ရှိဂျောလမ်း
ရှိဂျောလမ်းမ (四条通, Shijō-dōri) သည် ဂျပန်နိုင်ငံ၊ ကျိုတိုမြို့လယ်တွင် တည်ရှိသည့် လမ်းတစ်ခု ဖြစ်သည်။ ဤလမ်းသည် မြို့၏ စီးပွားရေးအချက်အချာနေရာကို အရှေ့မှ အနောက်သို့ သွယ်တန်းလျက်တည်ရှိသည်။ “ရှိဂျော” ဟူသည့်အမည်သည် ရှေးခေတ်မြို့တော်ဖြစ်သည့် ဟဲအိအန်ခယော၏ “စတုတ္ထမြောက်ရိပ်သာလမ်း” ဟု အဓိပ္ပါယ်ရသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ရှင်းခယောဂိုခုလမ်းနှင့် တန်းဂျင်းဂမြစ်အရှေ့ဘက်ဒေသတို့၏ အကြားဒေသကို ဟဲအိအန်ခယော၏ ရှိဂျောအိုးဂျိရိပ်သာနေရာဟု ခေါ်ဆိုကြသည်။ ၁၉၁၁ ခုနှစ်တွင် လမ်းကို ချဲ့ခဲ့ပြီး အဓိကကျသည့် လမ်းမတစ်ခုအဖြစ်သို့ ပြောင်းလဲခဲ့သည်။[၁]
ရှိဂျောအနုပညာကျောင်းသည် ဤလမ်း၏ အမည်ကို အစွဲပြုကာ ခေါ်ဆိုထားခြင်း ဖြစ်သည်။
လမ်းတစ်လျှောက်
[ပြင်ဆင်ရန်]လမ်း၏ အရှေ့ဘက်အဆုံးတွင် ယဆခနတ်ကျောင်း၊ အနောက်ဘက်အဆုံးတွင် မဆွတ်နိုအိုနတ်ကျောင်းများ တည်ရှိသည်။ လမ်းသည် လမ်းလျှောက်သူများနှင့် ကားများဖြင့် အရှေ့ဘက်အဆုံးမှသည် ခရဆုမလမ်းအထိ စည်ကားလျှက်ရှိသည်။
ဆက်စပ်နေသည့် အထင်ကရနေရာများ
[ပြင်ဆင်ရန်]- [ယဆခနတ်ကျောင်း]]
- အိချိရိခိ - ချယ
- ချူးဂန်းဂျိကျောင်းတော်
- မိနမိ-ဇ ပြဇာတ်ရုံ
- ရှိဂျောတံတား
- ခမိုမြစ်
- ရှင်းခယောဂိုခုလမ်း
- အုမဲနိုမိယနတ်ကျောင်း
- မဆွတ်အိုတံတား
- ခဆွတ်ရမြစ်
- မဆွတ်နိုအို - တိုင်းရှ[၂]
ရုပ်ပုံများ
[ပြင်ဆင်ရန်]-
ယဆကနတ်ကျောင်းမှ မြင်ရသည့် ရှိဂျောလမ်း (၁၈၈၆ ခုနှစ်)
-
ယဆကနတ်ကျောင်းမှ မြင်ရသည့် ရှိဂျောလမ်း (၂၀၀၈ ခုနှစ်)
-
မဲဂျိခေတ်ကလ ပို့စကတ်တစ်ခုပေါ်ရှိ ရှိဂျောတံတား
-
ရှိဂျောလမ်းနှင့် ခဝရမချိလမ်း
-
ရှိဂျောလမ်းနှင့် ခရဆုမလမ်း
-
ရှိဂျောခရဆုမလမ်းဆုံမှ မြင်ရသည့် မြင်ကွင်း
-
ရှိဂျောလမ်းနှင့် ဟိဂရှိနို-တိုအင်းလမ်း
-
ရှိဂျော - တခခုရဘတ်စကားမှတ်တိုင်
-
လမ်းဘေးတွင် ကားပါကင်ထိုးရန် သတ်မှတ်ထားသည့် ဆိုင်းဘုတ်
ပြင်ပလင့်များ
[ပြင်ဆင်ရန်]35°00′14″N 135°46′38″E / 35.003825°N 135.777222°Eကိုဩဒိနိတ်: 35°00′14″N 135°46′38″E / 35.003825°N 135.777222°E (Gion intersection, Higashioji Shijō, eastern end)
ကိုးကား
[ပြင်ဆင်ရန်]- ↑ 京都観光Navi:四条通။ 21 July 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-06-02 တွင် ပြန်စစ်ပြီး။
- ↑ 四条通 京都通百科事典။ 2 June 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-06-02 တွင် ပြန်စစ်ပြီး။