သည်။ ဘေးမှ ဝိုင်းကြည့်နေသော ပရိသတ်ထဲမှ ကုတ်အင်္ကျီခပ်ခိုင်ခိုင်နှစ်ထည် ကို ငှားရမ်း၍ ရနိုင်လျှင် ထိုအင်္ကျီလက်ကို ပြောင်းပြန်လှန်၍ သစ်သားလုံး ခပ်ငယ်ငယ် နှစ်လုံးကိုဖြစ်စေ၊ တောင့်တင်းသော ဝါးလုံးနှစ်လုံးကိုဖြစ်စေ အင်္ကျီတစ်ထည်၏ လက်ပေါက် တစ်ပေါက်စီတွင် တစ်လုံးစီ လျှိုသွင်းပါ။ ထိုနောက် အခြား အင်္ကျီတစ်ထည်ကိုလည်း ပထမအင်္ကျီနှင့် ကိုယ်ထည်ချင်း ဆက် လျက်ဖြစ်အောင် တစ်ဖက်တွင် ပထမအင်္ကျီကို ပြုလုပ်သကဲ့သို့ လုပ်ရမည်။ ထိုနောက်မှ အင်္ကျီများမှကျယ်သီးများကို တပ်လိုက် လျှင် လူနာသယ်ယူနိုင်သည့် ထမ်းစင်တစ်ခုကို ရရှိပေလိမ့်မည်။ ဆန်စပါးစသည် ထည့်သည့် ဂုံအိတ်များကိုလည်း လူနာ တင် ထမ်းစင်တစ်ခုဖြစ်အောင် ဖန်တီးနိုင်သည်။ ထိုအိတ်များ ၏ ဖင်ဘက်ထောင့်များတွင် အပေါက်နှစ်ပေါက် ဖောက်၍ တုတ်တန်း၊ ဝါးလုံးတစ်မျိုးမျိုး ထိုးသွင်းလိုက်လျှင် လူနာတင် ထမ်းစင်ဖြစ်နိုင်လေသည်။ စောင်၊ အိပ်ရာခင်းထူထူများကို ကွင်းပြုလုပ်၍ ဝါးလုံးသွင်းကာ လုပ်နိုင်သေးသည်။ သို့သော် မြန်မာတို့သည်မူ ပုခက်၊ သို့မဟုတ် ဆောင်ပန်းကို အသုံး များလေသည်။ ဖော်ပြခဲ့သော ပစ္စည်းများတွင် ရရန်လွယ်ကူ သော ပစ္စည်းများဖြင့် လူနာတင်ထမ်းစင်ပြုလုပ်ပြီးသော် အရေး ကြီးဆုံး သတိပြုရန်မှာ ထိုထမ်းစင်ကို ခိုင်မခိုင် စိတ်ချ မချရ စမ်းသပ်ပြီးမှ လူနာကို သယ်ယူသူတစ်ဦးတစ်ယောက် ခြေလှမ်း မှားသွားလျှင် ထမ်းစင်သည် လှုပ်ရှားတိမ်းစောင်းသွားတတ်၍ လူနာအား ထိခိုက်စေနိုင်သည်။

