မာတိကာသို့ ခုန်သွားရန်

ရှိရခဝမြစ်

ဝီကီပီးဒီးယား မှ
ရှိရခဝမြစ်
Shirakawa Canal
Ochaya on the Shirakawa River in Gion
CountryJapan
အချက်အလက်များ
စီးဝင်ရာနေရာKamo River
အလျား၉.၃ km (၅.၈ mi)
မြစ်ဝှမ်း အချက်အလက်များ
မြစ်စနစ်Yodo River
မြစ်ဝှမ်းအရွယ်၁၃.၁ km2 (၅.၁ sq mi)

ရှိရခဝမြစ် (白川, Shirakawa) သည် ဂျပန်နိုင်ငံကျိုတိုစီရင်စုတွင် တည်ရှိသည့် မြစ်တစ်ခု ဖြစ်သည်။ ဤမြစ်သည် ဟိအဲအိတောင်မှ စတင်စီးဆင်းဖြစ်ပေါ်လာသည်။ ကျိုတိုမြို့ဂိအွန်း (Gion) အရပ်ကို ဖြတ်သန်းစီးဆင်းသည်။ ဂီအွန်းမှတဆင့် ခမိုမြစ်အတွင်းသို့ စီးဝင်သည်။

ဤမြစ်၏ အမည် "အဖြူရောင်မြစ်" ဟု ဂျပန်ဘာသာစကားဖြင့် အဓိပ္ပါယ်ရသည်။ ဤအမည်မှာ မြစ်အတွင်းတွင် ကျိုတိုမြို့အရှေ့ဘက်ရှိ တောင်များမှ သယ်ဆောင်စီးဆင်းလာသည့် အဖြစ်ရောင်သဲများကို ရည်ညွှန်းရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်သည်။

များစွာသော ဂျပန်ရိုးရာလက်ဖက်ရည်ဆိုင်များသည် ဂိအွန်းအရပ်၏ ဂဲရှဧရိယာရှိ မြစ်ဖြတ်သန်းစီးဆင်းရာ ကမ်းဘေးတွင် တည်ရှိသည်။

ကိုးကား

[ပြင်ဆင်ရန်]