ရှင်မဖြူကျွန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရှင်မဖြူကျွန်းက အင်္ဂလိပ်လို Shapuree (ရှပူရီ) လို့ခေါ်သည်။ နတ်မြစ်ဝပေါ်တွင် ရှိသည်။ မြန်မာပြည်နဲ့ ပိုနီးပြီး မြန်မာပိုင်ဖြစ်သည်။

ခရစ်နှစ် ၁၈၂၄-ခုနှစ်တွင် ပထမ အင်္ဂလိပ် - မြန်မာစစ် စတင်ဖြစ်ပွားခဲ့သည်။ ကုန်းဘောင်ခေတ်ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရှင်မဖြူကျွန်းကိစ္စနှင့် ပတ်သက်၍ အငြင်းပွားရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခရစ်နှစ် ၁၈၂၆-ခုနှစ်တွင် ရန္တပိုစာချုပ်ချုပ်ဆိုပြီး စစ်ပွဲပြီးဆုံးသည်။

နယ်စပ်မှ ပြဿနာများ[ပြင်ဆင်ရန်]

အထက်ကတင်ပြသလို ရခိုင်၊ အာသံနဲ့ မဏိပူရ တို့က မြန်မာအုပ်ချုပ်မှုအောက်ရောက်နေတော့ အင်္ဂလိပ်အုပ်ချုပ်နေတဲ့ ဗြိတိသျှ-အန္ဒိယ နဲ့ နယ်စပ်ထိစပ်နေပြီ ဖြစ်တဲ့အတွက် မဖြစ်မနေ ရင်ဆိုင်လာရတာက နယ်မြေချင်းထိစပ်တဲ့ နေရာတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နယ်ခြားမျဉ်းကိစ္စ၊ ဟိုဘက်ဒီဘက် ကျူးကျော်ဝင်ရောက်မှု စတဲ့ ပြဿနာတွေဖြစ်တယ်။ အဲ့သလို ဖြစ်စဉ်တစ်ခုမှာ အရှေ့အန္ဒိယကုမ္မဏီက ဆင်ဖမ်းသမားတွေ မြန်မာ့ပိုင်နက်ထဲ ဝင်လာလို့ မြန်မာဘက်က ဖမ်းထားလိုက်တယ်။ အဲ့ဒါကို အကြောင်းပြုပြီး နှစ်ဘက်တင်းမာ နေတဲ့ အချိန် ၁၈၂၃ စက်တင်ဘာ မှာ မြန်မာက အင်္ဂလိပ်စစ်တပ်ငယ်တစ်ခု တပ်စွဲထားတဲ့ ရှင်မဖြူကျွန်းကို တက်သိမ်းတယ်။ အဲ့သလို တက်သိမ်းတော့ အင်္ဂလိပ်က ရှင်မဖြူကျွန်းကနေ မြန်မာတပ်တွေ ဆုတ်ခွာပေးဖို့ တောင်းဆိုတယ်။ ပြီးတော့ နောင် နယ်စပ်ပဋိပက္ခ မဖြစ်အောင် နယ်စပ်မျဉ်း အတိအကျ ဆွဲဖို့ဆိုပြီး ကိုယ်စားလှယ်နှစ်ယောက် လွှတ်လိုက်တယ်။ လွှတ်လိုက်တဲ့ ကိုယ်စားလှယ် နှစ်ယောက်ကိုပါ မြန်မာဘက်က ဖမ်းထားလိုက်တယ်။ အဲသလိုနဲ့ နှစ်ဘက် နယ်စပ်ပဋိပက္ခတွေက ပိုကြီးထွားလာတယ်။

