ရှိဂခရိုင်
| ရှိဂခရိုင် 滋賀県 | |||
|---|---|---|---|
| Prefecture | |||
| Japanese စာသားဖြင့် ဖော်ပြခြင်း | |||
| • Japanese | 滋賀県 | ||
| • Rōmaji | Shiga-ken | ||
The floating pavilion of Mangetsu-ji on the shores of Lake Biwa, the largest freshwater lake in Japan, located in Otsu City, Shiga Prefecture | |||
| |||
| အထိမ်းအမှတ်သီချင်း: Shiga kenmin no uta | |||
| Country | Japan | ||
| Region | Kansai | ||
| Island | Honshu | ||
| Capital | Ōtsu | ||
| Subdivisions | Districts: 3, Municipalities: 19 | ||
| အစိုးရ | |||
| • Governor | Taizō Mikazuki | ||
| ဧရိယာ | |||
| • စုစုပေါင်း | ၄,၀၁၇.၃၈ စတုရန်းကီလိုမီတာ (၁၅၅၁.၁၂ စတုရန်းမိုင်) | ||
| ဧရိယာအဆင့် | 38th | ||
| လူဦးရေ (October 1, 2015) | |||
| • စုစုပေါင်း | ၁,၄၁၂,၉၁၆ | ||
| • အဆင့် | 28th | ||
| • သိပ်သည်းမှု | ၃၅၀/km၂ (၉၁၀/sq mi) | ||
| GDP[၁] | |||
| • Total | JP¥ 7,006 billion US$ 51.7 billion (2022) | ||
| ISO 3166 ကုဒ် | JP-25 | ||
| ဝဘ်ဆိုက် | http://www.pref.shiga.lg.jp | ||
ရှိဂခရိုင် (滋賀県, ရှိဂခန်း) သည် ဂျပန်နိုင်ငံ၊ ဟွန်းရှူးကျွန်း၊ ခန်းဆိုင်းဒေသရှိ ခရိုင်တစ်ခု ဖြစ်သည်။[၂] ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့အရ လူဦးရေ ၁,၃၉၈,၉၇၂ ဦး နေထိုင်သည်။ မြေဧရိယာ ၄၀၁၇ စတုရန်းကီလိုမီတာ (၁၅၅၁ စတုရန်းမိုင်) ကျယ်ဝန်းသည်။ ရှိဂခရိုင်သည် မြောက်ဘက်တွင် ဖုခုအိခရိုင်၊ အရှေ့မြောက်ဘက်တွင် ဂိဖုခရိုင်၊ အရှေ့တောင်ဘက်တွင် မိအဲခရိုင်၊ အနောက်ဘက်တွင် ကျိုတိုစီရင်စု စသည်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
အိုးဆွတ်မြို့သည် ရှိဂခရိုင်၏ မြို့တော်ဖြစ်ကာ အကြီးဆုံးမြို့လည်း ဖြစ်သည်။ အခြားအဓိကမြို့များမှာ ခုဆဆွတ်မြို့၊ နဂဟမမြို့နှင့် ဟိဂရှိအိုးမိမြို့တို့ ဖြစ်သည်။[၃] ရှိဂခရိုင်သည် ဘိဝရေကန်ကို ဝိုင်းပတ်ကာ တည်ရှိနေသည်။ ဘိဝခိုသည် ဂျပန်နိုင်ငံရှိ အကြီးဆုံးရေချိုကန် ဖြစ်သည်။ ခရိုင်၏ ၃၇ ရာခိုင်နှုန်းသော မြေဧရိယာကို သဘာဝဥယျာဉ်များ အဖြစ် သတ်မှတ်ထားသည်။ ဤမြေဧရိယာသည် ဂျပန်နိုင်ငံတွင် အမြင့်ဆုံး ဖြစ်သည်။ ရှိဂခရိုင်၏ တောင်ဘက်ပိုင်းထက်ဝက်သည် ယခင်မြို့တော်ဟောင်းဖြစ်ခဲ့သည့် ကျိုတိုမြို့နှင့် ကပ်လျက်တည်ရှိသည်။ ထိုသို့ ကပ်လျက်တည်ရှိသဖြင့် "ကြီးမားသည့် ကျိုတိုမြို့ပြဧရိယာ" ကို ဖြစ်ပေါ်စေသည်။ ဤမြို့ပြဧရိယာသည် ဂျပန်နိုင်ငံတွင် လေးခုမြောက် အကြီးဆုံး မြို့ပြဧရိယာ ဖြစ်သည်။ ရှိဂခရိုင်တွင် အိုးမိအမဲသား၊ အိုးမိရှုခင်းရှစ်ခု၊ ဟိုခိုနဲရဲတိုက်တို့ တည်ရှိသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဂျပန်နိုင်ငံတွင် ခရိုင်စီရင်စုစနစ်များ မသတ်မှတ်ရသေးမီအထိ ရှိဂခရိုင်ကို "အိုးမိပြည်နယ်" သို့မဟုတ် "ဂိုးရှူး" ဟူသည့် အမည်ဖြင့် သိခဲ့ကြသည်။ အိုးမိပြည်နယ်သည် နာရနှင့် ကျိုတို၏ အနီးအနားတွင် တည်ရှိခဲ့ကာ ဂျပန်နိုင်ငံ အရှေ့ပိုင်းနှင့် အနောက်ပိုင်း၏ လမ်းဆုံနေရာလည်း ဖြစ်သည်။ ၆၆၇ ခုနှစ်မှ ၆၇၂ ကာလအတွင်း ဘုရင်းတန်းဂျိသည် အိုးဆွတ်မြို့တွင် နန်းတော်တစ်ခုကို တည်ဆောက်ခဲ့သည်။ ၇၄၂ ခုနှစ်တွင် ဘုရင်ရှောမုသည် ရှိဂရခိမြို့တွင် နန်းတော်တစ်ခုကို တည်ဆောက်ခဲ့သည်။ ဟဲအိအန်ခေတ်အစောပိုင်းအချိန်များတွင် ဗုဒ္ဓဘာသာရဟန်းဖြစ်သည့် ဆိုင်းချော ကို အိုးဆွတ်မြို့မြောက်ပိုင်းတွင် မွေးဖွားခဲ့သည်။ သူသည် အန်းရခုဂျိကျောင်းတော်ကို တည်ထောင်ခဲ့သည်။ ၎င်းကျောင်းတော်သည် တန်းဒိုင်းမဟာယာနဗုဒ္ဓဘာသာ၏ အချက်အချာနေရာဖြစ်ရုံသာမက ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာလည်း ဖြစ်သည်။ ဤကျောင်းတာ်သည် ဟိအဲတောင်တွင် တည်ရှိကာ ကျိုတိုမြို့ကို အပေါ်စီးမှ ကြည့်ရှုနိုင်သည်။
ဟဲအိအန်ခေတ်တွင် ဆဆခိမိသားစုသည် အိုးမိပြည်နယ်ကို အုပ်ချုပ်ခဲ့သည်။ ထို့နောက်တွင် ရော့ခခုမိသားစု၊ ခယောဂိုခုမိသားစုနှင့် အဇအိမိသားစုများသည် အိုးမိကို အုပ်ချုပ်ခဲ့ကြသည်။ အဇုချိ - မိမိယမခေတ်ကာလအတွင်းတွင် အိုဒနိုဘုနဂ (Oda Nobunaga) သည် အိုးမိကို လက်အောက်ခံအဖြစ် သွတ်သွင်းအုပ်ချုပ်ခဲ့ပြီး ၁၅၇၉ ခုနှစ်တွင် ဘိဝရေကန်၏ အရှေ့ဘက်ကမ်းခြေတွင် အဇုချိရဲတိုက်ကို တည်ဆောက်ခဲ့သည်။ ထိုခေတ်ကာလအတွင်း တိုးဒိုးတခတိုရ၊ ဂမိုးအုဂျိဆတို၊ အိုအိချိ၊ ယောဒိုဒိုနိ၊ အိုဟဆွတ်နှင့် အိုအဲယောတို့သည် အိုးမိတွင် ထင်ရှားသူများ ဖြစ်ခဲ့ကြသည်။
