မာတိကာသို့ ခုန်သွားရန်

ရှင်သုဇာတ (ရွှေလှံဆရာတော်)

ဝီကီပီးဒီးယား မှ

ရှင်သုဇာတ (၁၂၀၈ - ၁၂၉၀) သည် “ရွှေလှံဆရာတော်” ဟု ထင်ရှားခဲ့သည့် ဆရာတော်တစ်ပါး ဖြစ်သည်။[]

ဆရာတော်ကို ၁၂၀၈ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်နေ့တွင် တန့်ဆည်မြို့နယ်၊ လင်္ကတောအုပ်စု ရွှေလှံရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ပြန့် ဖြစ်သည်။ မိဘနှစ်ပါးမှာဦးအုန်း-ဒေါ်ချို ဖြစ်သည်။

ငယ်စဉ်အခါက မင်းကုန်းရွှေကျောင်းဆရာတော် ရှင်စန္ဒာဘိလင်္ကာရထံတွင် ပညာများ သင်ကြား၍ အရွယ်ရောက်သည့်အခါ ရှင်ဂန္ဓမာကို ဥပဇ္ဈာယ်ပြု၍ “ရှင်သုဇာတ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။

ဆရာတော်သည် သင်္ဂဇာဆရာတော်၏ တပည့် ပုလဲတောရတိုက်နေ ရှင်ဥတ္တမာဘိလင်္ကာရထံတွင် ပိဋကတ်ကို ဆည်းပူး၍ ထန်းတပင်မြို့နယ် မှန်သာတိုက်၌ သီတင်းသုံးတော်မူခဲ့သည်။ ၁၂၅၀ ပြည့်နှစ်တွင် ရွှေလှံရွာသို့ ကြွရောက်သီတင်းသုံးခဲ့သည်။[]

ပျံလွန်တော်မူခြင်း

[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၉၀ ပြည့်နှစ်၊ သီတင်းကျွတ်လဆုတ် ၄ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၇၄၊ ၁၇၅။