၁၈၂၄ နှစ်ဆန်းမှာပဲ အင်းဝနေပြည်တော်က စစ်သူကြီး သတိုးသီရိ မဟာဥဇန (နာမည်အမှတ်မှားနိုင်တယ်) ကို အင်္ဂလိပ် အုပ်ချုပ်နေပြီဖြစ်တဲ့ ကချာနယ်၊ ဂျိန်းတိယနယ်ထဲ အထိလိုက်ပြီး ရခိုင်၊ အာသံနဲ့ မဏိပူ တော်လှန်ရေးတပ် (သူပုန်တပ်) တွေကို နှိမ်နင်းဖို့ လွှတ်လိုက်တယ်။ အင်္ဂလိပ်ကလည်း သူတို့ရဲ့ တပ်တွေကို မြန်မာတပ်နဲ့ ရင်ဆိုင်ဖို့ လွှတ်တော့ ကချာနယ်မှာ ရင်ဆိုင်တိုက်ပွဲတွေ စဖြစ်တယ်။ အဲ့သလိုနဲ့ နယ်စပ် ပြဿနာကို အကြောင်းပြုပြီး အင်္ဂလိပ်-မြန်မာ ပထမစစ်ကို ၁၈၂၄ မတ်လ၊ ၅ ရက်နေ့မှာ တရားဝင် စဖြစ်တယ်။

အင်္ဂလိပ်ဘက်က စစ်တိုက်ချင်တဲ့ အကြောင်းများ[ပြင်ဆင်ရန်]

(ဒီနေရာမှာ သတိပြုစေချင်တာက မြန်မာဘုရင်က အထက်မှာ တင်ပြသလို အင်္ဂလိပ်အုပ်ချုပ်တဲ့ ဒေသတွေနဲ့ နယ်စပ်ချင်းထိတဲ့ အထိ နယ်မချဲ့ဘဲနေလည်း အင်အားကြီးမားနေပြီဖြစ်တဲ့ အင်္ဂလိပ်က (အဲ့အချိန်မှာ အင်္ဂလိပ်က ကမ္ဘာမှာ နပိုလီယံရဲ့ ပြင်သစ်အင်ပါယာကိုလည်း နိုင်ပြီးဖြစ်) တဖြည်းဖြည်းနဲ့ နယ်စပ်က နိုင်ငံငယ်လေးတွေကို သိမ်းပြီး တစ်ချိန်ချိန်မှာ မြန်မာပြည်ကိုလည်း သိမ်းမှာဖြစ်တယ်။)

အင်္ဂလိပ်ဘက် က စစ်တိုက်ချင်တဲ့ အဓိက အကြောင်းများ[ပြင်ဆင်ရန်]

  1. ကုန်ကြမ်းရှာလို့ရတဲ့၊ ကုန်ချောပြန်ရောင်းလို့ရတဲ့ ဈေးကွက် လိုချင်မှု၊
  2. ပထဝီနိုင်ငံရေး၊
  3. မိမိရဲ့ အကျိုးစီးပွား နဲ့ အကျိုးစီးပွားဖြစ်နေတဲ့ နယ်ပယ်ကို ကာကွယ်လိုမှု၊
  4. အင်ဂလို-ဖရန်းစစ် အားပြိုင်မှု၊

(အဲ့အချိန်မှာ ပြင်သစ်ကလည်း မြန်မာမင်းတွေနဲ့ အဆက်အဆံရှိနေပြီ ဖြစ်တယ်။ အထူးသဖြင့် ပြင်သစ်သင်္ဘောတွေ မြန်မာ့ပင်လယ်ဆိပ်ကမ်းတွေမှာ အသုံးချခွင့်ရသွားမှာ စိုးရိမ်တယ်။)

  1. လတ်တလောဖြစ်နေတဲ့ နယ်စပ် ပဋိပက္ခများ

မြန်မာဘုရင်ဘက်မှ စစ်တိုက်ဖြစ်စေတဲ့ အကြောင်းများ[ပြင်ဆင်ရန်]

