ရှင်သီရိမာလာ
ရှင်သီရိမာလာ (၁၁၃၁ - ၁၁၉၄) သည် “မင်းရွာဆရာတော်” ဟု ထင်ရှားသည့် ဆရာတော်တစ်ပါး ဖြစ်သည်။[၁]
ဘဝ
[ပြင်ဆင်ရန်]ဆရာတော်ကို ၁၁၃၁ ခုနှစ်တွင် မတ္တရာမြို့၌ ဖွားမြင်ခဲ့သသည်။ ငယ်စဉ်ကပင် သာမဏေပြုခဲ့သည်။ ဘွဲ့တော်မှာ “ရှင်သီရိ” ဖြစ်သည် အရွယ်ရောက်သည့်အခါ “ရှင်သီရိမာလာ” ဟူသည့်ဘွဲ့ဖြင့် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သည်။ ဆရာတော်သည် ကျမ်းဂန်များကို လွန်စွာ တတ်မြောက်သည်။ မင်းရွာဆရာတော်ကြီး၏ တပည့်ရင်း ဖြစ်သည်။
မင်းရွာကျောင်းတိုက် အရှေ့တောင်ထောင့်တွင် သီတင်းသုံးခဲ့သည်။ မြို့တော်ကြီးတွင် မီးဘေးသင့်ပြီးနောက် ဒါယကာတို့က ကျောင်းဆောက်လုပ်လှူဒါန်းလို၏။ သို့သော် ဆရာတော်သည် တောသို့ကြွကာ တောရဆောက်တည်ခဲ့သည်။
ထိုနောက်တွင် တပည့်တို့က ပင့်ဆောင်ကာ စဉ့်ကူးမြို့ ဝဲကြီးအရပ်တွင် တိုက်တာတည်၍ ကျောင်းဆောက်လုပ်လှူဒါန်းခဲ့သည်။ ရတနာပုရစတုတ္ထမြို့တည် မင်းတရားကြီးလက်ထက် နေပြည်တော်သို့ ပင့်ဆောင်တော်မူခဲ့ေသာ်လည်း ဆရာတော်သည် မေတ္တာရပ်ခံ၍ နေရင်းကျောင်းတွင်သာ သီတင်းသုံးခဲ့သည်။[၁]
ပျံလွန်တော်မူခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် ၁၁၉၄ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]