ရှီးလန်

ဝီကီပီးဒီးယား မှ
ရှီးလန်
လပြည့်ညရဲ့စိန်ခေါ်သံ ဇာတ်ကောင်
မြောင်မင်းသမီးရှီးလန်
ပထမဆုံး ပါဝင်ခြင်းအတွဲ ၃
အချက်အလက်များ
လိင်ဣတ္ထိလိင်
အလုပ်အကိုင်စားပွဲထိုး
လက်နက်ဓား ၊ပုလွေ

ရှီးလန် သည် လပြည့်ညရဲ့စိန်ခေါ်သံ သို့မဟုတ် ဒဏ္ဍာရီထဲကဓား ဟု လူသိများသည့် ရော်ဘင်ရှန်(ရှန်လီပင်း)ရိုက်ကူးသော တရုတ်ကာတွန်းရုပ်ရှင် ဇာတ်လမ်းတွဲတွင် ပါဝင်သည့် အသက် ၁၄ နှစ်အရွယ် ဇာတ်ကောင် မိန်းကလေးတစ်ဦး ဖြစ်သည်။ အမည်ရင်းမှာ ရှောင်ယွီဖြစ်ပြီး ရှူမျိုးနွယ်ဝင် ဖြစ်သည်။ အတွဲ ၃ တွင်မှ ဇာတ်လမ်းတွင် ပါဝင်လာသည်။ အတွဲ ၄ တွင် ရှီးလန်ကို မြောင်မင်းသမီးတစ်ဦးအဖြစ် ဖော်ပြခဲ့သည်။

စိတ်နေသဘောထား[ပြင်ဆင်ရန်]

စကားနည်းသည်။ တည်ငြိမ်သည်။ တစ်ပါးသူထံမှ အကူအညီကို အလွယ်တကူ လက်ခံလေ့မရှိ။

အရည်အချင်း[ပြင်ဆင်ရန်]

မျက်လှည့်ပြခြင်း

ဝတ်စုံအဆင်[ပြင်ဆင်ရန်]

အဆင် ၅ ဆင်ရှိသည်။

စားပွဲထိုးဝတ်စုံအဆင်[ပြင်ဆင်ရန်]

စားပွဲထိုးဝတ်စုံအဆင်ကို ထမင်းဆိုင်တွင်အလုပ်လုပ်သောအခါဝတ်သည်။ ကွန်ဖြူးရှပ်ကျောင်းသို့ ထမင်းသွားပို့သောအခါတွင်လည်း ဤဝတ်စုံကိုပင် ဝတ်ဆင်သည်။

မင်းသမီးအဆင်[ပြင်ဆင်ရန်]

အတွဲ ၂ ဇာတ်သိမ်းပိုင်းအပြီး၌ပြသည့် ဇာတ်ဝင်ခန်းတွင် ရှီးလန်ကို မင်းသမီးအဆင်နှင့်တွေ့ရသည်။

မျက်လှည့်အဆင်[ပြင်ဆင်ရန်]

မျက်လှည့်ပြသောအခါတွင် ဝတ်သောအဆင် ဖြစ်သည်။ မျက်လှည့်အဆင်မှာ မင်းသမီးအဆင်နှင့် တူသော်လည်း မရမ်းရောင်ဘက်ပိုသန်းသည်။

ဝတ်စုံနက်[ပြင်ဆင်ရန်]

အလုပ်ချိန်ပြင်ပတွင် အဝတ်အများဆုံး ဝတ်စုံဖြစ်သည်။ ထျန်းမင်နှင့် ရှောက်ယွီတို့ကို စီးမင်ကြီးနှင့် ရင်းယန်ရုပ်သေးများလက်မှ ကယ်တင်ခန်းတွင် ဝတ်ဆင်ခဲ့သည်။ မျက်နှာဖုံးလွင့်သွားသော ဇာတ်ဝင်ခန်းနောက်ပိုင်းမှစ၍ ဤဝတ်စုံဝတ်ရာတွင် မျက်နှာမဖုံးတော့ပေ။

ဂီတသံစဉ်ဝတ်စုံဆင်[ပြင်ဆင်ရန်]

ပုလွေမှုတ်သော ဇာတ်ဝင်ခန်းတွင် ဤဝတ်စုံကို ဝတ်ခဲ့သည်။

ဇာတ်ကွက်[ပြင်ဆင်ရန်]

ရှီးလန်သည် မိမိ၏အဆင့်အတန်းကိုဖုံးကွယ်၍ စန်းဟိုင်မြို့တွင် အတော်ဆုံးဟု ကျော်ကြားသော စားဖိုမှူးသင်း၏ ထမင်းဆိုင်တွင် ယောက်ျားလေးဟန်ဆောင်ကာ အလုပ်လုပ်သည်။ ကွန်ဖြူးရှပ်ကျောင်းသို့ အမြဲထမင်းသွားပို့ရသည်။ ကျောင်းသားအချို့က ထျန်းမင်ကို အနိုင်ကျင့်နေချိန်တွင် ထျန်းမင်ဘက်မှ ကူတိုက်ပေးကာ နှစ်ယောက်သား ထွက်ပြေးကြရာမှ ထျန်းမင်နှင့် သူငယ်ချင်းဖြစ်လာသည်။ ထျန်းမင်နှင့် ရှောက်ယွီကို စီးမင်ကြီးနှင့် ရင်းယန်ရုပ်သေးများလက်မှ ကယ်တင်ပေးခဲ့သည်။ အရိပ်မဲ့လင်းနို့၏ တိုက်ခိုက်မှုကို ရှောက်ယွီနှင့် ပူးတွဲခုခံရာမှလည်း ရှောက်ယွီနှင့် သူငယ်ချင်းဖြစ်လာသည်။ ကယ်နယဲ့ တောက်ဂိုဏ်းမှ ရှောင်းရောင်နှင့် မော့ဂိုဏ်းမှ ဂိုဏ်းခေါင်းဆောင်များ ရင်းယန်ဂိုဏ်း၏ အတွင်းအားတစ်ရက်မဲ့ ကျိန်စာမိနေချိန်တွင် ရှောက်ယွီ ထျန်းမင်တို့အပါအဝင် အားလုံးကို ကယ်တင်ပေးခဲ့သည်။ ကြယ်တစ္ဆေနှင့် ကုန်းစူးဂိုဏ်းစက်ရုပ်တို့၏ တိုက်ခိုက်မှုကြောင့် ရှောက်ယွီ ထျန်းမင်တို့နှင့်အတူ ကျားဖြူစက်ရုပ်မောင်းကာ ထွက်ပြေးရာမှ အိပ်မက်လှေပေါ်သို့ ရောက်ရှိခဲ့သည်။

စာကိုး[ပြင်ဆင်ရန်]

  • 别:山 动 _客_个人多媒体 土
  • 《》列官-
  • Qin's Moon Official Website Log in
  • 个人主
  • Qin’s Moon S4 – Episodes 29 and 30