မာတိကာသို့ ခုန်သွားရန်

ရှင်ပညာ

ဝီကီပီးဒီးယား မှ

ရှင်ပညာ (၁၁၂၂ − ၁၁၉၇) သည် ဘိုးတော်ဘုရားလက်ထက်အခါက ကတိုးဆရာတော်ဟု ထင်ရှားသည့် ရဟန်းတစ်ပါး ဖြစ်သည်။ ဆရာတော်သည် စပေကျမ်းဂန်များကိုလည်း ပြုစုခဲ့သည်။[]

ဆရာတော်ကို ၁၁၂၂ ခုနှစ်တွင် အလုံမြို့၊ ကတိုးကူတောရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ရွှေကြာ ဖြစ်သည်။ အရွယ်ရောက်သည့်အခါ “ရှင်ပညာ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းပြု၏။

ဘိုးတော်ဘုရား လက်ထက်တွင် သာသနဝံသသီရိဓဇမဟာဓမ္မရာဇာဂုရုတံဆိပ်တော်ကို ရရှိခဲ့သည်။ ဆရာတော်သည် သာသနာပြုဆရာတော် တစ်ကျိပ်နှစ်ပါးတွင် ပါဝင်သည်။[]

ပျံလွန်တော်မူခြင်း

[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းဂန်တို့ကို ပြုစုရေးသားခဲ့သည်။

၁။ အဋ္ဌပါတ်ဇာတ်အဋ္ဌကထာနိသျ၊

၂။ နဝနိပါတ်ဇာတ်အဋ္ဌကထာနိသျ၊

၃။ ပါဌဇာတ်ပါဠိတော်နိသျဟောင်း။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၅၁။