၁၆၀၀ ခုနှစ်တွင် အိရှိဒမိဆွတ်နရိသည် နဂဟမမြို့၏ အရှေ့ဘက်တွင် မွေးဖွားလာခဲ့သည်။ သူသည် ဆဝယမရဲက်တိုကို အခြေပြုကာ စစ်ပွဲဖန်တီးပြီး ဂိဖုခရိုင်၊ ဆဲခိဂဟရတွင် တိုခုဂဝအိအဲယဆုကို တိုက်ခိုက်ခဲ့သည်။ စစ်ပွဲပြီးဆုံးပြီးနောက်တွင် အိအဲယဆုသည် ဆဝယမ၏ သခင်အသစ်အဖြစ် အိအိနအိုမဆကို ထားရှိခဲ့သည်။ နအိုမဆသည် ဟိခိုနဲဒေသကို တည်ထောင်ခဲ့သည်။ နောက်ပိုင်းတွင် သူ့ကို "အိအိနအိုဆုခဲ" ဟူသည့် အမည်ဖြင့် သိခဲ့ကြသည်။ အိအိနအိုဆွတ်ခဲသည် တိုခုဂဝရှောဂွန်းအတဲ၏ တိုင်းရိုး (Tairō) ဖြစ်လာခဲ့သည်။ သူသည် အနောက်နိုင်ငံများနှင့် စီးပွားရေးဆက်ဆံမှုများ လုပ်ဆောင်ခဲ့ခြင်းဖြင့် ၁၉ ရာစုခေတ်တွင် ဂျပန်နိုင်ငံကို ကမ္ဘာတွင် အထီးကျန်တည်ရှိနေမှုကို အဆုံးသတ်ပေးခဲ့သည်။ ဟိခိုနဲဒေသအပြင် "ဇဲဇဲ" ကဲ့သို့သော ဒေသများကိုလည်း အိုးမိတိုင်းပြည်သည် အုပ်ချုပ်ခဲ့သည်။

ပိုင်နက်ဒေသသတ်မှတ်အုပ်ချုပ်သည့် စနစ်ကို ဖျက်သိမ်းပြီးနောက်တွင် အိုးမိတွင် ခရိုင်ရှစ်ခုဖြင့် အုပ်ချုပ်ခဲ့သည်။ ၁၈၇၂ ခုနှစ်၊ စက်တင်ဘာလတွင် ၎င်းရှစ်ခုကို ပေါင်းစည်းကာ "ရှိဂခရိုင်" အဖြစ် ထားရှိခဲ့ကြသည်။[၄]
ပထဝီသွင်ပြင်
[ပြင်ဆင်ရန်]
ရှိဂခရိုင်၏ မြောက်ဘက်တွင် ဖုခုအိခရိုင်၊ အရှေ့ဘက်တွင် ဂိဖုခရိုင်၊ အရှေ့တောင်ဘက်တွင် မိအဲခရိုင်နှင့် အနောက်ဘက်တွင် ကျိုတိုစီရင်စုတို့ တည်ရှိသည်။
ဘိဝရေကန်သည် ဂျပန်နိုင်ငံတွင် အကြီးဆုံးရေကန်ဖြစ်ကာ ခရိုင်၏ အလယ်ဗဟိုတွင် တည်ရှိနေသည်။ ရေကန်သည် ခရိုင်တစ်ခုလုံးစာ ဧရိယာ၏ ခြောက်ပုံတစ်ပုံ ရှိသည်။ ဘိဝရေကန်မှ ရေများသည် ဆဲတမြစ်မှတဆင့် စီးဆင်းကာ ကျိုတိုစီရင်စုကို ဖြတ်သန်းပြီးနောက် အိုဆာကာပင်လယ်အော်အတွင်း စီးဝင်သွားသည်။ ဆဲတမြစ်သည် ကန်အတွင်းမှ စီးထွက်လာသည့် ရေများဖြင့် စီးဆင်းနေသည့် တစ်ခုတည်းသော မြစ်ဖြစ်သည်။ မြစ်အများစုသည် သဘာဝရေများကို ကန်အတွင်းသို့ စီးဝင်စေလျက်ရှိသည်။ ကန်ပတ်ဝန်းကျင်တွင် များစွာသော ရေအိုင်များ ရှိသည်။ ထိုရေအိုင်များထဲမှ အများစုကို ၁၉၄၀ ခုနှစ်များတွင် ဆယ်ယူတူးဖော်မှုများ ပြုလုပ်ခဲ့သည်။ ထိုရေအိုင်များထဲမှ တစ်ခုဖြစ်သည့် အိုမိဟချိမန်းတွင် ရှိသည့် ဆုအိုဂိုး (水郷, suigō) သည် ၂၀၀၆ ခုနှစ်တွင် ပထမဆုံးအဖြစ် အရေးကြီးသည့် ယဉ်ကျေးမှုနေရာအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
