ရှင်ပဏ္ဍိတ

ဝီကီပီးဒီးယား မှ

ရှင်ပဏ္ဍိတ (၁၁၄၈ - ၁၂၁+) သည် ဘကြီးတော်မင်းတရားလက်ထက်တွင် “ရွှေတာင်ဆရာတော်” [မှတ်စု ၁] ဟု ထင်ရှားခဲ့သည့် ဆရာတော်ဖြစ်သည်။ [၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၄၈ ခုနှစ်၊ တော်သလင်းလဆန်း ၁၅ ရက်နေ့တွင် တပယင်းမြို့၊ တောင်လက်နဂါးဗိုရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ထွေး ဖြစ်သည်။

အရွယ်ရောက်သည့်အခါ “ရှင်ပဏ္ဍိတ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြုခဲ့သည်။ ဘကြီးတော်မင်းတရားလက်ထက် ရတနပူရ အင်းဝမြို့တွင် မင်းကင်းမြို့စား မင်းသမီးက ကိုးကွယ်ခဲ့သည်။ အမရပူရမြို့သို့ ရောက်သည့်အခါ မြို့အရှေ့တောင်ထောင့်ရှိ ရွှေတောင်ကျောင်းတိုက်တွင် သီတင်းသုံးခဲ့သည်။

ဆရာတော်သည် “ပဏ္ဍိတဓဇ မဟာဓမ္မရာဇဂုရု” တံဆိပ်တော် ရခဲ့သည်။ [၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၁၃ ခုနှစ် နောက်တွင်မှ ပျံလွန်တော်မူခဲ့သည်။ [၁]

မှတ်စု[ပြင်ဆင်ရန်]

  1. ပထမရွှေတောင်ဆရာတော်မှာ ရှင်ဂုဏာစာရ (၁၀၉၂ - ၁၁၇၂) ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၇၅။