မာတိကာသို့ ခုန်သွားရန်

ရှာလမိန်း

ဝီကီပီးဒီးယား မှ
(ရှာလမိုင်း မှ ပြန်ညွှန်းထားသည်)
Charlemagne
A denarius of Charlemagne dated c.812–814 with the inscription KAROLVS IMP AVG
(Karolus Imperator Augustus)
King of the Franks
နန်းသက်9 October 768 –
28 January 814
နန်းတက်ချိန်9 October 768
Noyon
ရှေ့မင်းဆက်Pepin the Short
နောက်မင်းဆက်Louis the Pious
Co-rulerCarloman I (768–771)
Charles (800–811)
King of the Lombards (Italy)
နန်းသက်June 774 – 28 January 814
ရှေ့မင်းဆက်Desiderius
နောက်မင်းဆက်Bernard
Co-rulerPepin of Italy (781–810)
Emperor of the Carolingian Empire
နန်းသက်25 December 800 – 28 January 814
နန်းတက်ချိန်25 December 800
Old St. Peter's Basilica, Rome
နောက်မင်းဆက်Louis the Pious
မွေးဖွား(748-04-02)၂ ဧပြီ၊ ၀၇၄၈[မှတ်စု ၁]
Francia
ကွယ်လွန်၂၈ ဇန်နဝါရီ၊ ၀၈၁၄(814-01-28)
Aachen, Francia
ထာဝရ အိပ်စက်ရာ နေရာAachen Cathedral
အိမ်ထောင်ဖက်
သားသမီးများ
Among others
DynastyCarolingian
ခမည်းတော်Pepin the Short
မယ်တော်Bertrada of Laon
ကိုးကွယ်မှုChalcedonian Christianity
ကမ္ပည်းထိုးသင်္ကေတလက်မှတ်
ရှာလမိန်း ရုပ်တူပုံ(၇၄၂-၈၁၄)

လက်တင်အမည်ဖြင့် ကာရိုလပ် မဂ္ဂနပ်[မှတ်စု ၂] (ချားသဂရိတ်[မှတ်စု ၃]) ဟု ခေါ်တွင်သော ရှားလမိန်းဘုရင်[မှတ်စု ၄] သည် ဥရောပအလယ်ခေတ်သမိုင်းတွင် ဘုန်းလက်ရုံးနှင့်ပြည့်စုံ၍ တန်ခိုးကြီးမားသော ဘုရင်ကြီးတစ်ပါးဖြစ်ပေသည်။ ဥရောပအလယ်ခေတ် ကဗျာစာဆိုတို့က တေးကဗျာလင်္ကာတို့ဖြင့် တခမ်းတနား ဖွဲ့ဆိုချီးကျူးကြရသော လူရည်ချွန်ပုဂ္ဂိုလ်ကြီးတစ်ဦးလည်းဖြစ်သည်။ ခြောက်ရာစုနှစ်လောက်တွင် ရောမနိုင်ငံတော်ကြီး ပျက်သုဉ်းပြီးနောက် ဥရောပတိုက်ရှိ ပြည်နယ်နိုင်ငံများတွင် ယဉ်ကျေးမှုများ ဆုတ်ယုတ်ပျက်ပြား၍ အမှောင်ခေတ်ကြီးကျရောက်နေခဲ့သည်။ ထိုအမှောင်ခေတ်ကြီးကို ရှားလမိန်းဘုရင်ကြီးသည် မိမိ၏ဘုန်းလက်ရုံးအရောင်ဖြင့် အလင်းဆောင်ပေးကာ ပျက်သုဉ်းနေခဲ့သော မြင့်မြတ်သော ရောမအင်ပါယာကြီးအား ပြန်၍ အသက်ဝင် လှုပ်ရှားစေခဲ့လေသည်။

မဟာရှာလမိန်းဟု ကျော်ကြားသည့် ဘုရင်ကို ပြင်သစ်သားတို့က ဂုဏ်ယူစွာ အမှတ်ရကြသည်။ မြင့်မြတ်သည့် ရောမအင်ပါယာ (အနောက်ရောမအင်ပါယာ)ကို ပြန်တည်ထောင်သူ၊ ဆက်ဇွန်နီကို အောင်နိုင်သူ အစရှိသဖြင့် စွမ်းဆောင်ခဲ့သဖြင့် ထိပ်တန်းမင်းဧကရာဇ်တစ်ပါးအဖြစ် သမိုင်းတွင် မှတ်တမ်းတင်သည်။