ဘိဝရေကန်သည် ခရိုင်ကို အပိုင်းလေးခုအဖြစ် ပိုင်းခြားပေးထားသည်။ ၎င်းတို့မှာ နဂဟမမြို့ကို ဗဟိုပြုတည်ရှိသည့် ခိုဟိုခု (湖北; ကန်မြောက်ဘက်ပိုင်း)။ အိမဇုမြို့ကို ဗဟိုပြုတည်ရှိသည့် ခိုဆဲအိ (湖西; ကန်အနောက်ဘက်ပိုင်း)၊ ဟိခိုနဲမြို့ကို ဗဟိုပြုတည်ရှိသည့် ခိုတိုး (湖東, ကန်အရှေ့ဘက်ပိုင်း) နှင့် အိုးဆွတ်မြို့ကို ဗဟိုပြုတည်ရှိသည့် ခိုနန်း (湖南, ကန်တောင်ဘက်ပိုင်း) တို့ ဖြစ်သည်။
ဘိဝကန်၏ အရှေ့ဘက်ကမ်းခြေသည် လွင်ပြင်များ ဖြန့်ကျက်တည်ရှိနေသည်။ ခရိုင်ကို တောင်များသည် ဝန်းရံထားသည်။ အနောက်ဘက်တွင် ဟိအဲတောင်နှင့် ဟိရတောင်တန်း၊ အရှေ့မြောက်ဘက်တွင် အိဘုခိတောင်တန်း၊ အရှေ့တောင်ဘက်တွင် ဆုဇုခတောင်တန်းတို့ တည်ရှိသည်။ အိဘုခိတောင်သည် ရှိဂခရိုင်တွင် အမြင့်ဆုံးတောင် ဖြစ်သည်။ ခရိုင်တွင် "ယောဂို" ဟူအမည်ရှိသည့် ကန်ငယ်တစ်ခုရှိသည်။ ထိုကန်သည် ဒဏ္ဍာရီလာ ကောင်းကင်နတ်သမီး၏ ဝတ်ရုံ (天女の羽衣, tennyo no hagoromo) ဟူသည့် ဇာတ်လမ်းဖြင့် လူသိများသည်။[၅]
ရှိဂခရိုင်၏ ရာသီဥတုသည် ခရိုင်မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် ကွာခြားမှု ရှိသည်။ တောင်ပိုင်းသည် အမြဲတမ်းနွေးထွေးနေသော်လည်း မြောက်ပိုင်းသည် များသောအားဖြင့် အေးကာ နှင်းကျဆင်းမှု များပြားသည်။ ခရိုင်မြောက်ပိုင်းတွင် နှင်းလျှောစီးရန်နေရာများစွာ ရှိသည်။ နခနိုခဝချိသည် ရှိဂခရိုင်၏ မြောက်ဘက်အစွန်ဆုံး ရွာဖြစ်သည်။ ၁၉၃၆ ခုနှစ် ထိုရွာတွင် နှင်းသည် ၅.၆ မီတာ (၁၈ ပေ) အထိ ကျဆင်းခဲ့သည်။[၆]
၂၀၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့အရ ခရိုင်၏ စုစုပေါင်းကုန်းမြေဧရိယာ၏ ၃၁ ရာခိုင်နှုန်းကို အမျိုးသားပန်းခြံများအဖြစ် သတ်မှတ်ထားသည်။ ဤပမာဏသည် အခြားသောဒေသများနှင့် နှိုင်းယှဉ်ပါက အမြင့်ဆုံး ဖြစ်သည်။ ၎င်းနေရာများတွင် ဘိဝရေကန်၊ ဆုဇုခအမျိုးသားဥယျာဉ်၊ ခိုတိုး၊ ခုဆွတ်ခိ - ခဆွတ်ရဂဝ၊ မိခမိ - တနခမိ - ရှိဂရခိစီရင်စုအမျိုးသားဥယျာဉ်တို့ ပါဝင်ကြသည်။[၇]
မြို့ပြဒေသများ
[ပြင်ဆင်ရန်]မြို့ပြများ
[ပြင်ဆင်ရန်]
City Town
ရှိဂခရိုတွင် မြို့ပြဒေသသည် ၁၃ ခု ရှိသည်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
| အမည် | ဧရိယာ(km2) | လူဦးရေ | လူဦးရေသိပ်သည်းဆ (per km2) | မြေပုံ | |
|---|---|---|---|---|---|
| ရိုမဂျိ | [[ခန်းဂျိ] | ||||
