မာတိကာသို့ ခုန်သွားရန်

ရှိမန်းတိုမြစ်

ဝီကီပီးဒီးယား မှ
ရှိမန်းတိုမြစ်
The Shimanto River
Map
ရှိမန်းတိုမြစ် သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ရှိမန်းတိုမြစ်
CountryJapan
အချက်အလက်များ
စီးဝင်ရာနေရာ32°56′02″N 132°59′45″E / 32.933847°N 132.995722°E / 32.933847; 132.995722ကိုဩဒိနိတ်: 32°56′02″N 132°59′45″E / 32.933847°N 132.995722°E / 32.933847; 132.995722

ရှိမန်းတိုမြစ် (四万十川, Shimanto-gawa) သည် ဂျပန်နိုင်ငံ၊ ခိုးချိခရိုင်အနောက်ပိုင်းရှိ မြစ်တစ်စင်း ဖြစ်သည်။ ဤမြစ်သည် အဆင့်သတ်မှတ်ချက် (၁) ရှိသည်။ အရှည် ၁၉၆ ကီလိုမီတာ (၁၂၂ မိုင်) ရှိသည်။ ရေဝေရလဲဧရိယာသည် ၂၂၇၀ စတုရန်းကီလိုမီတာ (၈၈၀ စတုရန်းမိုင်) ရှိသည်။[]

ငါးဖမ်းလုပ်ငန်း

[ပြင်ဆင်ရန်]

မြစ်သည် လူအဓိကနေထိုင်ကြသည့် မြို့ပြများမှ ဝေးကွာပြီး ဆည်များ တည်ဆောက်ထားမှုမရှိသည့်အတွက် "ဂျပန်နိုင်ငံ၏ နောက်ဆုံးသန့်ရှင်းသည့် မြစ်" အဖြစ် တင်စားပြောဆိုကြသည်။ ငါးဖမ်းခြင်းနှင့် နိုရိ (Nori) ထုတ်လုပ်သည့်လုပ်ငန်းများကို မြစ်တစ်လျောက်တွင် လုပ်ကိုင်ကြသည်။[][]

ဆည် မရှိခြင်း

[ပြင်ဆင်ရန်]

မြစ်တွင် ဆည်တည်ဆောက်ထားခြင်း မရှိသဖြင့် "ဂျပန်နိုင်ငံ၏ လွတ်လပ်စွာစီးဆင်းနေသည့် မြစ်သုံးစင်း" ထဲမှ တစ်စင်းအဖြစ် အမည်ပေးထားကြသည်။ ဆည်များ တည်ဆောက်ထားခြင်း မရှိသည့် မြစ်များတွင် ဤမြစ်နှင့်အတူ ဂိဖုခရိုင်ရှိ နဂရမြစ်နှင့် ရှိဇုအိုခခရိုင်ရှိ ခခိတမြစ်တို့ ပါဝင်သည်။[]

ရေနစ်မြုပ်နေသည့် တံတားများ

[ပြင်ဆင်ရန်]

ဤမြစ်နှင့် မြစ်လက်တက်များတွင် "ချင်းခဘရှိ" ဟု ခေါ်သည့် ရေနစ်မြုပ်နေသည့် တံတား ၄၇ စင်း ရှိသည်။ ချင်းခဘရှိများတွင် တံတားလက်ရန်းအကာများ စသည်တို့ ပါဝင်မှု မရှိပေ။ ထိုသို့သော ပုံစံဖြင့် တည်ဆောက်ထားသည့်အတွက် ရေလွှမ်းသည့်အခါ ရေတိုက်စားမှုဒဏ်ကို ပိုမိုခံနိုင်သည်။ ခရိုင်အစိုးရသည် ထိုတံတားများကို ယဉ်ကျေးမှုအမွေအနှစ်များအဖြစ် သတ်မှတ်ထားသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. Nakayama၊ Keiko (2022-03-02)။ A Forest Environment Tax Scheme in Japan: Toward Water Source Cultivation (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Springer Nature။ pp. 120–121။ ISBN 978-981-16-9352-6
  2. Shimanto River Headwaters (in ja)။ 2025-04-27 တွင် ပြန်စစ်ပြီး။
  3. Cool Summer Sights / The Government of Japan - JapanGov - (in en)။ 2025-04-27 တွင် ပြန်စစ်ပြီး။
  4. Association၊ Kochi Visitors & Convention။ Sada Chinkabashi (submersible bridge) (in ja)။ 2023-10-10 တွင် ပြန်စစ်ပြီး။