ရှားလမိန်းဘုရင်သည် ပြင်သစ်နိုင်ငံ အရှေ့မြောက်ဘက် အစွန်နှင့် ရိုင်းမြစ်၏ လက်ယာဘက်ကမ်း တစ်လျောက်ရှိ နေရာတွင် ပေါ်ထွန်းခဲ့သော ဖရန့်နိုင်ငံ၏ ဘုရင်တစ်ပါး ဖြစ်သည်။ ခရစ် ၇၆၈ ခုနှစ်မှ ၈၁၄ ခုနှစ်အထိ ဖရန့်နိုင်ငံ၏ ဘုရင်အဖြစ် အုပ်စိုးခဲ့၍ ၈ဝဝ ပြည့်နှစ်မှ ၈၁၄ ခုနှစ်အထိ အနောက်ရောမ ဘုရင်၏ လက်ထက်တွင် ဖရန်နိုင်ငံသည် အထွတ်အထိပ်သို့ ရောက်ခဲ့သည်။ ဂျာမန်အနွယ် ဘုရင်များအနက် ဧကရာဇ်ဘွဲ့ကို ပထမဆုံး ခံယူခဲ့သည်။ နန်းသက် ၄၆ နှစ်အတွင်း စစ်ပွဲပေါင်း ၅၂ ပွဲကို စစ်ဆင်တိုက်ခိုက်ခဲ့၍ တိုက်ပွဲတိုင်းတွင် အောင်မြင်သည်သာ များခဲ့သည်။ ကမ္ဘာ့သ မိုင်းတွင် စစ်သားကောင်းတစ်ဦး အဖြစ်သာမက အအုပ်အချုပ် လိမ္မာသော နိုင်ငံပြုသုခမိန်တစ်ဦးအဖြစ်လည်း မှတ်တမ်းတင်ကြရလေသည်။

ထိုဘုရင်ကြီးသည် ခရစ်ယန်အယူဝါဒကို ချီးမြှောက်အားပေးသည်။ ပြည်နယ်အများအပြားကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ နိုင်ငံအတွင်း၌ ဖရန့်၊ လောင်းဗတ်၊ ဆက္ကဆွန်နှင့် ဂျာမန် စသဖြင့် လူမျိုးအမျိုးမျိုး ပါဝင်နေသည်။ မယဉ်ကျေးသေးသော အခြေအနေ၌ ရှိနေသေးသည့် လက်အောက်ခံလူမျိုးများအား ခရစ်ယာန် အဖွဲ့အစည်းများ၏ အကူအညီဖြင့် ယဉ်ကျေးအောင်ပြု၍ မိမိ၏တစ်အုပ်တစ်ချုပ်တည်းအောက်တွင် တညီတညွတ်တည်းရှိစေရန် ကြိုးပမ်းသည်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကို အနှံ့အပြားတည်ဆောက်၍ ခရစ်ယာန်သာသနာပြုလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်သည်။ ပညာရေးဘက်၌ တိုးတက်ပြုပြင်ရေးများကို ပြုလုပ်စေပြီးလျှင် ကုန်သွယ်ရေးနှင့် စိုက်ပျိုးရေးဘက်၌လည်း ဖွံ့ဖြိုးတိုးတက်စေသည်။ ရှားလမိန်းဘုရင်ကြီးသည် ဥရောပအလယ်ခေတ် ဘုရင်များအနက် အနောက်ဥရောပ၏ လူနေမှု၏ လူနေမှုတိုးတက်ရေးအတွက် အဆောင်ရွက်ဆုံးဟု ဆိုရပေမည်။

မျိုးရိုးစဉ် နှင့် ငယ်ဘဝ

[ပြင်ဆင်ရန်]