ရရှိသော ဒဏ်ရာမှာ မကြီးကျယ်လှသော်လည်း လမ်း မလျှောက်နိုင်သူကို သယ်ယူရန်မှာ ကျွနု်ပ်တို့ ငယ်စဉ်အခါ ကစားသော ညောင်ရေအိုးစင် ပန်းအိုးစင် ကစားနည်းကို အသုံးပြုနိုင်လေသည်။ လူနှစ်ယောက် မျက်နှာချင်းဆိုင် တစ်ယောက်လက်ကို တစ်ယောက် မြဲမြံစွာ ဆုပ်ကိုင်၍ ဆောင့်ကြောင့်ထိုင်ပြီးလျှင် ဒဏ်ရာရသူကို ထိုတွဲထားသော လက်ပေါ်တွင် ထိုင်ခိုင်းရမည်။ ထိုလူနာက တတ်နိုင်လျှင် လက်တွဲထားသူနှစ်ဦး၏ လည်ပင်းများကို လက်နှစ်ဘက်ဖြင့် ဖက်ထားရမည်။ ထိုနောက် လူနာသယ်ယူသူအား မတ်တပ် ရပ်ကာ ဖြည်းည|င်းသာယာစွာ သယ်ယူသွားကြရမည်။ နောက်တစ်နည်းမှာ နောက်မှီ တောင့်သော တစ်ယောက် ကုလားထိုင်တွင် လူနာကို ထိုင်စေ၍ သူ့လက်များကို ပေါင် ပေါ်တွင် တင်ထားပါစေ။ လူနာသယ်မည့်သူ နှစ်ယောက်အနက် တစ်ယောက်က လူနာနှင့် မျက်နှာချင်းဆိုင်လျက် ကုလားထိုင် အရှေ့ခြေထောက်နှစ်ခုကို ကိုင်ထားရသည်။ အခြားတစ်ယောက် က သူတို့ကို ကျောပေး၍ ကုလားထိုင်နောက်မှီ ထိပ်နှစ်ခုကို မြဲမြံစွာ ဆုပ်ကိုင်၍ ကုလားထိုင်ကို မယူကာ နောက်မှီကို ကိုင် သူက ခေါင်းဆောင်လမ်းပြ၍ သယ်ယူသွားရမည်။ ထိုကဲ့သို့ သယ်ယူခြင်းသည် လူနာအဖို့လည်းကောင်း၊ သယ်ယူသူများ အဖို့လည်းကောင်း အနေအထား သက်သာချောင်ချိစေနိုင်သည်။ သယ်ယူနိုင်မည့် သူသည် တောင့်တင်းသန်မာ၍ တစ်ဦး တည်းဖြစ်လျှင် မီးလောင်နေသော အဆောက်အအုံတစ်ခုမှ လူများကို မီးသတ်သမားများ ကယ်ယူနည်းအတိုင်း လူနာကို ပခုံးဖြင့် ထမ်း၍ သယ်ယူနိုင်လေသည်။ ထိုကဲ့သို့ အရေးကိစ္စ မျိုးနှင့် ရင်ဆိုင်လျှင် သယ်ပုံသယ်နည်းများကို ကျွမ်းကျင် နားလည်ထားပါက အကြံဉာာဏ်ပေး၍လည်းကောင်း ကိုယ် ထိလက်ရောက် တတ်အားသမျှ ဆောင်ရွက်ပေးခြင်းဖြင့် လည်းကောင်း ကူညီနိုင်ပေသည်။

ပတ်တီးစည်းနည်းများ[ပြင်ဆင်ရန်]

ရှေးဦးသူနာပြုတစ်ဦးသည် ထိုလုပ်ငန်းကို ဆောင်ရွက်ရာ၌ ရံဖန်ရံခါပင် ပတ်တီးစည်းပေးရသော ကိစ္စမျိုးနှင့် ကြုံရတတ် သည်။ ထို့ကြောင့် ရှေးဦးသူနာပြုတစ်ဦးသည် ပတ်တီးစည်းပုံ စည်းနည်းများကိုလည်း အခြေခံအားဖြင့် သိထားရန် လိုအပ် ပေသည်။

ပတ်တီးများသည် တြိဂံပုံပတ်တီး၊ ပတ်တီးလိပ်နှင့် အမြီး လေးခွ ပတ်တီးဟူ၍ သုံးမျိုး ရှိသည်။ မည်သည့် ဒဏ်ရာမျိုး မဆို ပတ်တီးစည်းပေးခြင်းဖြင့် ထိခိုက်ရှနမိ၍ ကွဲဟသွားသော အသားအရေများကို ပြန်လည် စေ့လာစေသည့်ပြင် အရိုးများ ကျိုး၍ ကျပ်များထည့်ပေးရလျှင် ထိုကျပ်များ မရွေ့နိုင်အောင် ပတ်တီးက ထိန်းပေးလေသည်။

ဒဏ်ရာများကို ပတ်တီးစည်းပေးရာ၌ တစ်ခါတစ်ရံ ဒဏ်ရာတည့်တည့်ပေါ်တွင် အဝတ်ခေါက် ခပ်ထူထူကလေး တစ်ခုတင်ပြီးမှ ပတ်တီးစည်းပေးသင့်ပေလေသည်။ ပေါင်းတင် ထားသော ဆေးရုံသုံးပတ်တီးမျိုးကို အပိုင်းအစများကို သုံးသင့် သည်။ သို့မဟုတ်လျှင် မသန့်ရှင်းသောပတ်တီးမှ ရောဂါပိုးများ သည် အနာတွင်းသို့ရောက်ကာ ဒဏ်ရာမှာ ပိုမိုဆိုးရွားလာတတ် သည်။ စိုနေသော ပတ်တီးများကိုလည်း လုံးဝ မသုံးသင့်ပေ။ တြိဂံပုံပတ်တီး ။ ။ ထိုပတ်တီးမျိုးကို တစ်ကိုက်ပတ်လည်ခန့်ရှိသော အဝတ် အပိုင်းအစကို ထောင့်တန်းခေါက်ချ၍ ည|ပ်လိုက်လျှင် တြိဂုံပုံ ပတ်တီးနှစ်ခု ရနိုင်သည်။ ယင်းပတ်တီးမျိုးသည် ပြုလုပ်ရန် လွယ်ကူ၍ ဦးခေါင်း၊ လည်ပင်း၊ လက်၊ လက်မောင်း၊ ရင်ပတ်၊ ခြေထောက် စသည်တို့၌ အသုံးပြနိုင်လေသည်။

