မာတိကာသို့ ခုန်သွားရန်

ရှိမနဲခရိုင်

ဝီကီပီးဒီးယား မှ
ရှိမနဲခရိုင်
島根県
Prefecture
Japanese စာသားဖြင့် ဖော်ပြခြင်း
  Japanese島根県
  RōmajiShimane-ken
ရှိမနဲခရိုင်၏ အလံတော်
အလံတော်
ရှိမနဲခရိုင်၏ တရားဝင်လိုဂို
Symbol
အထိမ်းအမှတ်သီချင်း: Usu-murasaki no yamanami
Location of ရှိမနဲခရိုင်
CountryJapan
RegionChūgoku (San'in)
IslandHonshu
CapitalMatsue
SubdivisionsDistricts: 5, Municipalities: 19
အစိုးရ
  GovernorTatsuya Maruyama
ဧရိယာ
  စုစုပေါင်း၆,၇၀၈.၂၆ စတုရန်းကီလိုမီတာ (၂၅၉၀.၀၇ စတုရန်းမိုင်)
ဧရိယာအဆင့်19th
လူဦးရေ (February 1, 2025)
  စုစုပေါင်း၆၃၈၄၉၉
  အဆင့်46th
  သိပ်သည်းမှု၉၅.၂/km (၂၄၇/sq mi)
GDP[]
  TotalJP¥ 2,753 billion
US$ 20.3 billion (2022)
ISO 3166 ကုဒ်JP-32
ဝဘ်ဆိုက်www1.pref.shimane.lg.jp/contents/kokusai/kokusai-e/index.html
The coast of Gōtsu City, Shimane Prefecture seen from the Osakihana lighthouse

ရှိမနဲခရိုင် (島根県, ရှိမနဲခန်း[]) သည် ဂျပန်နိုင်ငံ၊ ဟွန်းရှူးကျွန်း၊ ချူးဂိုခုဒေသတွင်ရှိသည့် ခရိုင်တစ်ခု ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ဒုတိယမြောက် လူဦးရေအနည်းဆုံးခရိုင် ဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လူဦးရေသည် ၆၆၅,၂၀၅ ဦး ရှိသည်။ ဧရိယာ ၆၇၀၈.၂၆ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ အနောက်တောင်ဘက်တွင် ယမဂုချိခရိုင်၊ တောင်ဘက်တွင် ဟီရိုရှီးမားခရိုင်၊ အရှေ့ဘက်တွင် တော့တိုရိခရိုင်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။[]

မဆွတ်အဲမြို့သည် ခရိုင်မြို့တော်ဖြစ်ကာ အကြီးဆုံးမြို့လည်း ဖြစ်သည်။ အခြားအဓိကကျသည့် မြို့များမှာ အိုဇုမိုမြို့၊ ဟမဒမြို့၊ မဆုဒမြို့တို့ ဖြစ်သည်။ ရှိမနဲခရိုင်တွင် မဆွတ်အဲမြို့ကို ဗဟိုပြုတည်ရှိသည့် ရှင်းဂျိ - နခအုမိကန်မြို့ပြဧရိယာ တည်ရှိသည်။ ဤဧရိယာတွင် လူဦးရေခန့်မှန်းခြေ ၆၀၀,၀၀၀ ဦး နေထိုင်ကြသည်။ ဂျပန်ပင်လယ်ပြင်ရှိ မြို့ပြဒေသများထဲတွင် တတိယမြောက်အကြီးမြို့ မြို့ပြဧရိယာလည်း ဖြစ်သည်။ ရှိမနဲခရိုင်သည် မြောက်ဘက်တွင် ဂျပန်ပင်လယ်ကမ်းရိုးတန်းဖြင့် ဝန်းရံတည်ရှိသည်။ တောင်ဘက်တွင် ချူးဂိုခုတောင်တန်းများ ရှိသည်။ ရှိမနဲခရိုင်အစိုးရသည် ဂျပန်ပင်လယ်ပြင်ရှိ အိုခိကျွန်းများကိုလည်း စီမံအုပ်ချုပ်သည်။ ခရိုင်တွင် ဂျပန်နိုင်ငံ၏ ရှေးအကျဆုံးနတ်ကျောင်းများထဲမှ တစ်ခုဖြစ်သည့် "အိဇုမိုတိုင်းရှ" နှင့် တိုခုဂဝခေတ်ကာလ မဆွတ်အဲရဲတိုက်တို့ တည်ရှိသည်။