အဖိုးဖြစ်သူ ရှားလ် မာတယ်လ် မှာ မွတ်စလင်တို့ကို အပြီးသတ်ချေမှုန်းလိုက်သည့် နာမည်ကျော် တိုးစစ်ပွဲတွင် ဦးဆောင်ခဲ့သည့် ဖရန့်ခ် ခေါင်းဆောင်ဖြစ်သည်။ ၎င်းကွယ်လွန်ပြီးနောက် သားဖြစ်သူ ပေပင် ကို ပြင်သစ်အပေါင်းတို့၏ ဘုရင်အဖြစ် တင်မြောက်လိုက်သဖြင့် ရှေ့မှရှိနှင့်ပြီးဖြစ်သည့် နှလုံးရည် လက်ရုံးရည်မရှိ၊ ရုပ်သေးရုပ်များသာဖြစ်ပြီး အားနည်းလှသော မာရိုဗန်ဂျန် မင်းဆက်(Merovingian)မှာ ဆုံးခန်းတိုင်ပြီး ကာရိုလင်ဂျန် မင်းဆက်သစ်ပေါ်ထွန်းလာသည်။ ပေပင်မှာ အရပ်ပုလွန်းသူဖြစ်သဖြင့် ငပုပေပင် (Pepin the Short)ဟုပင် သမိုင်းတွင်သူဖြစ်သည်။ ရှာလမိန်းကို နောင်တွင် ၎င်းနန်းစိုက်ရာ အာချန်နှင့် မနီးမဝေးတွင် ၇၄၂ က ဖွားမြင်သည်။ (ထိုမြို့မှာ ယနေ့ ဂျာမနီနိုင်ငံ၏ နယ်နိမိတ်အတွင်း ရောက်ရှိနေသည်။) ပက်ပင် ချားမာတယ်ဘုရင်ကြီးသည် တူးဝါးမြို့တွင် ဆာရဆင်တို့က ခရစ်ယာန်အယူဝါဒကို လွှမ်းမိုးလာမည့် အန္တရာယ်မှ ကယ်တင်ခဲ့သူ ဖြစ်လေသည်။

ထီးနန်းရပုံ

[ပြင်ဆင်ရန်]

၇၆၈တွင် ပေပင်နတ်ရွာစံရာ ကျန်ရစ်ခဲ့သည့် ပဒေသရာဇ် ဖရန့်ခ်နိုင်ငံကို သက်တော် ၂၆ နှစ်အရွယ် ရှာလမိန်း နှင့် ညီတော် ကာလိုမန် တို့နှင့်နှစ်ဦးသား တစ်ဝက်စီ ခွဲဝေအုပ်ချုပ်သည်။ ဖရန့်မြောက်ပိုင်းနိုင်ငံကို ရှားလမိန်းက အုပ်ချုပ်ရ၍ တောင်ပိုင်းကို ညီတော်ကာလိုမန်က အုပ်ချုပ်ရသည်။ ၇၇၁ ခုနှစ်တွင်မူ ကာလိုမန် ကံတော်ကုန်သဖြင့် အသက် ၂၉နှစ်ရှိ ရှားလမိန်းသည် ပြိုင်ဘက်ကင်း ဖရန့် တစ်နိုင်ငံလုံးကို အုပ်စိုးရလေသည်။ ထိုအချိန်သည် ဖရန့်ခ်တို့ ဩဇာအင်အား အထွတ်အထိပ် ရောက်နေချိန်ဖြစ်ကာ နိုင်ငံ၏ကျယ်ပြန့်မှုမှာ ယနေ့ပြင်သစ်နိုင်ငံ တစ်ခုလုံးမှ မကပဲ၊ ဘယ်လ်ဂျီယံ၊ ဟော်လန် နှင့် ဆွစ်ဇာလန် အပါအဝင် ယနေ့ ဂျာမနီ၏ အစိတ်အပိုင်း အတော်များများပါ ပါဝင်သည်။

နယ်ပယ်ချဲ့ထွင်ခြင်း

[ပြင်ဆင်ရန်]

ထိုခေတ်အခါက ဥရောပတွင် တစ်နယ်တစ်မင်း အချင်းချင်း စစ်ခင်း၍ နေကြသဖြင့် ပြည်နယ်နိုင်ငံတို့သည် မငြိမ်မသက် ရှိနေကြပြီးလျှင် ဘုရင်များသည်လည်း စစ်တိုက်ရင်းသာ အချိန်ကုန်နေကြလေသည်။