ကရေးဗက်ပတ်တီးသည် တြိဂံပုံ ပတ်တီးထိပ်ချွန်ကို တြိဂံ ပုံ၏ အောက်ခြေအလယ်တည့်တည့်ရောက်အောင် ခေါက်ချ လိုက်ပြီးမှ မိမိအလိုရှိရာ အပြားအနေရအောင် ခေါက်ယူခြင်း ဖြစ်လေသည်။

အမြီးလေးခွ ပတ်တီး[ပြင်ဆင်ရန်]

ဦးခေါင်းတွင် ရရှိသော ဒဏ်ရာများအတွက် ထိုပတ်တီး မျိုးကို အသုံးပြုရသည်။ အလျားတစ်ကိုက် အနံ ငါးလက်မခန့် ရှိသော ပိတ်ပိုင်းတစ်ခုကို အလယ်၌ ဒဏ်ရာဖုံးမိရုံမျှ နေရာချန် ထားပြီးလျှင် ဘေးအစနှစ်ဖက်ကို ခွဲချလိုက်ပါ။ ထိုနောက်မှ ဒဏ်ရာနေရာသို့ မခွာဘဲ ချန်ထားခဲ့သောပတ်တီးအပိုင်းဖြင့် အုပ်၍ အမြီးလေးခွအစများကို ခေါင်းပေါ်တွင် ကြက်ခြေခတ် ချည်ရသည်။ အထုံးများ မပြေလွယ်အောင် အသေချည်ရလေ သည်။

ပတ်တီးလိပ်များ[ပြင်ဆင်ရန်]

ယင်းတို့မှာ အမျိုးမျိုး အစားစားရှိ၍ ဆေးဆိုင် စသည် တို့မှ ဝယ်ယူရရှိနိုင်လေသည်။ တဖြည်းဖြည်း ရောင်ရမ်းလာ တတ်သဖြင့် ပတ်တီးကို တင်းကျပ်စွာ စည်းမထားသင့်ပေ။ စည်းသည့်အခါ၌ အလိပ်ကို ညာလက်တွင် ကိုင်၍ ပတ်တီး အစကို ဘယ်လက်ဖြင့် ကိုင်ကာ စတင်စည်းမည့် နေရာတွင် ခိုင်မြဲစေရန် သုံးလေးပတ် ရစ်ပတ်လိုက်ပြီးလျှင် အလျော့ အတင်း ညီညာစွာဖြင့် စည်းသွားသင့်သည်။ သို့မဟုတ်လျှင် ပတ်တီးသည် နေရာတွင် မမြဲဘဲ ရှိတတ်၍ တင်းကျပ်စွာ စည်းထားလျှင်လည်း သွေးအသွားအလာကို ထိခိုက်စေတတ် သည်။

ပတ်တီးများကို စည်းပေးရာ၌ ပတ်တီးသည် ဒဏ်ရာကို ကာကွယ်ပေးပြီးလျှင် ထိုနေရာ၌ တည်ငြိမ်စွာ ရှိစေ၍ လျှော ကျခြင်း မဖြစ်စေဘဲ လူနာမှာ သက်သာချောင်ချိမှု ဖြစ်နိုင်သမျှ ဖြစ်စေရမည်။ ပတ်တီးစည်းရာတွင် သတိပြုရန် အချက်ကား ပမာအားဖြင့် လက်မောင်းတွင် ဒဏ်ရာရလျှင် ဒဏ်ရာရလျှင် ဒဏ်ရာကို ဆေးထည့်၍ ပတ်တီးစည်းပြီးမှ လက်ကို သိုင်းထား ရမည်ဖြစ်၍ ထိုသိုင်းထားရမည့် အနေအထားနှင့် လိုက်လျော ညီစွာ ပတ်တီးကို စည်းပေးရလေသည်။ သို့မဟုတ်ဘဲ နေရိုးနေ စဉ် အနေအထားအတိုင်း ပတ်စည်းပေးလျှင် လက်ကို သိုင်းရ သောအခါ၌ အနေအထားမကျဘဲ ဒဏ်ရာကို ထိခိုက်စေ တတ်သည်။