  1. အင်းဝနေပြည်တော် အင်ပါယာကို အနောက်ဘက်မှာ ဆက်လက်ချဲ့ထွင်လိုမှု၊
  2. နိုင်ငံငယ်လေးတွေကို အစဉ်အဆက် နိုင်နေကျ ဖြစ်တဲ့အတွက် အခြားမည့်သည့် နိုင်ငံနှင့်မဆို မိမိအလိုကျ ဆက်ဆံနိုင်ဟု ယူဆမှု၊
  3. ဘကြီးတော် လက်ထက် အာဏာထက်နေတဲ့ ပုဂ္ဂိုလ်များရဲ့ မိမိအင်အားကို အထင်ကြီးမှု၊
  4. နိုင်ငံတကာမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို မသိတော့ အင်္ဂလိပ်ရဲ့ အင်အားကို မှန်မှန်ကန်ကန် မသုံးသပ်တတ်မှု၊
  5. ပထဝီနိုင်ငံရေးကို မသိမှု၊
  6. လတ်တလောဖြစ်နေတဲ့ နယ်စပ် ပဋိပက္ခများ၊

စစ်ပွဲစတင်ဖြစ်စ နှစ်ဘက် အနိုင်၊ အရှုံး အခြေအနေ[ပြင်ဆင်ရန်]

ရခိုင်၊ အာသံနဲ့ မဏိပူနယ်စပ်တွေမှာ စစ်စတင်ဖြစ်တော့ မြန်မာက အဲ့ဒီဒေသတွေမှာ စစ်တိုက်နေတာ ဆယ်စုနှစ်တွေနဲ့ချီ ကြာနေပြီဆိုတော့ (လက်နက် မယှဉ်နိုင်ပေမဲ့) ရေမြေကျွမ်းကျင်မှုကြောင့် တပန်းသာတယ်။ မဟာဗန္ဒုလက အင်္ဂလိပ်ကို တိုက်ရာမှာ စစ်မျက်နှာနှစ်ခု ဖွင့်ပြီးတော့ တိုက်ဖို့ ဆုံးဖြတ်တယ်။ ရခိုင်မှ တဆင့် ဘင်္ဂလားရဲ့ အရှေ့တောင်ပိုင်းဖြစ်တဲ့ စစ်တကောင်းကို သိမ်းမဲ့ ထိုးစစ်ရယ်၊ ကချာ၊ ဂျိန်းတိယနယ်တွေမှ တဆင့် ဘင်္ဂလားရဲ့ မြောက်ပိုင်းဖြစ်တဲ့ Sylhet ကို သိမ်းမဲ့ ထိုးစစ်ရယ် ဖြစ်တယ်။ မဟာဗန္ဒုလက ရခိုင်စစ်မျက်နှာကို သူကိုယ်တိုင် ဦးစီးပြီးတော့ ကချာ၊ ဂျိန်းတိယ စစ်မျက်နှာကိုတော့ သတိုးသီရိ မဟာဥဇန (နာမည်အမှတ်မှားနိုင်တယ်) ကို ဦးစီးစေတယ်။ သတိုးသီရိ မဟာဥဇနရဲ့ တပ်က စစ်တရားဝင် မဖြစ်ခင်ကတည်းက ကချာ၊ ဂျိန်းတိယနယ်မှာ အင်္ဂလိပ်တပ်ကို နိုင်ပြီး ဖြစ်တယ်။ အဲ့တော့ သူ့ကို Sylhet ထိ ဆက်သိမ်းစေတယ်။

မဟာဗန္ဒုလဦးစီးတဲ့ ရခိုင်စစ်မျက်နှာမှာ မြဝတီမင်းကြီး ဦးစက စစ်တရားဝင်စဖြစ်ပြီး လပိုင်းအတွင်းမှာပဲ သူ့တပ်ကို ကော့ဘဇား (Cox’s Bazzar) အရှေ့ဘက် (၁၀) မိုင်အကွာအထိ သိမ်းနိုင်တယ်။ နောက်ပိုင်း မဟာဗန္ဒုလ တပ်ကိုစောင့်ပြီး တပ်နှစ်တပ်ပေါင်းကာ ကော့ဘဇားကို ဆက်သိမ်းတယ်။ စစ်တကောင်း (Chittagong) နဲ့ ကုမ္မဏီ ဌာနချုပ် ရှိတဲ့ ကာလကတ္တား (Calcutta) မှာ အင်္ဂလိပ်တွေက ကော့ဘဇားကျ သွားတဲ့ သတင်းကြောင့် တော်တော် ထိန်လန့် တုန်လှုပ်ကုန်ကြတယ်။ တကယ်လည်း အဲ့အချိန်မှာ ဗန္ဒုလ တပ်က ဆက်ချီတက်မယ်ဆိုရင် စစ်တကောင်းတင်မက ကာလကတ္တားကိုပါ သိမ်းနိုင်တဲ့ စစ်ရေး အသာရမှုမျိုး မြန်မာဘက်မှာ ရှိတယ်။ ဒါပေမဲ့ ဗန္ဒုလက ရန်သူ့နယ်ထဲ တအားဝင်သွားမှာကို မလိုလားတော့ မြဝတီမင်းကြီး တပ်ကို စစ်တကောင်းထိ ဆက်မချီတော့ဖို့ အမိန့်ပေးလိုက်တယ်။