နန်းတက်သည်နှင့် ညီတော်၏ သားမယားများ ခိုလှုံနေသည့် အီတလီမြောက်ပိုင်းရှိ လွန်းဘားနယ်ကို စစ်ပြုသည်။ စစ်မဖြစ်မှီ လွန်းဘားသူ မိဖုရား ဒေစီဒေရေဒါကို ကွာရှင်းသည်။ တိုက်ရသော အကြောင်းမှာ လွန်းဘားပြည့်ရှင် ဒက်ဆီဒီရီးယပ်သည် ရှားလမိန်း၏ ညီတော်ကာလိုမန်၏ လူမမယ် ရင်သွေးတော် နှစ်ပါးအား ဖရန့်တောင်ပိုင်းနိုင်ငံ၏ ထီးနန်းကို ဆက်ခံနိုင်ရန် အားပေးအားမြှောက်ပြုသောကြောင့်ဖြစ်သည်။ ထိုအရေးနှင့် စပ်လျဉ်း၍ လွန်းဘားပြည့်ရှင်သည် ပုပ်ရဟန်းမင်း အက်ဒရီယန်အား နှောင့်ရှက်တိုက်ခိုက်လာသည်။ ရှားလမိန်းသည် ပုပ်ရဟန်းမင်းအား ကူညီအားပေးနေသူဖြစ်၍ တစ်ကြောင်း၊ ဒက်ဆီဒီရီးယပ်အား နှိမ်နင်းလို၍ တစ်ကြောင်း အီတလီပြည်သို့ ချီတက်၍ လွန်းဘားတပ်များအား တိုက်ခိုက်ချေမှုန်းလေသည်။ ထိုနောက် လွန်းဘားပြည်နှင့် ယင်းပိုင် နယ်ပယ်များကိုလည်း သိမ်းယူ၍ လွန်းဘား ဘုရင်အဖြစ် ဘိသိက်ခံယူသည်။ ၇၇၄ ခုနှစ်တွင် အီတလီပြည်မှ မထွက်ခွာမီ ရောမမြို့သို့သွားရောက်၍ ရှားလမိန်း၏ ခမည်းတော်က ပုပ်ရဟန်းမင်းအား နယ်မြေများ လှူဒါန်းခဲ့သည်ကို ပို၍ခိုင်ခိုင်လုံလုံဖြစ်အောင် ဆောင်ရွက်သည်။ ထိုနယ်မြေတို့သည် နောင်အခါ ပုပ်ရဟန်းမင်းပြည်နယ်ဟူ၍ ဖြစ်လာသော နယ်မြေတို့၏ မူလအစဖြစ်လေသည်။ ၇၇၄ တွင် လွန်းဘားမင်းများကို အနိုင်ရပြီး ပိုင်နက်နယ်မြေ ကျယ်ပြန့်လာသည်။ ကာလိုမန်၏ သားမယားများကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ ဇာတ်သိမ်းကို မည်သူမျှ မသိတော့ပေ။