ပတ်တီးစည်းပုံ စည်းနည်း သုံးမျိုးရှိလေသည်။

  1. ဝက်အူ ရစ်ပုံစည်းနည်း
  2. ဝက်အူရစ်ပြောင်းပြန်ပုံ စည်းနည်းနှင့်
  3. အဝိုင်းပုံစည်းနည်း ဖြစ်ကြသည်။

ဝက်အူရစ်ပုံပတ်တီးမှာ ပထမ တစ်ပတ်နှစ်ပတ် ပတ်လိုက်ပြီးလျှင် နောက်တစ်ပတ်ကို အပေါ် သို့ အနည်းငယ်ခပ်စွေစွေကလေး မြင့်တက်၍ စည်းသွားရလေ သည်။

ဝက်အူရစ် ပြောင်းပြန်ပုံ ပတ်တီးမှာ ပတ်တီးကို တည့် တည့် အဝိုင်းတစ်ပတ် နှစ်ပတ်ပတ်လိုက်ပြီးလျှင် နောက် တစ်ကြိမ်ဝိုင်း၍ ပတ်ရာတွင် နောက်တစ်ပတ်ကို လက်မခံ၍ ဒေါင့်ချိုးချ၍ ပတ်ရမည်။ နောက်တစ် ပတ်ကို အဝိုင်းပတ်၍ နောက်တစ်ပတ်ကို လက်မခံ၍ ဒေါင့်ချိုးချ၍ ပတ်ကာ ပတ်တီး စည်းသွားရမည်။ ဤ ပတ်တီးစည်းနည်းကို ခုံးမောက်သော ကြွက်သားများရှိသည့် နေရာများ၌ ဒဏ်ရာရလျှင် အသုံးချရ သည်။

အဝိုင်းပုံစည်းနည်းမှာ အဝိုင်းလိုက် ရစ်ပတ်သွားရရာ ပထမအပတ်၏ အနံသုံးပုံနှစ်ပုံမျှကို ဒုတိယအပတ်က ဖုံးအုပ် ကာဖြင့် တစ်ပတ်ပြီးတစ်ပတ် ရစ်ပတ်သွားရလေသည်။ ခြေလက်တို့တွင် ဒဏ်ရာရလျှင် စည်းနှောင်ရန် လွယ်ကူ သော်လည်း မေး၊ ည|ပ်ရိုး စသည့်အနေရာမျိုးမှာ အချက်သိ မထားလျှင် ပတ်တီးစည်းပေးရာ၌ အခက်အခဲ တွေ့ရလေသည်။ ထို့ကြောင့် ထိုကဲ့သို့သော နေရာမျိုးတွင် ဒဏ်ရာရရှိခဲ့သော် မည်ကဲ့သို့ စည်းနှောင်ပေးရမည်ကို အနည်းငယ်ဖော်ပြလိုပေ သည်။

လက်မောင်းတွင် ဒဏ်ရာရလျှင် ဒဏ်ရာကို ပတ်တီး စည်းပေးပြီးနောက် သိုင်းထားရန် လိုပေသည်။ ဒဏ်ရာရရှိ ထားသော လက်မောင်းမလှုပ်မရှား သက်သာစွာ ရှိစေရန် အရွယ်အစား သင့်တော်သည့်လက်သိုင်းကို အသုံးပြုနိုင်သည်။ ဒဏ်ရာသည် လက်ရုံးဘက်တွင်ဖြစ်လျှင် ဆေးထည့် ပတ်တီးစည်းပြီးနောက် လက်မောင်း၊ တံတောင် ဆစ်နှင့် လက်တို့ကို ထည့်ထားလောက်အောင် ကျယ်ဝန်းသော လက်သိုင်းဖြင့် သိုင်းထားရသည်။ လက်သိုင်းများကို တြိဂံ ပုံပတ်တီးဖြင့် ပြုလုပ်နိုင်၍ အစွန်းထွက်နေသော အစများကို သပ်ရပ်စွာ ခေါက်ကာချိတ်ဖြင့် တွယ်ထားရသည်။ မေးရိုးကျိုးလျှင် တြိဂံပုံပတ်တီး နှစ်ခုကို အသုံးပြုရသည်။ ကရေးဗက် ပတ်တီးအပြား ခပ်ကြီးကြီးနှင့် ခပ်သေးသေးနှစ်ခု ပြုလုပ်၍ အကြီးကို မေး၌သိုင်းကာ ထိပ်ပေါ်တွင် တင်ချည်ရ သည်။ အသေးပတ်တီးကို အောက်နှုတ်ခမ်း၊ အောက်မေးအရှေ့ ဘက်ကို ဖုံး၍ ဂုတ်ဘက်သို့ရောက်အောင် ပတ်တီးစ နှစ်စကို ဆွဲယူလာပြီး ချည်ရသည်။ ထိုနောက်မှ ပထမပတ်တီး အစနှင့် နောက်ပတ်တီးအစ နှစ်စကို တွဲ၍ ချည်ရသည်။

