ရှင်ဂုဏာဘိ (တောင်ပေါ်ဆရာတော်)

ဝီကီပီးဒီးယား မှ

ရှင်ဂုဏာဘိ (၁၁၂၈ - ၁၂၁+) သည် “တောင်ပေါ်ဆရာတော်” ဟု ထင်ရှားခဲ့သည့် ဆရာတော် ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၁၂၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက်နေ့တွင် ပင်းတလဲမြို့စီရင်စု အုတ်ဖိုကန်ရွာ၌ ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်ကျော်လှဖြစ်သည်။ မိဘနှစ်ပါးမှာ မောင်ခဲနှင့် ရှင်လှထွန်းတို့ ဖြစ်သည်။

“ရှင်ဂုဏ” ဟူသည့် ဘွဲ့ဖြင့် သာမဏေပြုခဲ့သည်။ အရွယ်ရောက်သည့်အခါတွင် “ရှင်ဂုဏာဘိ” ဟူသည့် ဘွဲ့ဖြင့် ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်။

ဘိုးတော်ဘုရားလက်ထက်တွင် အမရပူရမြို့တော်ကြီးတွင် မင်းရွာဆရာတော်ထံ၌ ပညာသင်ကြားခဲ့သည်။ မင်းရွာတိုက် အရှေ့ဘက်မုခ်အဝင် မြောက်ဘက်ကျောင်းတွင် သီတင်းသုံးခဲ့သည်။ စတုတ္ထမြို့တည် မင်းတရားကြီးလက်ထက်တွင် မြို့တော်၏ အရှေ့မြောက်ထောင့် မဟာအောင်မြေဘုံစံကျောင်းတွင် သီတင်းသုံးခဲ့သည်။ ထို့နောက်တွင် ကျီဝန် မောင်ပါရောက်သည် မုံရွာကျောင်းတိုက်အတွင်း အုတ်ကျောင်းဆောက်လုပ်ကာ လှူဒါန်းခဲ့သည်။

ဆရာတော်သည် ဂမ္ဘီရဓဇမဟာဓမ္မရာဇဂုရု တံဆိပ်တော်ကို ရခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၁၄ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၅၉။