ရိုင်းမြစ်ဝှမ်းအောက်ပိုင်းနှင့် ဂျတ်တလန်ကျွန်းဆွယ်အကြား ဒေသများ၌ နေထိုင်ကြသော ဂျာမန်အနွယ် ဆက္ကဆွန်များသည် ဖရန့်နိုင်ငံကို မကြာခဏ ထိပါးလာကြသည်။ ထို့အတွက် ဂျာမနီမြောက်ပိုင်းရှိ ဆက်ဇွန်နီ ပြည်ကြီးကို သိမ်းယူခြင်း အတွက်ကို ကို ၇၇၂ကပင် စတင်အားထုတ်သည်။ ရှားလမိန်းဘုရင် သည် ၇၇၄ ခုနှစ်မှ အစပြု၍ ယင်းတို့အား တိုက်ခိုက်ခဲ့သော်လည်း ဆက္ကဆွန်နေကြသောကြောင့် ယင်းတို့ အား ၁ဝ နှစ် နီးပါးမျှ တိုက်ခိုက်နှိမ်နင်းရသည်။ ၇၈၅ ခုနှစ် သို့ ရောက်မှသာလျှင် ရှားလမိန်းသည် ဆက္ကဆွန်ပြည်အတွင်း ခရစ်ယာန် အယူဝါဒပျံ့နှံ့ရေးနှင့် ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်ရလေသည်။ ၃၂နှစ်ကြာ စစ်ပွဲ ကြီးငယ်များစွာ တိုက်ခိုက်ခဲ့ရပြီး ၈၀၄တွင်မှ အပြီးသတ် အောင်မြင်သည်။ ထိုမျှ စစ်ပွဲကြာရှည်ရသည်ကြောင့် တစ်ကြောင်း၊ ခရစ်အယူဝါဒသို့ အတင်းအကျပ်ကူးပြောင်းစေပြီး မနာခံပါက ရက်စက်စွာ သတ်ဖြတ် နှိပ်ကွပ်ခဲ့သည်ကြောင့် တစ်ကြောင်း စစ်ပွဲအပြီးတွင် ဆက်ဇွန်ဦးရေမှာ လေးပုံ တစ်ပုံခန့် လျော့နည်းသွားရသည်။

ထို့ပြင် ဂျာမနီတောင်ပိုင်းနှင့် ပြင်သစ်အနောက်တောင်ပိုင်းဒေသများတွင်လည်း နယ်ပယ်များကို ထိန်းသိမ်းရန် စစ်ပွဲများ ဆင်နွဲခဲ့ သေးသည်။ သိမ်းပိုက်နယ်ပယ်များ၏ တည်ငြိမ်ရေးအတွက် အရှေ့ဘက်နှင့် တောင်ဘက်ဒေသများတွင် အဗာများနှင့်စစ်ပွဲများစွာဆင်နွဲခဲ့ရသည်။ အကြမ်းအားဖြင့် ရှာလမိန်း၏ ပိုင်နက်မှာ ဂျာမနီရှိ ဘာဘေးရီးယားနယ် အထိဟုဆိုသော်လည်း ဩဇာခံနယ်မှာ ထိုဒေသမှ အရှေ့ဘက် ခရိုအေးရှား အထိကျယ်ပြန့်ပေသည်။ ထိုအတောအတွင်း ရှားလမိန်းသည် ၇၇၈တွင် စပိန်ပြည်မှမွတ်စလင် အယူဝါဒီ မူးဝါးလူမျိုးတို့အား ချီတက်တိုက်ခိုက်သည်။ တိုက်ပွဲ တိုင်းတွင် ရှားလမိန်း၏တပ်များက အောင်မြင်ခဲ့သော်လည်း ပီးရနီးတောင်တန်း၏ တောင်ဘက်ပိုင်းတိုက်ပွဲများတွင်မူ ရှား လမိန်း၏တပ်များ အရေးမလှခဲ့ပေ။ ရှားလမိန်း၏ လက်ရုံး တစ်ဆူဖြစ်၍ ထိုခေတ်က ကျော်ကြားလှသော သူရဲကောင်းကြီး ရိုလန်သည် ထိုတိုက်ပွဲတွင် ကျဆုံးခဲ့ရလေသည်။ အောင်မြင်အောင် မတိုက်ခိုက်နိုင်သော်လည်း ပြင်သစ်နှင့် စပိန်ကြားတွင် ကြားခံနယ်အဖြစ် မိမိဩဇာခံသော စပိန်ချီနယ် ဟုခေါ်သောနယ်ကို တည်ထောင်ပေးနိုင်သည်။