ည|ပ်ရိုးကျိုးလျှင် လက်မောင်းတစ်ခုလုံး မလှုပ်မရှားနိုင်စေ ရန် ပတ်တီး စည်းထားရလေသည်။ ညာဘက် ည|ပ်ရိုးကျိုးလျှင် ညာဘက် ဂျိုင်းအောက်ပ အဝတ်ခေါက်ကို ထူထူအလိပ်ကလေး တစ်ခု သွင်း၍ လက်မောင်းကို ထောင့်တန်းရင်ပတ်တွင် ကပ် ထားရသည်။ တြိဂံပုံ ပတ်တစ်တစ်ခုကို ယူ၍ ထိုလက်မောင်း ကို သိုင်းကာ လက်ချောင်းကလေးများ ရှိရာဘက်၌ အထုံးချည် ရသည်။ ထိုနောက် တြိဂံပုံ ပတ်တီးထိပ်ကို လက်မောင်းပေါ်၌ ဖုံးချ၍ ချိတ်ဖြင့် တွယ်ထားရမည်။ တံတောင်ဆစ် မရွေ့ရှားနိုင် ဘဲ ပို၍ ခိုင်မြဲစေလိုလျှင် ကရေးဗက်ပတ်တီးဖြင့် တံတောင်ဆစ် အပေါ်နား၌ ကန့်လန့်ဖြတ် ချည်ပေးနိုင်သည်။

ည|ပ်ရိုး နှစ်ဘက်လုံးကျိုးလျှင် လက်ရုံးနှစ်ခုကို ဝမ်းပိုက် ပေါ်တွင် ကန်လန့်ဖြတ်၍ တင်ထားရသည်။ အတော်အတန် ရှည်လျားသော ပတ်တီးတစ်ခုကိုယူ၍ လက်မောင်းတစ်ဖက်၏ တံတောင်ဆစ်အထက်နားတွင် အနည်းငယ်ရစ်ပတ်လိုက်ပြီးသော် ကျောဘက်သို့ ယူသွားသော ထိုမှလှည့်၍ အခြားလက်မောင်း တစ်ဘက်တွင် ရစ်ပတ်ရသည်။ ထိုနောက်မှ ပတ်တီးစ နှစ်ဘက် ကို တံတောင်ဆစ် အရှေ့နားတွင် ချည်နှောင်ပေးရသည်။ ရှေးဦးသူနာပြုနည်းများကား ခဲခဲယဉ်းယဉ်း မပြုလုပ်ရ ဘဲနှင့် သူတစ်ပါးတို့ ပြုနိုင်သောနည်းများ ဖြစ်လေသည်။ အရေးအကြောင်းရှိပါက လိုအပ်သော အကူအညီကို လျင်မြန်စွာ ပေးနိုင်၍ အသက်ပေါင်းများစွာကို ကယ်နိုင်ကြခြင်းကြောင့် ဖြစ်ပေသည်။ ရှေးဦးသူနာပြုစုနည်းများကား တတ်သိ နားလည် ထားရုံမျှနှင့် မလုံလောက်သေးဘဲ လေ့ကျင့်ထားရန်လည်း လိုအပ်လှပေသည်။ အရေးကြုံလျှင် ချက်ချက်ချာချာနှင့် စံနစ် တကျ ကူညီဆောင်ရွက်စီမံခန့်ခွဲပေးနိုင်ရန် ခေတ်မီ အမျိုးသား အမျိုးသမီးများ တတ်သိကျွမ်းကျင် ထားလိုက်သော မွန်မြတ် လှသည့် ပညာရပ်တစ်ခု ဖြစ်ပေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Contributed by Dr. Tint Swe, MBBS (Mandalay)
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)