ရှင်ဓာတ်ဝဲဘုရား

ဝီကီပီးဒီးယား မှ

ရှင်ဓာတ်ဝဲဘုရား သည် ထားဝယ်မြို့မြောက်ဘက်ရှိ ထားဝယ် - ရေဖြူသွားကားလမ်း၏ ၇ မိုင်ခန့်ကွာဝေးသည့် မောင်မယ်ရှောင်ရွာတွင် တည်ရှိသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဆင်ဖြူရှင်မဟာနရိန္ဒဘွဲ့ခံမင်းတရား၏ မိဖုရားကြီးသည် ရွှေဥဒေါင်းအဆင်းရှိသည့် ဥဒေါင်းကို နန်းတော်အတွင်း မွေးမြူလိုသဖြင့် မုဆိုးအကျော်အမော် မောင်နွားကို ဖမ်းစေခဲ့သည်။ မောင်နွားသည် ဥဒေါင်းကို ရှာဖွေရင်း ယခုလက်ရှိဘုရားတည်ရှိရာတောင်ပေါ်တွင် ဂီရိပစ္စယရသေ့နှင့် တွေ့၏။ ရေသ့ကြီးသည် တရားဓမ္မဟောကြားရာ မောင်နွားသည် ရသေ့ဝတ်သည်။ ငယ်မည်မှာ မောင်နွားဖြစ်သဖြင့် “ဂေါဝိန္ဒရသေ့” ဟု တွင်သည်။

ဂေါဝိန္ဒရသေ့သည် မှီအုံးတောင်တစ်ဝိုက်ရှိ ရွာများတွင် ဆွမ်းခံ၍ ဝေဿဝဏ္ဏကုန်းအနီးရှိ ရေကန်နံဘေးတွင် ဆွမ်းဘုဉ်းပေးလေ့ရှိသည်။ ထိုရေကန်မှ ငါးခုံးမတစ်ကောင်သည် ရဟန်း၏ကိုယ်မှ အညစ်အကြေးတို့ကို စားရာမှ ပဋိသန္ဓေတည်၏။ ငါးခုံးမသည် သားနှင့်သမီးအမြွှာပူး ဖွားမြင်ခဲ့သည်။

ရသေ့သည် ကလေးငယ်နှစ်ဦးကို ရေကန်နံဘေး၌ တွေ့၍ အဓိဋ္ဌာန်ဖြင့် လက်ညှိုးမှ နို့ထွက်စေကာ ကလေးငယ်နှစ်ဦးကို မွေးမြူ၏။ ရသေ့သည် ယောက်ျားလေးကို ရှင်ဇံနှင့် မိန်းကလေးကို ရှင်ဇောဟု အမည်မှည့်ခဲ့သည်။

သက္ကရာဇ် ၁၅၀ ၌ ရဟန္တာတစ်ပါးသည် ဈာန်ဖြင့်ကြွ၍ ကလေးငယ်နှစ်ဦးသား သာသနာအကျိုးကို ရည်မျှော် မြတ်စွာဘုရား၏ ဓာတ်တော်တစ်ဆူ ပေးသနားခဲ့သည်။ ကလေးငယ်နှစ်ဦးသည် ဓာတ်တော်သည် တစ်ဆူတည်းဖြစ်သဖြင့် လုကြ၏။ ထိုအခါ မွေးစားဖခင်ဖြစ်သည့် ရသေ့ကြီးသည် ရဟန္တာထံ သွား၍ ဓာတ်တော်ကို နှစ်ဆူဖြစ်အောင် အဓိဋ္ဌာန်စေခဲ့သည။ မူလဓာတ်တော်ကို ရှင်ဇံ ရရှိခဲ့ပြီး ဓာတော်ပွားကို ရှင်ဇောရခဲ့သည်။

ရှင်ဇံသည် ရရှိခဲ့သည် ဓာတ်တော်ကို ဘုရားတည်ရန် အဓိဋ္ဌာန်ဖြင့် လွှတ်ရာ ဓာတ်သည်ပျံဝဲလျက်တည်နေ၏။ ထိုနေရာ၌ပင် ဘုရားတည်ခဲ့ပြီး ဓာတ်တော်ပျံဝဲနေသည်ကို အစွဲပြု၍ “ရှင်ဓာတ်ဝဲဘုရား” ဟု တွင်ခဲ့သည်။[၁]

အခြားသိမှတ်ဖွယ်များ[ပြင်ဆင်ရန်]

  • ရှင်ဓာတ်ဝဲဘုရားအနီးတွင် ထိုင်တော်မူဘုရားနှင့် ဘုရားပွင့်တော်မူသည့် ဗောဓိပင်များရှိသည်။ ထို့ပြင် ဉာဏ်တော် (၁၅) ပေခန့် ဖြင့် တနင်္သာရီတိုင်းဒေသကြီး၌ အမြင့်ဆုံး ထိုင်တော်မူ ကျောက်ဆင်းတုတစ်ဆူ ရှိသည်။[၁]
  • ရှင်ဓာတ်ဝဲဘုရားသည် ရှင်ကိုးရှင်ဘုရားများတွင် နံပါတ်စဉ် ၈ ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ "ရှင်ကိုးရှင်" ဘုရားသမိုင်းအကျဉ်းချုပ် (အဋ္ဌမအကြိမ် ed.)။ ရန်ကုန်မြို့: Quality Publishing House။ မေ ၂၀၁၈။