ရှားလမိန်း သည် အရှေ့ဘက်သို့လည်း နယ်ချဲ့ပြန်သည်။ ဗာဗေးရီးယား ပြည်ကို တိုက်ခိုက်သိမ်းပိုက်၍ ဗာဗေးရီးယားပြည့်ရှင်ကို နန်းချသည်။ ဗာဗေးရီးယားပြည်ကို သိမ်းပိုက်လိုက်ခြင်းဖြင့် ရှားလမိန်းသည် ဟန်ဂေရီယန်မြေပြန့်ဒေသမှ စစ်လိုလားသော အားဗားလူမျိုးများနှင့် စစ်ပြိုင်ရပြန်သည်။ နောက်ဆုံးတွင် ရှားလမိန်းဘုရင်ကြီးသည် အားဗားတို့အား နှိမ်နင်းအောင်မြင် သည်။ ယင်းသို့ဖြင့် ရှားလမိန်း၏ လက်အောက်ခံနိုင်ငံတော် သည် မြောက်ဘက်၌ ဒိန်းမတ်ပြည်မှသည် တောင်ဘက် ပီးရနီး တောင်တန်းအထိ၊ အရှေ့ဘက်၌ အဲ့လဗမြစ်မှသည် အနောက် ဘက် အတ္တလန္တိတ်သမုဒ္ဒရာအထိ ကျယ်ပြန့်ခဲ့လေသည်။ သူ့နန်းသက် ၄၅နှစ်အတွင်း ဖရန့်ခ်တို့သည် စစ်ပွဲကြီးငယ်ပေါင်း ၄၄ကြိမ်တိုက်ခဲ့ရပြီး အနောက်ဥရောပတစ်ခွင်တွင် ကျယ်ပြန့်သည့် အင်ပါယာကို တည်ထောင်နိုင်ခဲ့သည်။ ရောမအင်ပါယာပျက်သုဉ်းပြီးနောက်တွင် ယခုကဲ့သို့သော အင်ပါယာကို ပြန်လည်ထူထောင်နိုင်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ထို့ကြောင့် ခရစ်နှစ် ၈၀၀ပြည့်၊ ခရစ်စမတ်နေ့တွင် ရောမမြို့တွင် ပုပ်ရဟန်းမင်း အက်ဒရီယန်အား ဆက်ခံသူ ပုပ်ရဟန်းမင်းကြီး တတိယလီယိုက ရှာလမိန်းအား ကာရိုလပ် ဩဂတ်စတပ်[မှတ်စု ၅] ဟူသောဘွဲ့ဖြင့် ခြီးမြှင့်၍ သရဖူအပ်နှင်းပြီး ရောမဧကရာဇ် အဖြစ်ကြေညာပေးသည်။ ထို့ကြောင့် ရှာလမိန်းသည် ဩဂတ်စတက်ဆီဇာကို တရားဝင်ဆက်ခံသူအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ သဘောတရားအရ လွန်ခဲ့သည့် နှစ် ၃၀၀ က ပျက်စီးခဲ့သော ရောမအင်ပါယာကို ရှာလမိန်း က ပြန်ထူထောင်ပေးသည်ဟုဆိုရမည်ဖြစ်သည်။ သို့သော် အမှန်တကယ် နယ်ပယ်တိုင်းတာမှုတွင် ရှာလမိန်း၏ အင်ပါယာမှာ အနောက်ရောမအင်ပါယာကို မမှီ၊ ထက်ဝက်ကျော်သာရှိသည် ဟုဆိုရမည်။ လူမျိုးအရအားဖြင့်လည်း ရှာလမိန်းမှာ ဖရန့်ခ်(ပြင်သစ်)ဖြစ်သောကြောင့် ရောမသားမဟုတ်ပေ။

ထိုအချက်များအပြင် အရေးပါသည့် အခြားအချက်မှာ ရောမခရစ်ယာန်ကျောင်းတော်နှင့် ဆက်ဆံရာတွင် ရှာလမိန်းက ဦးဆောင်သူဖြစ်ပြီး ပုပ်ရဟန်းမင်းမှာ နိုင်ငံရေးအရ ဝင်ရောက် ဩဇာပေးနိုင်ခြင်းမရှိခဲ့ ပေ။ သို့သော်လည်း ဤသို့ ဘိသိက်သွန်းလိုက်ခြင်းဖြင့် ရှားလမိန်းတွင် ဧကရာဇ်ဘွဲ့ ခံယူရခြင်းကြောင့် တန်ခိုးအာဏာ ထိထိရောက်ရောက် တိုးတက်လာခြင်းမရှိသော်လည်း ခရစ်ယန် အယူဝါဒကို ကာကွယ်စောင့်ရှောက် ခြီးမြှင့်မြှောက်စားကာ ခရစ်ယာန်လောကတွင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားရှိပေးမည့် ခရစ်ယန်နိုင်ငံတော်(ဝါ) ရောမသာသနာစောင့် နိုင်ငံတော် ပေါ်ပေါက်လာခဲ့လေသည်။