| 東近江市 | 388.58 | 113,460 | 291.99 | ||
| 彦根市 | 196.84 | 113,349 | 575.84 | ||
| 甲賀市 | 481.62 | 89,202 | 185.21 | ||
| 湖南市 | 70.4 | 54,240 | 770.46 | ||
| 草津市 | 67.82 | 141,945 | 2092.97 | ||
| 米原市 | 250.46 | 38,473 | 153.61 | ||
| 守山市 | 55.73 | 80,768 | 1449.27 | ||
| 長浜市 | 680.79 | 119,043 | 174.86 | ||
| 近江八幡市 | 177.45 | 82,116 | 462.76 | ||
| 大津市 | 464.51 | 341,187 | 734.51 | ||
| 栗東市 | 52.75 | 67,149 | 1272.97 | ||
| 高島市 | 693 | 49,168 | 70.95 | ||
| 野洲市 | 80.15 | 50,233 | 626.74 | ||
မြို့များ
[ပြင်ဆင်ရန်]ခရိုင်အတွင်းရှီ ဒေသတစ်ခုချင်းစီတွင် အောက်ပါမြို့များ တည်ရှိကြသည်။
| အမည် | ဧရိယာ(km2) | လူဦးရေ | လူဦးရေသိပ်သည်းဆ(per km2) | ဒေသ | မြေပုံ | |
|---|---|---|---|---|---|---|
| ရိုမဂျိ | ခန်းဂျိ | |||||
| 愛荘町 | 37.98 | 20,730 | 545.81 | Echi District | ||
| 日野町 | 117.63 | 21,677 | 184.28 | Gamō District | ||
| 甲良町 | 13.66 | 6,932 | 507.47 | Inukami District | ||
| 竜王町 | 44.52 | 12,130 | 272.46 | Gamō District | ||
| 多賀町 | 135.93 | 7,382 | 54.31 | Inukami District | ||
| 豊郷町 | 7.78 | 7,588 | 975.32 | Inukami District | ||
ဒေသပေါင်းစပ်မှုများ
[ပြင်ဆင်ရန်]စီးပွားရေး
[ပြင်ဆင်ရန်]၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်သည့် အုပ်ချုပ်ရေးရုံး၏ အချက်အလက်များအရ ခရိုင်၏ ထုတ်လုပ်ရေးလုပ်ငန်းသည် ခရိုင်စီးပွားရေး၏ ၃၅.၄ ရာခိုင်နှုန်း ရှိခဲ့သည်။ ဤရာခိုင်နှုန်းသည် ဂျပန်နိုင်ငံတွင် အမြင့်ဆုံးလည်း ဖြစ်သည်။[၈]
လူဦးရေ
[ပြင်ဆင်ရန်]

ရှိဂခရိုင်လူဦးရေသည် ကန်၏ တောင်ဘက်ကမ်းခြေရှိ အိုးဆွတ်မြို့ (ကျိုတိုမြို့နှင့် ကပ်လျက်) နှင့် ကန်၏ အရှေ့ဘက်ကမ်းခြေရှိ ခုဆဆွတ်မြို့၊ မိရိယမမြို့တို့တွင် အဓိကနေထိုင်ကြသည်။ ခုဆဆွတ်မြို့နှင့် မိုရိယမမြို့တို့သည် ကျိုတိုမြို့မှ အလှမ်းကွာဝေးသည်။ ကန်၏ မြောက်ဘက်ကမ်းခြေသည် ကျေးလက်ဒေသနှင့် သဲဖြူကမ်းခြေများ ရှိသည့် အပန်းဖြေစခန်းများ ရှိကြသည်။ မကြာသေးမီနှစ်များအတွင်း ဘရာဇီးလူမျိုးများသည် ရှိဂခရိုင်အနီးရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်ရန် အခြေချနေထိုင်လာခဲ့ကြသည်။ ရှိဂခရိုင်တွင် နိုင်ငံခြားသား ၂၅,၀၄၀ ဦး ရှိသည်။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအချက်အလက်အရ နိုင်ငံခြားသားများထဲတွင် ဘရာဇီးလူမျိုးသည် ၃၀ ရာခိုင်နှုန်း ရှိသည်။