ပထဝီသွင်ပြင်

[ပြင်ဆင်ရန်]

ရှိမနဲခရိုင်သည် ချူးဂိုခုဒေသ၏ ဂျပန်ပင်လယ်ဘက်ခြမ်းတွင် တည်ရှိသည့် ခရိုင်တစ်ခု ဖြစ်သည်။ ကုန်းမြေအနေအထားမှာ တောင်ထူထပ်သည့်အတွက် အိဇုမိုမြို့ရှိရာ အိဇုမိုလွင်ပြင်တွင် စပါးစိုက်ပျိုးကြသည်။ အခြားအဓိကကျသည့် ကုန်းမြေမှာ ရှိမနဲကျွန်းဆွယ် ဖြစ်သည်။ ရှိမနဲကျွန်းဆွယ်သည် အိဇုမိုမြို့မှ ဆခိုင်းမိနတိုမြို့အထိ ဂျပန်ပင်လယ်တစ်လျှောက် တည်ရှီနေသည်။ ဒိုင်းခွန်းကျွန်းသည် "နခအုမိ" တွင် တည်ရှိသည်။ [][]

၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့အချက်အလက်အရ ခရိုင်မြေဧရိယာ၏ ၆ ရာခိုင်နှုန်းသည် သဘာဝဥယျာဉ်များ ဖြစ်ကြသည်။ ၎င်းတို့တဲတွင် ဒိုင်းဆန်း - အိုခိအမျိုးသားဥယျာဉ်၊ ဟိဘ - ဒိုးဂေါ့ - တိုင်းရှခုနှင့် နိရှိ - ချူးဂိုခုဆန်းချိအမျိုးသားဥယျာဉ်နှင့် အခြား ခရိုင်သဘာဝဥယျာဉ် ၁၁ ခု တို့ ပါဝင်သည်။[]

ခရိုင်၏ အဓိကကျသည့် မြို့များသည် ပင်လယ်ဘက်ခြမ်းနှင့် မြစ်ကြောင်းတစ်လျောက်တွင် တည်ရှိကြသည်။[]

မြို့ပြဒေသများ

[ပြင်ဆင်ရန်]
Map of Shimane Prefecture
     City      Town      Village
Cape Hinomisaki near Izumo
Matsue
Tsuwano
Saigo area of Oki Island

ရှိမနဲခရိုင်တွင် မြို့ကြီး ၈ ခု ရှိသည်။ လူဦးရေအများဆုံးမှာ မြို့တော် မဆွတ်အဲမြို့ ဖြစ်သည်။ အနည်းဆုံးမြို့မှာ ဂိုးဆွတ်မြို့ ဖြစ်သည်။ ၂၀၀၀ ခုနှစ်များမတိုင်မီက ဒေသပေါင်းစပ်မှုများ လုပ်ဆောင်ခဲ့သဖြင့် မဆုဒမြို့၊ အွန်းနန်းမြို့၊ ယဆုဂိမြို့၊ ဂိုးဆွတ်မြို့တို့တွင် လူဦးရေသည် အနည်းငယ်တိုးတက်လာခဲ့သည်။[]

အမည် ဧရိယာ (km2) လူဦးရေ မြေပုံ
ရိုမဂျိ ခန်းဂျိ
Gōtsu 江津市 268.51 24,009
Hamada 浜田市 689.6 57,142
Izumo 出雲市 624.36 172,039
Masuda 益田市 733.16 46,892
Matsue (capital) 松江市 572.99 202,008
Ōda 大田市 436.11 34,354
Unnan 雲南市 553.4 38,281
Yasugi 安来市 420.97 38,875

မြို့ငယ်များနှင့် ရွာများ

[ပြင်ဆင်ရန်]

ဒေသတစ်ခုချင်စီတွင် အောက်ပါမြို့ငယ်များနှင့် ရွာများ ပါဝင်သည်။ ဒေသပေါင်းစပ်မှုများ လုပ်ဆောင်ခဲ့သဖြင့် မြို့ငယ်များနှင့် ကျေးရွာများ၏ အရေအတွက် ကျဆင်းခဲ့သည်။ သို့သော်လည်း မြို့ငယ်များနှင့် ရွာများတွင် နေထိုင်သူလူဦးရေသည် ခရိုင်လူဦးရေ၏ သုံးပုံတစ်ပုံ ရှိသည်။[]