ရှားလမိန်းဘုရင်ကြီးသည် စစ်ရေး၌ ထူးချွန်သလောက် အုပ်ချုပ်ရေး၌လည်း လိမ္မာသည်။ တကွဲတပြား ဖရိုဖရဲ ရှိနေခဲ့ သော ဥရောပပြည်နယ်များကို ပြန်လည်စုစည်း၍ ငြိမ်ဝပ်ပိပြား စေပြီးလျှင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည်။ သို့သော် ရှေးခေတ် ရောမနိုင်ငံတော်၏ စည်ပင်ထွန်းကားပုံကိုကား မမှီနိုင်ချေ။ မိမိ၏နိုင်ငံတော်အတွင်း စာပေပညာ ပြန့်ပွားထွန်း ကားရေးကို အားပေးသည်။ စာသင်ကျောင်းများ ဆောက်လုပ်၍ နိုင်ငံရပ်ခြားမှ စာပေကဝိကြီးများကို မိမိနန်းတော်သို့ ပင့် ဆောင် ကိုးကွယ်ကာ ပညာဖြန့်ဝေပေးသည်။ ယဉ်ကျေးမှု အနု ပညာရပ်များ ပြန်လည်ပေါ်ထွန်းလာစေရန်လည်း အားပေး ဆောင်ရွက်သည်။ ယင်းသို့ဖြင့် ရှားလမိန်း၏ နန်းသက်အတွင်း အမှောင်ရောင် ပြန်ပေးမည့်စာပေ အနုပညာ စသည့်ယဉ်ကျေးမှု တို့ ပြန်လည် ထွန်းကားနိုင်ရန် အရှိန်ရလာလေသည်။ ထို ဘုရင်ကြီးသည် စိုက်ပျိုးရေး ကုန်သွယ်ရေး အဆောက်အအုံ တည်ဆောက်ရေးတို့ကိုလည်း အားပေးဆောင်ရွက်လေသည်။ ရှားလမိန်းဘုရင်ကြီး၏ လက်ထက်တွင် ကံကျွေးချစံနစ် ပေါ်ပေါက်ခဲ့သည်။ ထိုစံနစ်သည် ရှေးရောမအစိုးရစံနစ်နှင့် လုံးဝမတူချေ။ ဥရောပတိုက်တွင် ရောမနိုင်ငံတော်ကြီး ပျက် ယွင်း၍ မယဉ်ကျေးသော လူမျိုးတို့ ဝင်ရောက် စိုးမိုးနေခဲ့ သဖြင့် အအုပ်အထိန်း ကင်းမဲ့သကဲ့သို့ ရှိနေရာ အအုပ် အထိန်းရှိနိုင်သလောက် ရှိစေသော စံနစ်တစ်ခုပင်တည်း။ ယင်းစံနစ်သည် ဥရောပသားတို့၏ နေထိုင်မှု၊ ဆက်ဆံမှု၊ အုပ်ချုပ်မှုတို့၏ တိုးတက်ရေး လမ်းမကြီးတွင် ပထမစခန်း နယ်များတွင် အုပ်ချုပ်ရေးစံနစ် တစ်မျိုးတည်းထားရှိစေသည်။ သို့သော် ပြည်နယ်အလိုက် ရှိနေသော တရားဥပဒေများကိုမူ ဆက်လက် လိုက်နာကျင့်သုံးခွင့် ပြုသည်။