ယဉ်ကျေးမှု
[ပြင်ဆင်ရန်]ဘိဝမြို့ (နဂဟမမြို့၏ အစိတ်အပိုင်းတစ်ခု) သည် တွန်းဒရိုးရာဘွန်းရခုရုပ်သေးသဘင်အဖွဲ့၏ မွေးဖွားရာနေရာ ဖြစ်သည်။[ကိုးကားချက်လိုသည်]
မိုရိယမမြို့တွင် ဆဂဝအနုပညာပြတိုက်၊ ခုဆဆွတ်မြို့တွင် ဘိဝရေကန်ပြတိုက်နှင့် ခိုးခမြို့တွင် မိဟိုပြတိုက်တို့ ရှိကြသည်။ ခိုးခမြို့တွင် နင်ဂျာနေအိမ်တစ်ခုရှိပြီး ၎င်းနေရာသည် ခရီးသွားများကြည့်ရှုလေ့လာရန် ထိန်းသိမ်းစောင့်ရှောက်ထားသည်။[၁၀]
ပညာရေး
[ပြင်ဆင်ရန်]ရှိဂခရိုင်တွင် တက္ကသိုလ် ၁၀ ခု၊ ကောလိပ် ၂ ခု၊ ဂျပန်နိုင်ငံအများပြည်သူတက္ကသိုလ် (The Open University of Japan) ၏ လေ့လာရင်းစင်တာတစ်ခု ရှိသည်။[၁၁]
- Biwako-Gakuin University (Higashiomi)
- Biwako Seikei Sport College (Otsu)
- Nagahama Institute of Bio-Science and Technology (Nagahama)
- Ritsumeikan University (Kyoto and Kusatsu)
- Ryukoku University (Kyoto and Otsu)
- Seian University of Art and Design (Otsu)
- Seisen University (Hikone)
- Shiga Bunkyo Junior College (Nagahama)
- Shiga Junior College (Otsu)
- Shiga University (Hikone and Ōtsu)
- Shiga University of Medical Science (Otsu)
- University of Shiga Prefecture (Hikone)
ရှိဂခရိုင်ရှိ ဘိဝခိုရေပေါ်ကျောင်းသည် အခြားသော ပညာရေးနေရာများနှင့် မတူကွဲပြားလျက်ရှိသည်။ ဘိဝခိုရေပေါ်ကျောင်းသည် မူလတန်း ပဉ္စမနှစ်တန်းကျောင်းသားများအတွက် ရည်ရွယ်ထားသည့် သင်္ဘောဖြင့် ဘိဝခိုကန်အတွင်း လှည့်လည်ကာ သဘာဝပတ်ဝန်းကျင်နှင့် ကန်၏ ဂေဟစနစ်ကို လေ့လာရသည်။ ဤရေပေါ်ကျောင်းကို "အုမိနော့ခိုး" ဟု သိကြသည်။[၁၂]
အားကစား
[ပြင်ဆင်ရန်]အောက်ပါအားကစားအသင်းများသည် ရှိဂခရိုင်အတွင်း တည်ရှိသည်။
- ဘတ်စကတ်ဘော - Shiga LakeStars
- ဘောလုံး - Lagend Shiga (Moriyama), MIO Biwako Kusastsu (later Reilac Shiga) (Kusatsu), Sagawa Shiga F.C. (Moriyama).
