ရှင်ပရမ (ဝေယန်သာလွတ်ဆရာတော်)

ဝီကီပီးဒီးယား မှ

ဝေယန်သာလွတ်ဆရာတော် ရှင်ပရမ (၁၁၄၀ - ၁၂၀၅) သည် ထင်ရှားသည့် ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၄၀ ပြည့်နှစ်တွင် ပုခန်းကြီးမြို့၊ မြေခဲတောင်ရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ကြံ ဖြစ်သည်။

အရွယ်ရောက်သည့်အခါ "ရှင်ပရမ" ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ ဆရာတော်သည် ရေစကြိုဆရာတော်ထံတွင် ပညာသင်ကြားခဲ့သည်။ စတုတ္ထမြို့တည်မင်းတရား လက်ထက်တွင် အတွင်းဝန်မောင်သာ၊ သူဌေး မောင်ရွှေတောင်တို့က ကိုးကွယ်ခဲ့သည်။ ဆရာတော်သည် မဟာမြတ်မုနိဘုရားအရှေ့ ဝေယန်သာလွတ်ကျောင်းတွင် သီတင်းသုံးခဲ့သည်။

အမရပူရမြို့သို့ ရောက်သည့်အါ ညီတော်မင်းတရားသား ပုခန်းမင်းက ကိုးကွယ်ခဲ့သည်။ မြို့တော် အရှေ့မြောက်ယွန်းတွင် တိုက်သစ်တည်ကာ ဝါဆိုခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၀၅ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၇၀၊ ၇၁။