ထိုဘုရင်ကြီးသည် ဘုန်းတန်ခိုး ကြီးမား၍ ထင်ရှား သလောက် အရပ်အမောင်း မြင့်မားပြီးလျှင် ကြံ့ခိုင်သန်စွမ်း ဖျတ်လတ်သည်။ ထိုခေတ်အခါက ဘုရင်များနည်းတူ စာရေး စာဖတ်ခြင်းကို ထိရောက်စွာ သင်ကြားဆည်းပူးခြင်း မပြုခဲ့ သော်လည်း လက်တင်ဘာသာကို ဖတ်နိုင်သည်။ ဂရိဘာသာ စကားကို နားလည်သည်။ ရှေးက ရောမနိုင်ငံတော်အား ဖျက် ဆီးခဲ့သော ဂျာမန်အရိုင်းလူမျိုးများ၏ အဆက်အနွယ်ဖြစ်သော် လည်း အနောက်ရောမ နိုင်ငံတော်ကို ပြန်လည်ထူထောင်သူ၊ ခရစ်ယန်သာသနာစောင့်ဧကရာဇ်တစ်ပါး ဖြစ်ပေသည်။ အရှေ့ ရောမနိုင်ငံတော်ဖြစ်သော ဗိုင်ဇင်းတိုင်နိုင်ငံ၏ ဧကရာဇ်ကလည်း ရှားလမိန်းအား (အနောက်) ရောမနိုင်ငံတော်၏ ဧကရာဇ်အဖြစ် အသိအမှတ်ပြုလေသည်။

နတ်ရွာစံခြင်း နှင့် နောက်ဆက်တွဲ

[ပြင်ဆင်ရန်]

နန်းသက်တလျှောက် အနောက်ဥရောပ ကုန်မတတ်တိုက်ခိုက်သိမ်းသွင်းခဲ့သော ရှာလမိန်းသည် ၈၁၄တွင် နန်းစိုက်ရာ အာချန်တွင် နတ်ရွာစံသည်။ နတ်ရွာမစံမှီ မိမိအင်ပါယာကို သုံပိုင်းပိုင်းပြီး သားတော်သုံးပါးကို ခွေဲ၀ပေးရန် စီစဉ်သော်လည်း သားတော်နှစ်ပါးက သူ့အလျင်ကွယ်လွန်သွားသဖြင့် ကျန်ရစ်သည့် သားတော် ဘုရားတရားသမား ကြည်ညိုသူ လူဝီက တစ်ဦးတည်း ဆက်ခံသည်။ သို့သော် လူဝီမှာလည်း ဆက်ခံသူမထားပဲ နတ်ရွာစံပြန်ရာ လူဝီ၏သားတော် နှစ်ပါးက အင်ပါယာကို ခွဲယူကြသဖြင့် စစ်ဖြစ်ပွားရာမှ ရှာလမိန်းထူထောင်သည့် အင်ပါယာကြီးမှာ သူကွယ်လွန်ပြီး နှစ်၃၀အကြာတွင် အပိုင်းကြီး ၃ ပိုင်းကွဲသွားခဲ့ရသည်။ ပထမအပိုင်းမှာ ယနေ့ ပြင်သစ်နိုင်ငံ အကုန်နီးပါး၊ ဒုတိယအပိုင်းမှာ ယနေ့ ဂျာမနီနိုင်ငံ အကုန်နီးပါး၊ တတိယအပိုင်းမှာ ပြင်သစ်ဂျာမနီ နောင်ဖက်နယ်စပ်တစ်လျှောက် နှင့် အီတလီမြောက်ပိုင်း ဒေသများ ဖြစ်သည်။[]

ရှင်းလင်းချက်မှတ်စု

[ပြင်ဆင်ရန်]
  1. Alternative birth years for Charlemagne include 742 and 747. There has been scholarly debate over this topic, see § Birth and early life. For full treatment of the debate, see Nelson 2019, pp. 28–29. See further Karl Ferdinand Werner, Das Geburtsdatum Karls des Großen, in Francia 1, 1973, pp. 115–157 (online 17 November 2013 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .);
    Matthias Becher: Neue Überlegungen zum Geburtsdatum Karls des Großen, in: Francia 19/1, 1992, pp. 37–60 (online 17 November 2013 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .)
  2. လက်တင်: Karolus Magnus
  3. အင်္ဂလိပ်: Charles the Great, lit.'မဟာရှားလမိန်း'
  4. အင်္ဂလိပ်: Charlemagne, /ˈʃɑːrləmn/ shar--mayn
  5. လက်တင်: Carolus Augustus

ကိုးကား

[ပြင်ဆင်ရန်]
  1. ဒေါက်တာသန်းထွန်းကျော်စွာ ၁၀၀