အမည် ဧရိယာ (km2) လူဦးရေ ဒေသ အမျိုးအစား မြေပုံ
ရိုမဂျိ ခန်းဂျိ
Ama 海士町 33.5 2,293 Oki District Town
Chibu 知夫村 13.7 657 Oki District Village
Iinan 飯南町 242.84 4,908 Iishi District Town
Kawamoto 川本町 106.39 3,331 Ōchi District Town
Misato 美郷町 282.92 4,712 Ōchi District Town
Nishinoshima 西ノ島町 55.98 2,923 Oki District Town
Okinoshima 隠岐の島町 242.97 14,422 Oki District Town
Okuizumo 奥出雲町 368.06 12,655 Nita District Town
Ōnan 邑南町 419.29 10,922 Ōchi District Town
Tsuwano 津和野町 307.09 7,478 Kanoashi District Town
Yoshika 吉賀町 336.29 6,231 Kanoashi District Town

ရာသီဥတု

[ပြင်ဆင်ရန်]

ရှိမနဲခရိုင်သည် ဆောင်းရာသီတွင် တိမ်ထူပြီး နှင်းအနည်းငယ် ကျဆင်းသည်။ နွေရာသီသည် စိုထိုင်းသည်။ နှစ်ပတ်လည်ပျမ်းမျှအပူချိန်သည် ၁၄.၆ ဒီဂရီစင်တီဂရိတ် (၅၈.၃ ဒီဂရီဖာရင်ဟိုက်) ရှိသည်။ ဇွန်လမှ ဇူလိုင်လလယ်အထိ မိုးရာသီတွင် နေ့စဉ်နီးပါး မိုးရွာသွန်းသည်။ ပျမ်းမျှအပူချိန်အမြင့်ဆုံးသည် ဩဂုတ်လ ဖြစ်ပြီး ၂၆.၃ ဒီဂရီစင်တီဂရိတ် (၇၉.၃ ဒီဂရီဖာရင်ဟိုက်) ရှိသည်။[]

Shimane Prefecture Yearly Averages by Region (Statistics Period: 1971 - 2000, Source: Japanese Meteorological Agency: Statistical Climate Information)
Average Year
(Month)
Oki Izumo (Coastal) Izumo (Inland)
Okinoshima
Saigo  
Okinoshima
Saigo Cape
Ama  Matsue
Kashima 
Matsue Hikawa Izumo Okuizumo
Yokota 
 Unnan
Kakeya 
 Iinan
Akana 
Average
Temperature
(°C)
Warmest Month 25.6
(Aug)
25.8
(Aug)
25.6
(Aug)
26.3
(Aug)
25.8
(Aug)
24.0
(Aug)
24.5
(Aug)
23.4
(Aug)
Coldest Month 3.9
(Feb)
4.5
(Feb)
4.4
(Feb)
4.2
(Jan)
4.5
(Feb)
0.7
(Feb)
2.3
(Feb)
0.4
(Jan, Feb)
Rainfall
(mm)
Heaviest Month 211.6
(Sept)
227.0
(July)
218.0
(Sept)
240.5
(July)
236.2
(July)
234.2
(July)
257.1
(July)
282.2
(July)
Driest Month 110.4
(Oct)
96.4
(Feb)
104.7
(April)
114.5
(April)
96.3
(Feb)
103.4
(April)
120.7
(April)
116.5
(Oct)
Average Year
(Month)
Iwami (Coastal) Iwami (Inland)
 Ōda  HamadaMasuda Masuda City
Takatsu 
 Kawamoto Ōnan
Hamada City
Yasaka 
 Tsuwano Yoshika Yoshika
Muikaichi 
Average
Temperature
(°C)
Warmest Month 26.5
(Aug)
26.2
(Aug)
26.8
(Aug)
24.2
(Aug)
23.9
(Aug)
23.6
(Aug)
25.7
(Aug)
24.5
(Aug)
Coldest Month 4.9
(Jan, Feb)
5.8
(Feb)
5.4
(Jan, Feb)
2.7
(Jan)
0.8
(Jan)
1.5
(Jan)
3.0
(Jan)
1.9
(Jan)
Rainfall
(mm)
Heaviest Month 246.3
(July)
257.7
(July)
223.9
(June)
260.2
(July)
260.6
(July)
340.0
(July)
285.6
(July)
337.4
(June)
Driest Month 98.3
(Feb)
90.9
(Feb)
87.9
(Feb)
112.5
(Feb)
109.2
(Nov)
130.4
(April)
99.7
(Dec)
76.8
(Dec)

