ရှေ့ စံကား၊ နောက် ဖလား
ပုံပန်းသွင်ပြင်
ရှေ့ စံကား၊ နောက် ဖလား သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]
အဓိပ္ပာယ်
[ပြင်ဆင်ရန်]“ရှေ့ စကား၊ နောက် ဖလား” ဆိုသည်မှာ မြန်မာ့ဂီတတူရိယာတစ်မျိုးဖြစ်သော စောင်း၏ အစိတ်အပိုင်းနှစ်ခု၏ ပုံသဏ္ဌာန်ကို ဖော်ပြသော ဆိုရိုးစကားဖြစ်သည်။ “ရှေ့ စကား” ဆိုသည်မှာ စောင်း၏ အရှေ့ပိုင်း (စောင်းလက်ရုံးနှင့် စောင်းအိုး ဆက်ထားသော အပိုင်း) သည် “စံကား” (စံကားရွက်) ပုံသဏ္ဌာန် ရှိသည်ဟု ဆိုလိုသည်။ “နောက် ဖလား” ဆိုသည်မှာ စောင်း၏ အနောက်ပိုင်း (ပဲ့ပိုင်း) သည် “ဖလား” ပုံသဏ္ဌာန် ရှိသည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် စောင်းပြုလုပ်ပုံ၏ အသေးစိတ်အချက်အလက်ကို ဖော်ပြသည်။
ကိုးကားချက်များ
[ပြင်ဆင်ရန်]- "စောင်းလက်ရုံးနှင့်စောင်းအိုး ဆက်ထားသော အပိုင်းမှာ (လှေ) စံကားရွက် သဏ္ဌာန် ပြုလုပ်၍ စောင်း၏ပဲ့ပိုင်းမှာ ဖလားသဏ္ဌာန် ပြုလုပ်ရသည်။ ဤ သည်ကို ရည်၍ ရှေးပညာရှင်တို့က ရှေ့ စကား၊ နောက် ဖလားဟူ၍ ဆိုကြ၏။" [၂]
- "ရှေ့ စကား၊ နောက် ဖလားဟူသော စကားနှင့်အညီ စောင်းလက်ရုံးနှင့် စောင်းအိုးဆက်မည့်နေရာ ဦးပိုင်းတွင် စောင်းအိုးကို စံကားရွက်ပုံထွင်းပြီး စောင်းပဲ့ပိုင်း၌ ဖလားပုံသဏ္ဌာန် ထွင်းရပါသည်။" [၃]