မာတိကာသို့ ခုန်သွားရန်

ရှမ်းနီလူမျိုး

ဝီကီပီးဒီးယား မှ

ရှမ်းနီလူမျိုး (အင်္ဂလိပ်: Tai Laeng) သို့မဟုတ် တိုင်းလျန် (ရှမ်းနီ: တႆးလꧥင်; ရှမ်း: တႆးလႅင်) သည် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသများတွင် ပျံ့နှံ့နေထိုင်ကြသော တိုင်လူမျိုးစုဝင် တိုင်းရင်းသားများ ဖြစ်ကြသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားဝင် အသိအမှတ်ပြု တိုင်းရင်းသား (၁၃၅) မျိုးတွင် ပါဝင်ပြီး ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်ဝှမ်းနှင့် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်တွင် အခြေချနေထိုင်ကြသည်။[]

ရှမ်းနီ (တိုင်းလျန်)
တႆးလꧥင်
ရှမ်းနီလူမျိုးများ (၁၉၀၀ ပြည့်နှစ်ဝန်းကျင် သရုပ်ဖော်ပုံ)
လူဦးရေ စုစုပေါင်း
၃,၀၀၀,၀၀၀ (ခန့်မှန်း)
အများစု နေထိုင်သည့် နေရာ
 မြန်မာ
ဘာသာစကား
ရှမ်းနီဘာသာစကားမြန်မာဘာသာစကား
ကိုးကွယ်မှု
ထေရဝါဒဗုဒ္ဓဘာသာ
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
ရှမ်းမောရှမ်းခန္တီးရှမ်း နှင့် အခြားတိုင်နွယ်ဖွားများ
အင်းတော်ကြီးရေကန်ဘုရား

ရှမ်းနီလူမျိုးများသည် မြန်မာပြည်အထက်ပိုင်းရှိဒေသများတွင် ကျယ်ပြန့်စွာ နေထိုင်ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကောလင်းဝန်းသိုထီးချိုင့်ပင်လည်ဘူးအင်းတော်ဗန်းမောက်ကသာကလေးတမူးမော်လိုက်ဖောင်းပြင်ဟုမ္မလင်း နှင့် သောင်သွပ်ဒေသ။ ကချင်ပြည်နယ်တွင် မိုးညှင်းမိုးကောင်းဗန်းမော်အင်းတော်ကြီးမြစ်ကြီးနားဝိုင်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ဟိုပင်၊ ဟောင်ပါး၊ လုံးခင်း၊ တာမခံ နှင့် ဖားကန့်ဒေသ။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ရှမ်းနီတို့၏ သမိုင်းသည် တိုင်နွယ်ဖွားများ မြန်မာနိုင်ငံအထက်ပိုင်းသို့ အစုလိုက်အပြုံလိုက် စတင်ဝင်ရောက်လာသည့် အေဒီ ၆ ရာစုနှင့် ၇ ရာစုဝန်းကျင်ကတည်းက စတင်ခဲ့သည်ဟု ယူဆရသည်။ အထူးသဖြင့် အေဒီ ၁၂ ရာစုနှင့် ၁၃ ရာစုများတွင် ထွန်းကားခဲ့သော မိုင်းမောလုံ (Moung Mao) နှင့် တိုက်ရိုက်ဆက်နွှယ်နေသည်။ ရှမ်းနီတို့သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းနှင့် ချင်းတွင်းမြစ်ဝှမ်းတစ်လျှောက်တွင် အခြေချခဲ့ကြပြီး မိမိတို့ကိုယ်ကို "တိုင်းလျန်" (တိုင်း = လူမျိုး၊ လျန် = နီသော/လင်းသော) ဟု ခေါ်ဆိုခဲ့ကြသည်။

ရှမ်းနီလူမျိုးများသည် သမိုင်းတစ်လျှောက်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပဒေသရာဇ်နယ်မြေငယ်များကို တည်ထောင်ခဲ့ကြသည်။ မိုင်းခမ်း (ဟုမ္မလင်း) ချင်းတွင်းမြစ်ဝှမ်းရှိ အရေးပါသော စော်ဘွားနယ်။ သောင်သွပ်၊ ရှေးယခင်က သောင်သွပ်စော်ဘွားသည် မြန်မာဘုရင်များနှင့် ရင်းနှီးသော ဆက်ဆံရေးရှိခဲ့သည်။ဝန်းသို၊ ဝန်းသိုစော်ဘွား ဦးအောင်မြတ်သည် ဗြိတိသျှနယ်ချဲ့ကို တော်လှန်ခဲ့သော ထင်ရှားသည့် ရှမ်းနီခေါင်းဆောင်တစ်ဦး ဖြစ်သည်။မိုးညှင်းနှင့် မိုးကောင်းဒေသများသည် တစ်ချိန်က ရှမ်းတို့၏ အင်အားကြီးမားသော ဗဟိုချက်များဖြစ်ခဲ့ပြီး ရှမ်းနီတို့ အခြေချရာ အဓိကဒေသများ ဖြစ်သည်။