စီးပွားရေး

[ပြင်ဆင်ရန်]

ရှိမနဲခရိုင်သည် လက်လီရောင်းဝယ်ရေးလုပ်ငန်းသည် အကြီးဆုံးလုပ်ငန်းနယ်ပယ်ဖြစ်ပြီး လုပ်သား ၆၀,၀၀၀ ကျော် လုပ်ကိုင်လျက်ရှိသည်။ စူပါမားကတ်များ၊ မိရှိမယနှင့် ကုန်မာပစ္စည်းများ၊ ဂျွန်းတန်းဒိုတို့သည် ရှိမနဲခရိုင်တွင် အခြေစိုက်ကြသည်။ ထုတ်လုပ်ရေးလုပ်ငန်းသည် ခရိုင်၏ ဒုတိယအကြီးဆုံးလုပ်ငန်းနယ်ပယ်ဖြစ်ကာ လုပ်သား ၄၉,၀၀၀ ဦး ရှိသည်။[ကိုးကားချက်လိုသည်]

လူဦးရေဆိုင်ရာ

[ပြင်ဆင်ရန်]

ခရိုင်လူဦးရေ၏ သုံးပုံတစ်ပုံသည် အိဇုမို - မဆွတ်အဲဧရိယာတွင် နေထိုင်ကြသည်။ အခြားသော သုံးပုံနှစ်ပုံသည် ကမ်းခြေဒေသများတွင် နေထိုင်ကြသည်။ ချူးဂိုခုတောင်တန်းများသည် ခရိုင်ကို ကုန်းတွင်းပိတ်ဒေသအဖြစ် တည်ရှိစေနေသည့်အတွက် နေထိုင်ရန် ခက်ခဲသည်။ မြို့တော်ဖြစ်သည့် မဆွတ်အဲမြို့သည် ဂျပန်နိုင်ငံ၏ ခရိုင်နှင့် စီရင်စု ၄၇ ၏ မြို့တော်များထဲတွင် လူဦးရေနေထိုင်မှု အနိမ့်ဆုံးလည်း ဖြစ်သည်။ ရှိမနဲခရိုင်၏ သက်ကြီးရွယ်အိုရာခိုင်နှုန်းသည် အမြင့်ဆုံး ဖြစ်သည်။[]

ခရီးသွားနေရာများ

[ပြင်ဆင်ရန်]
Garden of the Adachi Museum of Art in Yasugi

ပြင်ပလင့်များ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. 2020年度国民経済計算(2015年基準・2008SNA) : 経済社会総合研究所 - 内閣府 (in ja)။ 2023-05-18 တွင် ပြန်စစ်ပြီး။
  2. NHK Broadcasting Culture Research Institute, ed. (24 May 2016)။ NHK日本語発音アクセント新辞典 (ဂျပန်ဘာသာစကားဖြင့်)။ NHK Publishing။
  3. Nussbaum, Louis-Frédéric. (2005). "Shimane Province" in Japan Encyclopedia, p. 859, p. 859, at Google Books; "Chūgoku" at p. 127, p. 127, at Google Books
  4. Liancourt Rocks
  5. 1 2 新編 中学校社会科地図 Updated Social studies map for Junior High school။ 帝国書院 Teikoku Shoin။ 2007။ ISBN 978-4-8071-4091-6
  6. General overview of area figures for Natural Parks by prefecture Ministry of the Environment (1 April 2012)။ 10 August 2014 တွင် ပြန်စစ်ပြီး။
  7. 1 2 3 ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named "Yotsuya".
  8. Japan Times “Centenarians to Hit Record 44,000”. The Japan Times, Sept. 15, 2010. Okinawa Prefecture also had the largest loss of young and middle-aged population during the Pacific War.