စစ်ပွဲ အလယ်နှင့် အဆုံးသတ်[ပြင်ဆင်ရန်]

ဗန္ဒုလရဲ့ စစ်တကောင်းထိ တက်မသိမ်းဖို့ ဆုံးဖြတ်ချက်ဟာ တစ်ဘက်က အင်္ဂလိပ်တပ် ပြည်မကို ဝင်တော့ ကိုယ့်တပ်ကို အမြန် ပြန်ဆုတ်နိုင်ခဲ့တဲ့ အကျိုးရလဒ်ရခဲ့ပေမဲ့ အခြားတစ်ဘက်အနေနဲ့ နောက်ဆုံး စစ်ရှုံးလို့ အင်္ဂလိပ်နဲ့ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဖို့ ဆွေးနွေးတော့ အရင်က စစ်တကောင်းကိုပါ သိမ်းပြီး ကာလကတ္တားကိုပါ ထိထိရောက်ရောက် တကယ် ခြိမ်းခြောက်နိုင်ခဲ့ရင် စာချုပ်အရ (စစ်ရှုံးလို့) အင်္ဂလိပ်ကို ပေးရမဲ့ ဒေသ စကားပြောရာမှာ မြန်မာဘက်က အသာစီးရနိုင်မယ်လို့လည်း တချို့ သမိုင်းပညာရှင်တွေက သုံးသပ်ခဲ့ကြတယ်။

စစ်ပွဲအစ ရခိုင် စစ်မျက်နှာမှာ အင်္ဂလိပ်က မြန်မာကို (လက်နက်သာပေမဲ့လည်း) ဒေသ မကျွမ်းကျင်မှု၊ ရာသီဥတု အခက်အခဲ စတဲ့ သဘာဝအတားအဆီးတွေကြောင့် ဘယ်လိုမှ မယှဉ်နိုင်ခဲ့တော့ အင်္ဂလိပ်က ဗျူဟာပြောင်းပြီး ရေလမ်းမှတဆင့် မြန်မာ ပြည်မကို ဝင်ခဲ့တယ်။ မြန်မာမှာ ခေတ်မှီတဲ့ စစ်ရေးအမြင် မရှိတော့ အင်္ဂလိပ်တွေ ရေလမ်းကနေ ဝင်လာနိုင်တယ်ဆိုတာကို ကြိုမတွက်မိခဲ့ဘူး။ နောက်ဆုံး အင်္ဂလိပ်ရေတပ်က စစ်သင်္ဘောတွေ ရန်ကုန်ဆိပ်ကမ်းကို ဝင်လာတော့မှ အံ့ဩတကြီးနဲ့ ပြန်ခုခံခဲ့ရတယ်။ ဘကြီးတော်က ဗန္ဒုလကို ရခိုင်စစ်မျက်နှာက ပြန်ခေါ်ပြီး ရန်ကုန်ကို ခုခံစေတယ်။ ရခိုင်မှာ ဦးစ ကျန်ခဲ့ပြီး ရခိုင်စစ်မျက်နှာကို ထိန်းထားတယ်။

