ရှိချိဂေါ့ဆန်း
| Shichi-Go-San | |
|---|---|
တိုကျိုရှိ နတ်ကျောင်းတစ်ခုတွင် တွေ့ရသည့် ကလေးငယ်တစ်ဦး | |
| တရားဝင်အမည် | 7-5-3 (shichi go san) |
| လိုက်နာကျင့်သုံးသူများ | Japan |
| အမျိုးအစား | Ethnic traditions/non-religious/religious |
| အရေးပါမှု | Traditional rite of passage and festival day in Japan for three-year-old and seven-year-old girls, as well as five-year-old and sometimes three-year-old boys. |
| ရက်စွဲ | November 15 |
ရှိချိဂေါ့ဆန်း (七五三, အဓိပ္ပါယ် "ခုနစ် - ငါး - သုံး"') သည် ဂျပန်လူမျိုးတို့၏ ရိုးရာဓလေ့ပွဲတော်တစ်ခု ဖြစ်သည်။ မိန်းကလေးဖြစ်ပါက အသက် ၃ နှစ်နှင့် ၇ နှစ်အရွယ်၊ ယောက်ျားလေးဖြစ်ပါက အသက် ၅ နှစ်၊ တစ်ခါတရံ ၃ နှစ်အရွယ်ကလေးမျးအတွက် ဤပွဲတော်ကို ပြုလုပ်ကြသည်။ ဤပွဲတော်ကို နှစ်စဉ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြုလုပ်သည်။ ကလေးများ၏ ကြီးပြင်းလာမှုနှင့် ကောင်းမွန်စွာရှင်သန်လာမှုအတွက် ရည်ရွယ်ကျင်းပသည့် ပွဲတော်ြဖစ်သည်။ ဤပွဲတော်နေ့ရက်သည် နိုင်ငံတော်၏ တရားဝင်ရုံးပိတ်ရက်မဟုတ်ပေ။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]

ရှိချိဂေါ့ဆန်းသည် ဟဲအိအန်ခေတ်ကာလတွင် စတင်ခဲ့သည်ဟု ဆိုကြသည်။ တော်ဝင်မိသားစုဝင်များသည် ၎င်းတို့၏ သားသမီးများကို ကလေးဘဝအလတ်ပိုင်းသို့ ရောက်ရှိခြင်းအတွက် ကျင်းပကြခြင်း ဖြစ်သည်။ သို့သော်လည်း ဤအယူအဆသည် မုရိုမချိခေတ်ကာက ကတည်းက နို့စို့အရွယ်ကလေးငယ်၏ ကိုယ်ကျင့်တရားမြင့်မားသူများဖြစ်လာစေရန်အတွက် ရည်ရွယ်ချက်မှ ဖြစ်ပေါ်လာသည်။ အရှေ့အာဆီယံဒေသတွင် အသက် ၃ နှစ်၊ ၅ နှစ် နှင့် ၇ နှစ်အရွယ်များသည် ဆက်တိုက်ဖြစ်သည့် မကိန်းဂဏန်းအရွယ်များဖြစစ်ကြပြီး ကံကောင်းသည်ဟု ယုံကြသည်ကြသည်။ ကမာကူရခေတ်တွင် ဤဓလေ့ကို ထိုလ၏ ၁၅ ရက်မြောက်နေ့တွင် ကျင်းပကြသည်။[၁][၂]
ဤပွဲတော်ကို ရှေးယခင်ရာစုနှစ်များက နို့စို့ကလေးငယ်များသေဆုံးမှုနှုန်းမြင့်မားသည့်အတွက် ကလေးငယ်များ၏ ရှင်သန်မှုအတွက် ဆုတောင်းပြုလုပ်သည့်ပွဲ ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဤအလေ့အထသည် ဆာမူရိုင်းလူတန်းစားတို့၏ ပွဲတော်ဖြစ်လာခဲ့သည်။[၃] ဤအလေ့အထ၏ ပထမဆုံးအကြိမ်ဖြစ်သည့် အသက် ၃ နှစ်အရွယ်များအတွက် ပြုလုပ်သည့်ပွဲကို "ခမိအိုခိ" ဟု ခေါ်သည်။ အဓိပ္ပါယ်မှာ "ဆံပင်ပယ်ခြင်း" ဟု အဓိပ္ပါယ်ရသည်။ ရိုးရာဓလေ့အရ မွေးဖွားပြီး ၇ ရက်မြောက်နေ့မှစကာ အသက် ၃ နှစ်အရွယ်အထိ ကလေးငယ်တစ်ဦး၏ ဆံပင်ကို ရိတ်ထားလေ့ ရှိကြသည်။
ပွဲတော်၏ ဒုတိယမြောက်အကြိမ်သည် ယောက်ျားလေးများအတွက်ဖြစ်ပြီး အသက် ၅ နှစ်အရွယ်တွင် ပြုလုပ်ကြသည်။ ၎င်းကို "ဟခမဂိနော့ဂိ" ဟု ခေါ်သည်။ ဤအကြိမ်တွင် ယောက်ျားလေးများသည် ပထမဆုံးအကြိမ်အဖြစ် ဟခမ (hakama) နှင့် ဟအိုရိ (haori)ကဲ့သို့သော အဝတ်အစားများကို ဝတ်ဆင်ကြရသည်။