ရှမ်းနီလူမျိုးများသည် အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်တစ်လျှောက် မြန်မာဘုရင်များနှင့် အနီးကပ်ဆုံး ရှိခဲ့သော ရှမ်းမျိုးနွယ်စုများဖြစ်သည်။ မြန်မာဘုရင့်တပ်တော် အတွင်း ရှေ့တန်းမှ ပါဝင်ခဲ့ကြပြီး နန်းတွင်းယဉ်ကျေးမှု ဖလှယ်မှုများတွင်လည်း အဓိကကျခဲ့သည်။ ထို့ကြောင့် ရှမ်းနီတို့၏ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှုနှင့် ဘာသာစကားတို့တွင် မြန်မာ့ဓလေ့စရိုက်များ အများဆုံး ရောယှက်နေရခြင်း ဖြစ်သည်။

၁၈၉၁ ခုနှစ်တွင် ဝန်းသိုစော်ဘွားနယ် ကျဆုံးပြီးနောက် ဗြိတိသျှတို့သည် ရှမ်းနီဒေသများကို တိုက်ရိုက်အုပ်ချုပ်ရေး (Direct Rule) အောက်သို့ သွတ်သွင်းခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်နှင့် ၁၉၄၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းနီဒေသအများစုမှာ ရှမ်းပြည်နယ်အတွင်း မပါဝင်ဘဲ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းသို့ ခွဲဝေရောက်ရှိသွားခဲ့သည်။

ယနေ့ခေတ်တွင် ရှမ်းနီလူမျိုးများသည် မိမိတို့၏ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ဘာသာစကား၊ စာပေနှင့် ရိုးရာယဉ်ကျေးမှုများကို ပြန်လည်ဖော်ထုတ်ရန် ကြိုးပမ်းလျက်ရှိသည်။ "တိုင်းလျန်" ဟူသော အမည်နာမနှင့်အတူ လူမျိုးစုဆိုင်ရာ ဝိသေသလက္ခဏာကို ပိုမိုခိုင်မာအောင် တည်ဆောက်နေကြပြီး၊ နှစ်စဉ် ရှမ်းနီအမျိုးသားနေ့ ပွဲတော်များကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ဘာသာစကားနှင့် စာပေ

[ပြင်ဆင်ရန်]

ရှမ်းနီဘာသာစကားသည် ခရာ-ဒိုင် ဘာသာစကားများ (Kra-Dai languages) အုပ်စုတွင် ပါဝင်သည်။ ရှေးယခင်က ကိုယ်ပိုင်စာပေ ခိုင်ခိုင်မာမာ ရှိခဲ့ပြီး အင်းတော်ကြီးသမိုင်းကဲ့သို့သော မှတ်တမ်းများကို ရှမ်းနီဘာသာဖြင့် ရေးသားခဲ့ကြသည်။ သို့သော် ယနေ့ခေတ်တွင် မြန်မာဘာသာစကား လွှမ်းမိုးမှုနှင့် လေ့လာသူ နည်းပါးမှုကြောင့် ရှမ်းနီစာပေနှင့် ဘာသာစကားမှာ တိမ်ကောပျောက်ကွယ်လုနီးပါး အခြေအနေသို့ ရောက်ရှိနေသည်။[] ၎င်းတို့နေထိုင်ရာ ဒေသရှိ တောတောင်ရေမြေ အမည်အများစုမှာ မူလက ရှမ်းအမည်များဖြစ်သော်လည်း ကာလရွေ့လျောလာသောအခါ မြန်မာသံပေါက်ကာ ပြောင်းလဲသွားခဲ့သည်။

ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ

[ပြင်ဆင်ရန်]

ရှမ်းနီလူမျိုးတို့၏ ယဉ်ကျေးမှုသည် မြန်မာ့ယဉ်ကျေးမှုနှင့် အလွန်နီးစပ်သည်။ ၎င်းတို့သည် ထေရဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး ဘာသာရေးနှင့် ဆက်စပ်သော ပွဲလမ်းသဘင်များကို မြန်မာ့ဓလေ့အတိုင်း ကျင်းပကြသည်။

ရိုးရာအစားအစာများ

[ပြင်ဆင်ရန်]

ရှမ်းနီတို့၏ ထူးခြားသော ရိုးရာအစားအစာများမှာ-

  • ပေါင်းတင်း၊ ခေါပုပ်
  • ငါးချဉ်၊ ညောင်ချဉ်
  • မုန့်ညင်းပေါင်း၊ မုန့်ညင်းလှော်၊ မုန့်ညင်းချဉ်
  • မြစ်ရေစိမ်၊ မြစ်ချဉ် နှင့် မှိုချဉ် တို့ဖြစ်ကြသည်။[]

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  1. Yoshihiro Tsubouchi, The Tai Languages of Myanmar, Journal of Southeast Asian Studies, 2019.
  2. 1 2 https://www.shanstategovernment.com/tine-loe-tine-lu-tine-lynn/

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]