ရှောဝရွာ၊ ဂွန်းမ
| ရှောဝရွာ 昭和村 | |||
|---|---|---|---|
| Village | |||
Shōwa village office | |||
| |||
ဂွန်းမခရိုင်ရှိ ရှောဝရွာ၏ တည်နေရာ | |||
| ကိုဩဒိနိတ်: 36°38′23.1″N 139°3′57.2″E / 36.639750°N 139.065889°Eကိုဩဒိနိတ်: 36°38′23.1″N 139°3′57.2″E / 36.639750°N 139.065889°E | |||
| Country | Japan | ||
| Region | Kantō | ||
| Prefecture | Gunma | ||
| District | Tone | ||
| ဧရိယာ | |||
| • စုစုပေါင်း | ၆၄.၁၄ စတုရန်းကီလိုမီတာ (၂၄.၇၆ စတုရန်းမိုင်) | ||
| လူဦးရေ (October 2020) | |||
| • စုစုပေါင်း | ၇၂၂၈ | ||
| • သိပ်သည်းမှု | ၁၁၀/km၂ (၂၉၀/sq mi) | ||
| အချိန်ဇုန် | Japan Standard Time (UTC+9) | ||
| City symbols | |||
| • Tree | Sakura | ||
| • Flower | Azalea | ||
| • Bird | Green pheasant | ||
| Phone number | 0278-24-5111 | ||
| Address | 388 Itoi, Shōwa-mura, Tone-gun, Gunma-ken 379-1298 | ||
| ဝဘ်ဆိုက် | တရားဝင် ဝက်ဘ်ဆိုက်တ် | ||

ရှောဝရွာ (昭和村, Shōwa-mura) သည် ဂျပန်နိုင်ငံ၊ ဂွန်းမခရိုင်တွင်ရှိသည့် ရွာဖြစ်သည်။ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ရွာနေခန့်မှန်းလူဦးရေသည် ၇၂၂၈ ဦး၊ အိမ်ထောင်စု ၂၇၅၁ ခု ရှိသည်။ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် ၁၁၀ ဦး နေထိုင်ကြသည်။ ရွာ၏ စုစုပေါင်းဧရိယာသည် ၆၄.၁၄ စတုရန်းကီလိုမီတာ (၂၄.၇၆ စတုရန်းမိုင်) ရှိသည်။[၁]
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]ရှောဝရွာသည် ဂွန်းမခရိုင်၏ အလယ်ဗဟိုတွင် တည်ရှိနေသည်။ အခိဂိတောင်၏ အနောက်မြောက်ဘက်တောင်စောင်းတွင် ရှိသည်။ ရွာ၏ အရှေ့၊ အနောက်နှင့် မြောက်ဘက်အရပ်တွင် နုမတမြို့ရှိပြီး၊ တောင်ဘက်တွင် ရှိဘုခဝမြို့ ရှိသည်။ ခိတရှိနမြစ်နှင့် တိုနဲမြစ်တို့သည် ရွာကို ဖြတ်သန်းစီးဆင်းလျက်ရှိသည်။
ဆက်စပ်နေသည့်မြို့များ
[ပြင်ဆင်ရန်]ရာသီဥတု
[ပြင်ဆင်ရန်]ရှောဝရွာသည် နွေရာသီတွင် နွေးထွေးပြီး၊ ဆောင်းရာသီတွင် အေးမြသည်။ ဆောင်းရာသီတွင် နှင်းကျဆင်းမှု များပြားသည်။ နှစ်ပတ်လည်ပျမ်းမျှအပူချိန်သည် ၁၀.၄ ဒီဂရီစင်တီဂရိတ် ရှိသည်။ နှစ်ပတ်လည်ပျမ်းမျှမိုးရေချိန်သည် ၁၅၈၉ မီလီမီတာ ရှိသည်။ စက်တင်ဘာလသည် အစိုစွတ်ဆုံးလ ဖြစ်သည်။ ဩဂုတ်လသည် ပျမ်းမျှအပူချိန်အမြင့်ဆုံးလဖြစ်ပြီး ၂၃.၀ ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင်ရှိသည်။ ဇန်နဝါရီလသည် အနိမ့်ဆုံးဖြစ်ကာ ပျမ်းမျှအပူချိန် အနှုတ် ၁.၆ ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင်ရှိသည်။[၂]
လူဦးရေဆိုင်ရာ
[ပြင်ဆင်ရန်]ဂျပန်နိုင်ငံ၏ လူဦးရေစာရင်းအရ ရှောဝရွာ၏ လူဦးရေသည် လွန်ခဲ့သည့်နှစ်ခြောက်ဆယ်ကျော်ကတည်းက ကျဆင်းလျက်ရှိသည်။[၃]
| သမိုင်းတစ်လျှောက် လူဦးရေများ | ||
|---|---|---|
| ခုနှစ် | လူဦးရေ | ±% |
| 1960 | ၁၀၂၆၆ | — |
| 1970 | ၈၅၉၀ | −16.3% |
| 1980 | ၈၂၆၃ | −3.8% |
| 1990 | ၈၁၉၈ | −0.8% |
| 2000 | ၇၈၇၈ | −3.9% |
| 2010 | ၇၆၂၀ | −3.3% |
| 2020 | ၆၉၅၃ | −8.8% |
ပြင်ပလင့်များ
[ပြင်ဆင်ရန်]
Wikimedia Commons ရှိ Shōwa, Gunma နှင့်ပတ်သက်သော မီဒီယာများ
- Official Website (in ဂျပန်)