ရှင်ဆံတော်စေတီတော်

ဝီကီပီးဒီးယား မှ
(ရှင်ဆံတော်ဘုရား မှ ပြန်ညွှန်းထားသည်)

ရှင်ဆံတော်စေတီတော် (ကလိန်အောင် ဆံတော်ရှင်စေတီတော် ဟုလည်း ခေါ်) ထားဝယ်မြို့မှ မြောက်ဘက် ထားဝယ်-ရေး ကားလမ်းမှ ၄၇ မိုင်အကွာ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တောင်ပေါ်တွင် တည်ရှိသည့် စေတီတော်တစ်ဆူ ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဂေါတမမြတ်စွာဘုရားသည် ၁၁ ဝါမြောက်တွင် မြောက်ဥတ္တရကုရုကျွန်းမှ ဆွမ်းခံပြန်လာချိန် ဝေမိဿကတောင်အရောက်၌ ဂဝံပတေ့ရသေ့၊ ဒူရကနတ်သား၊ ကုမ္ဘဏ္ဍနတ်ဘီလူးတို့နှင့် တွေ့ခဲ့သည်။ ဘုရားရှင်သည် ဆံတော်သုံးဆူ ပေးသနားခဲ့သည်။ ထို့နောက် ရသေ့၊ နတ်နှင့် ဘီလူးသုံးဦးတို့အား ဝေဿဝဏ္ဏတောင်ကုန်း၌ ရှေးဘုရားသုံးဆူဖြစ်သည့် ကကုသန်၊ ကောဏာဂုံ၊ ကဿပဘုရားတို့၏ ဆံတော်မူတည်ရှိပြီး ထိုဆံတော်များနှင့်အတူ မိမိဆံတော်သုံးဆူကိုပါဌာပနာရန် ဗျာဒိတ်ထားခဲ့သည်။[၁]

ဘုရားရှင်၏ ဗျာဒိတ်အတိုင်းပင် ဝေဿဝဏ္ဏတောင်ကုန်းတွင် စောက် အတောင် ၄၀၊ အနံအလျား အတောင် ၃၀ တူး၍ အင်္ဂတေဖြင့် ချောမွေ့သေသပ်စွာ ပြုလုပ်ကာ ဆံတော်သုံးဆူကို ဌာပနာ၍ ဉာဏ်တော် ၁၅ တောင်ရှိသည့် ကျောက်စေတီကို တည်ခဲ့သည်။ စေတီတော်သည် ဆုတောင်းပြည့်သည့်အတွက် “ဆုတောင်းပြည့်ဆံတော်ရှင်” ဟုလည်း တွင်သည်။[၁]

သမိုင်းမူကွဲ[ပြင်ဆင်ရန်]

ပွင့်တော်မူပြီးသော ဘုရားရှင်များ ဖြစ်ကြသည့် ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဘုရားလေးဆူ၏ ဆံတော်များ (၃) ဆူစီကိန်းအောင်းစံပယ်လျက်ရှိပြီး တစ်ဆယ့်နှစ်ဆူသော ဆံတော်မြတ်များ ကိန်းအောင်းနေသည့် “ကလိန်အောင်ဆံတော်ရှင်စေတီတော်မြတ်ကြီ” ဖြစ်သည်ဟုလည်း အဆိုရှိ၏။[၁]

အခြားသိမှတ်ဖွယ်များ[ပြင်ဆင်ရန်]

  • ဘုရားပွဲတော်ကို တပေါင်းလပြည့်နေ့တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပသည်။
  • ဘုရားပွဲတော်ရက် နီးကပ်လာပါက စေတီတော်သည် နှစ်စဉ် ရောင်ခြည်တော်များ ကွန့်မြူးလေ့ရှိသည်။
  • စေတီတော်ပေါ်ရှိ ကျောက်တုံးပေါ်မှ အံ့ဩဖွယ် ရေထွက်လျက်ရှိသည်။
  • ရှင်ဆံတော် (ခ) ကလိန်အောင်ဆံတော်ရှင်စေတီတော်သည် ရှင်ကိုးရှင်ဘုရားများတွင် နံပါတ် ၉ ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ "ရှင်ကိုးရှင်" ဘုရားသမိုင်းအကျဉ်းချုပ် (အဋ္ဌမအကြိမ် ed.)။ အမှတ် ၅၀၈/၅၁၂ (၂-ခ) ပထမထပ်၊ ကုန်သည်လမ်း (ဆိပ်ကမ်းသာလမ်းထောင့်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့: Quality Publishing House။ မေ ၂၀၁၈။CS1 maint: location (link)