ရန်ကုန်တိုက်ပွဲ ၁၈၂၄ မေမှာ စဖြစ်ပြီး နှစ်ကုန်မှာ မြန်မာ ရှုံးလို့ ရန်ကုန်ကနေ ဆုတ်ပေးလိုက်ရတယ်။ ၁၈၂၅ နှစ်ဆန်းမှာပဲ နာမည်ကျော် ဓနုဖြူ တိုက်ပွဲဖြစ်တယ်။ မြန်မာဘက်က ဦးစီးတိုက်တဲ့ ဗန္ဒုလကျတယ်။ ဗန္ဒုလက သတ္တိပြောင်မြောက်တဲ့ စစ်ဗိုလ်ချုပ်ဖြစ်တော့ စစ်ပွဲရဲ့ အရှိန်အမြင့်ဆုံးဖြစ်နေတဲ့ အချိန်မှာ သူ့ရဲဘော်တွေ အားမငယ်အောင် သူကိုယ်တိုင် စစ်မြေပြင်တလျောက် လမ်းလျှေက်ပြီး အားပေးတယ်။ ဒါပေမဲ့ ထုံးတမ်းစဉ်လာ အဆောင်အယောင်ဖြစ်တဲ့ သွားလေရာ ရွှေထီးမိုးတာကို စစ်မြေပြင်မှာပါ ဆက်ကျင့်သုံးတော့ အင်္ဂလိပ်ဘက်က အလွက်တကူပဲ ဗန္ဒုလရှိတဲ့နေရာကို ခန့်မှန်းနိုင်ပြီး စက်အမြှောက်နဲ့ ပစ်တော့ ကျခဲ့ရရှာတယ်။

အင်္ဂလိပ်က ရန်ကုန်ကို ရပြီးတဲ့နောက် ရခိုင်စစ်မျက်နှာကို ပြန်ဖွင့်တယ်။ ဓနုဖြူမှာ ဗန္ဒုလကျတဲ့ ရက်တစ်ရက်တည်းမှာပဲ ရခိုင်မြို့တော် မြောက်ဦးကနေ မြဝတီမင်းကြီး ဦးစ ဦးစီးတဲ့ မြန်မာတပ် ဆုတ်ပေးလိုက်ရတယ်။ ပြည်မမှာ ဓနုဖြူတိုက်ပွဲပြီးတဲ့နောက် မြန်မာဘက်က ပြည်မှာ အပြင်းအထန် (၁၈၂၅ နှစ်ကုန်ပိုင်း) ခုခံခဲ့တယ်။ ပြည်က ဆုတ်ပေးလိုက်ရပြီးတဲ့နောက်တော့ ၁၈၂၆ နှစ်စမှာ ဘကြီးတော်က အင်္ဂလိပ်တပ် နေပြည်တော် အနီးကို ရောက်လာပြီ ဖြစ်တဲ့ အတွက် စစ်ပြေငြိမ်းဖို့ သဘောတူလိုက်ရတယ်။ ၁၈၂၆ ဖေဖော်ဝါရီ ၂၄ အင်းဝနေပြည်တော်နဲ့ (၄၅)မိုင်အကွာ ရန္တပိုမှာ ရခိုင်၊ တနင်္သာရီ၊ အာသံနှင့် မဏိပူရ အင်္ဂလိပ်ကို ပေးမယ်၊ ကချာနဲ့ဂျိန်းတိယကိုလည်း နောင်မှာ မနှောင့်ယှက်တော့ဘူး၊ စစ်လျော်ကြေးငွေ စတာလင်ပေါင် တစ်သန်းလည်းပေးမယ်၊ သံအဖွဲ့ အပြန်အလှန် ထားရှိမယ်၊ အင်္ဂလိပ်နဲ့ စီးပွားရေးစာချုပ်တွေလည်း ချုပ်မယ် စတဲ့ သဘောတူညီချက်တွေ ပါရှိတဲ့ ရန္တပိုစာချုပ်နဲ့ အင်္ဂလိပ် မြန်မာ ပထမစစ် အဆုံးသတ်ခဲ့တယ်။

ကိုးကား[ပြင်ဆင်ရန်]