တတိယအကြိမ်မြောက်ပြုလုပ်သည့်ပွဲသည် မိန်းကလေးများအတွက် ဖြစ်ပြီး အသက် ၇ နှစ်အရွယ်တွင် ဆင်နွှဲကြသည်။ ဤပွဲကို "အိုဘိတိုခိနော့ဂိ" ဟု ခေါ်သည်။ ဤပွဲတော်တွင် မိန်းကလေးငယ်များသည် အိုဘိနှင့် ကီမိုနိုကို တွဲဖက်ကာ ဝတ်ဆင်ကြရသည်။ အမျိုးသမီးတစ်ဦးအဖြစ်သို့ ပြောင်းလဲလာသည့်သင်္ကေတတစ်ခုအဖြစ် ဤအလေ့အထသည် ကမာကူရခေတ်ကာလကတည်းက စတင်ခဲ့သည်။ မူလက ဤအလေ့အထကို ၉ နှစ်အရွယ်ယောက်ျားလေးများလည်း ဆင်နွှဲခဲ့ကြသည်။ သို့သော် အဲဒိုခေတ်တွင် ဤပွဲသည် ၇ နှစ်အရွယ်မိန်းကလေးများသာ ဆင်နွှဲသည့်ပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
မဲဂျိခေတ်တွင် ရှိချိဂေါ့ဆန်းပွဲတော်ဆင်နွှဲသည့် အလေ့သည် သာမန်လူတန်းစားများအကြားသို့ ရောက်ရှိလာခဲ့သည်။
လက်ရှိကာလကျင်းပသည့်ပုံစံ
[ပြင်ဆင်ရန်]မဲဂျိခေတ်ကာလမှ စတင်ကာ ရှိချိဂေါ့ဆန်းကို ကျင်းပသည့်ပုံစံသည် အနည်းငယ် ပြောင်းလဲလာခဲ့သည်။ ဆံပင်နှင့်ပတ်သက်သည် ရိုးရာဓလေ့ကို ပြုလုပ်ခြင်းမရှိတော့ပေ။ အသက် ၃ နှစ်အရွယ် ယောက်ျားလေးများနှင့် အသက် ၃ နှစ်၊ ၇ နှစ်အရွယ် မိန်းကလေးများအတွက် ပြုလုပ်လာခဲ့ကြပြီး မိန်းကလေးများသည် ကီမိုနိုကို ဝတ်ဆင်ကြသည်။ အသက်သုံးနှစ်အရွယ်မိန်းကလေးများသည် ဟိဖု ဟုခေါ်သည့် အင်္ကျီတစ်မျိုးကို ကီမိုနိုနှင့်အတူ ဝတ်ဆင်ကြသည်။ အချို့သောကလေးများသည် အနောက်တိုင်းပုံစံအဝတ်အစားများကို ဝတ်ဆင်ကြသည်လည်း ရှိသည်။ လက်ရှိအချိန်တွင် ရှိချိဂေါ့ဆန်းဆင်နွှဲသည့်ကာလသည် ကလေးများ၏ ဓာတ်ပုံကို ရိုက်ကူးရန်အတွက် အကောင်းဆုံးသောအချိန်ဖြစ်သည်ဟူသည့် အလေ့အထသည် ထွန်းကားလျက်ရှိသည်။
ချိတိုဆဲအမဲ
[ပြင်ဆင်ရန်]ချိတိုဆဲအမဲ (千歳飴, အဓိပ္ပါယ် - "အသက်နှစ်တစ်ထောင်သကြားလုံး")ကို ကလေးများအား ရှိချိဂေါ့ဆန်းပြုလုပ်သည့်နေ့တွင် ပေးကြသည်။ ချိတိုဆဲအမဲသည် ပိန်ရှည်သည့်ပုံစံရှိကာ အရောင်မှာ အဖြူနှင့်အနီပါဝင်သည်။ ဤသကြားလုံးသည် ကလေးငယ်များ၏ ကျန်းမာစွာဖွံ့ဖြိုးမှုနှင့် အသက်ရှည်မှုကို ဖော်ညွှန်းသည့်အရာလည်း ဖြစ်သည်။ ထို့အပြင် ဂျပန်လူနေမှုတွင် ကြိုးကြာငှက်နှင့် လိပ်တို့၏ပုံများပါဝင်သည့် အိတ်များကို ကလေးများအားပေးကြသည်။ ဤသည်မှာလည်း အသက်ရှည်မှုကို ဖော်ညွှန်းခြင်း ဖြစ်သည်။ ချိတိုဆဲအမဲသည် ပါးလွှာပြီးဖောက်ထွင်းမြင်ရသည့် ဆန်ဖြင့်ပြုလုပ်ထားသည့် စာရွက်ပုံစံအပြားဖြင့် ပတ်ထားသည်။[၄][၅]
ထင်ရှားသည့် တင်ဆက်မှုများ
[ပြင်ဆင်ရန်]- TVぴあは9周年
- ザ・テレビジョンは20周年
ပြင်ပလင့်များ
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Rupp၊ Katherine (2003)။ Gift-giving in Japan: Cash, Connections, Cosmologies။ Stanford University Press။ pp. 64။
- ↑ GoJapanGo: Shichi-Go-San 27 March 2016 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., retrieved November 16, 2005
- ↑ Kids Web Japan: Shichi-Go-San 2005-09-21 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., retrieved November 16, 2005
- ↑ Joly၊ Henri (1908)။ Legend in Japanese Art။ Bodley head။ pp. 78, 149, 316။
- ↑ Fukue, Natsuko, "It's fall, when kids in kimono fete 7-5-3 rituals 2010-10-27 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .", Japan Times, 11 November 2008, p. 3.