ရှင်မုနိန္ဒ (မင်းကွန်းဆရာတော်)

ဝီကီပီးဒီးယား မှ

ရှင်မုနိန္ဒ (မင်းကွန်းဆရာတော်[မှတ်စု ၁]ဟုလည်း သိကြသည်) (၁၁၂၃ - ၁၂၁*) သည် ဆင်ဖြူရှင်မင်းတရားလက်ထက်တွင် ထင်ရှားသည့် ဆရာတော် ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၂၁ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက်နေ့တွင် ရတနပုရအဝမြို့တော် ဈေးငယ်ပိုးတန်းရပ်တွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ ခွေးဖြူ ဖြစ်သည်။ မိဘများမှာ ဦးထွေးနှင့် ရှင်မှန်ညိုတို့ ဖြစ်ကြသည်။ အင်းဝပျက်သည့်အခါ နန်းတော်ရှေ့အရပ်တွင် ပြောင်းရွှေ့နေထိုင်သည်။

ငယ်စဉ်တွင် ပဒုံကျောင်းတိုက်တွင် ပဲခင်းကျော်ဆရာတော်ထံမှ ပညာများ သင်ကြားခဲ့သည်။

အသက် ၂၁ နှစ်အရွယ်တွင် ရှင်မုနိန္ဒဟူသည့်ဘွဲ့ဖြင့် ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့သည်။ ဆရာတော်သည် ရွှေမြင်တင်တောင်ခါးပန်း ရွှေမြင်တင်ဘုရားအနီးတွင် တိုက်တာတည်၍ သီတင်းသုံးခဲ့သည်။ အင်းဝမြို့၊ သဌေးရပ်တွင် မဟာဇောတိကသူဌေးသည် ကျောင်းဆောက်လုပ်ကာ လှူဒါန်းခဲ့သည်။

ဆရာတော်သည် စလင်းသာသနာပိုင်ဆရာတော်ဘုရားကြီး လက်ထက်တွင် မုနိန္ဒာဘိဃောသမဟာဓမ္မရာဇဂုရု တံဆိပ်တော် ရခဲ့သည်။ အမရပူရဒုတိယနန်းတည် မင်းလက်ထက်တွင် မုနိန္ဒာဘိဃောသ သီရိသဒ္ဓမ္မဓဇမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်ကို ရခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရတော်သည် သက်တော် ၉၀ အရွယ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ပြုစုခဲ့သည့် ကျမ်းများ[ပြင်ဆင်ရန်]

ဆရာတော်သည် ဓာတုဝိဘာဒီပနီကျမ်းကို ပြုစုစီရင်ခဲ့သည်။[၁]

မှတ်စု[ပြင်ဆင်ရန်]

  1. မင်းကွန်းဆရာတော်၏ ဘွဲ့မှာ စလင်းသာသနာပိုင်ဆရာတော်၏ ဘွဲ့နှင့် တူပေသည်။ သို့ရာတွင် တံဆိပ်တော် ကွဲလွဲသည်ကို သတိပြုသင့်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။