- တင်းနစ် - SHRIGGA AKA UVEAL
- ဘောလီဘော - Toray Arrows (women's volleyball team) (အိုးဆွတ်)
ပို့ဆောင်ဆက်သွယ်ရေး
[ပြင်ဆင်ရန်]ရှိဂခရိုင်အတွင်းတွင် လေယာဉ်ကွင်း မရှိပေ။ သို့သော် ခရိုင်အတွင်းရှိ ခရီးသွားသူများသည် ချူးဘုနိုင်ငံတကာလေဆိပ်၊ အိတမိလေဆိပ်နှင့် ခန်းဆိုင်းနိုင်ငံတကာလေဆိပ်များကို အသုံးပြုကြသည်။
ခရီးသွားလုပ်ငန်း
[ပြင်ဆင်ရန်]၂၀၀၀ ခုနှစ်တွင် ရှိဂခရိုင်သို့ ခရီးသွား ခြောက်သောင်းခွဲ လာရောက်ခဲ့သည်။
နှစ်စဉ် ဧပြီလရောက်တိုင်း နဂဟမမမြို့အပါအဝင် နေရာ ၁၀ ခုတွင် ဟိခိယမပွဲတော် (曳山祭) ကို ကျင်းပကြသည်။ ဤပွဲတော်သည် ဂျပန်နိုင်ငံရှိ အဓိကကျသည့် ဟိခိယမပွဲတော်သုံးခုတွင် တစ်ခုအဖြစ် ပါဝင်သည်။ ၁၉၇၉ ခုနှစ်တွင် အရေးကြီးသည့် ဒြပ်ရှိယဉ်ကျေးမှုအဖြစ် သတ်မှတ်ခဲ့သည်။
ညီအစ်မပြည်နယ်နှင့် ဒေသများ
[ပြင်ဆင်ရန်]ရှိဂခရိုင်သည် အခြားသော နိုင်ငံများရှိ ပြည်နယ်များနှင့် အောက်ပါအတိုင်း ညီအစ်မဆက်ဆံရေးကို ထူထောင်ထားသည်။[၁၃]
Hunan, China
Michigan, United States, since 1968
Rio Grande do Sul, Brazil
ပြင်ပလင့်များ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ 2020年度国民経済計算(2015年基準・2008SNA) : 経済社会総合研究所 - 内閣府 (in ja)။ 2023-05-18 တွင် ပြန်စစ်ပြီး။
- ↑ Nussbaum, Louis-Frédéric. (2005). "Shiga-ken" in Japan Encyclopedia, p. 853, p. 853, at Google Books; "Kansai" at Japan Encyclopedia, p. 477, p. 477, at Google Books.
- ↑ Nussbaum, "Ōtsu" at Japan Encyclopedia, p. 765, p. 765, at Google Books.
- ↑ "Shiga Prefecture mulls name change to draw more visitors"။
- ↑ You must specify title = and url = when using {{cite web}}.Shiga Prefecture။ (in ja)။ 31 July 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-05-13 တွင် ပြန်စစ်ပြီး။
- ↑ Encyclopedia Shiga. p436.
- ↑ General overview of area figures for Natural Parks by prefecture။ Ministry of the Environment (1 April 2014)။ 3 July 2015 တွင် ပြန်စစ်ပြီး။
- ↑ You must specify title = and url = when using {{cite web}}.Shiga Prefecture။ (in ja)။ 8 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-05-08 တွင် ပြန်စစ်ပြီး။
- ↑ The Japanese Mortality Database: Shiga Prefecture (in en)။ National Institute of Population and Social Security Research (30 March 2025)။
- ↑ Biwako Visitors Bureau။ Experiencing Ninjutsu (Ninja's techniques) at the ninja's native place – Koka Ninjutsu Yashiki။ 29 November 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-05-13 တွင် ပြန်စစ်ပြီး။
- ↑ You must specify title = and url = when using {{cite web}}.Shiga Prefecture။ (in ja)။ 7 November 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-05-08 တွင် ပြန်စစ်ပြီး။
- ↑ 吉川 宏, 就航25周年を迎えた学習船「うみのこ」での体験学習(第2章 海洋教育活動の事例紹介,<特集>日本の海洋教育活動), 日本船舶海洋工学会誌 KANRIN(咸臨), 2008, 21 巻, p. 27-, 公開日 2018/03/30, Online ISSN 2424-161X, Print ISSN 1880-3725, https://doi.org/10.14856/kanrin.21.0_27, https://www.jstage.jst.go.jp/article/kanrin/21/0/21_KJ00005082122/_article/-char/ja
- ↑ You must specify title = and url = when using {{cite web}}.Shiga Prefecture။ (in ja)။ 15 September 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2010-11-25 တွင် ပြန်စစ်ပြီး။