ရှင်ဝါယမ
ရှင်ဝါယမ (၁၂၃၅ − ၁၃၀၉) သည် “ရွှေဟင်္သာတောရစံကျောင်းဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်းပြုဆရာတော်တစ်ပါး ဖြစ်သည်။[၁]
ဘဝ
[ပြင်ဆင်ရန်]ဆရာတော်ကို ၁၂၃၅ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ဗုဒ္ဓဟူးနေ့တွင် ပဲခူးခရိုင်၊ ကျောက်တန်းရွာ၌ ဖွားမြင်ခဲ့သည်။ မိဘနှစ်ပါးမှာ လှေသူကြီး ဦးအောင်လှ − ဒေါ်အောင်တို့ ဖြစ်သည်။
ငယ်စဉ်အခါက ဘုန်းကြီးကျောင်းတွင် စာပေများ သင်ကြားခဲ့သည်။ ရန်ကုန်မြို့၊ ပုဇွန်တောင် အစိုးရကျောင်းတွင် ခေတ်ပညာများ သင်ကြားခဲ့သည်။ ၁၇ နှစ်သားအရွယ်တွင် သာမဏေပြုခဲ့သည်။
ထို့နောက် စာပေများ ဆက်လက်သင်ကြားခဲ့ပြီး “ရှင်ဝါယမ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ ကျောင်းတော်ရာဆရာတော်ကြီး၏ တပည့်ဖြစ်သူ ယွန်းကျောင်းဆရာတော်ထံတွင် စာပေများ သင်ကြားခဲ့သည်။
၃၉ ဝါအရတွင် ညောင်တုန်းမြို့၊ ရွှေဟင်္သာတောရတိုက်၌ သီတင်းသုံးတော်မူခဲ့သည်။ ဆရာတော်သည် “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်တော်ကို ရခဲ့သည်။[၁]
ပျံလွန်တော်မူခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် ၁၃၀၉ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]
ပြုစုခဲ့သည့် ကျမ်းများ
[ပြင်ဆင်ရန်]ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည်။
၁။ သုဗောဓာလင်္ကာရအလင်္ကာနိသျ (၁၂၉၄)၊
၂။ အပရိဟာနိယအဖွင့်၊
၃။ ကမ္မဋ္ဌာနဝိနိစ္ဆယ၊
၄။ စေတိယဝိနိစ္ဆယ၊
၅။ ပရိဝါသမာနတ္တာဒိဝိနိစ္ဆယ၊
၆။ လောကနီတိဖွင့်အကျယ်လက်စွဲ။
၆။ လောကနီတိဖွင့်အကျယ်လက်စွဲ။
၇။ ကံ ဉာဏ် ဝီရိယ အကျယ်လက်စွဲကျမ်း
၈။ မင်္ဂလာဖွင့်အကျယ် လက်စွဲကျမ်း
၉။ မေတ္တာဖွင့် အကျယ်လက်စွဲကျမ်း
၁၀။ သမ္ပဒါဖွင့် အကျယ်လက်စွဲကျမ်း
၁၁။ လူ့ကျင့်ဝတ်(ဂိဟိဝိနယစာတမ်း)
၁၂။ ယထာဘူတဝိနိစ္ဆယ ခေါ် ဟုတ်တိုင်းမှန်ရာ ဆုံးဖြတ်လွှာ [၁]