ရှင်ဂုဏသီရိ

ဝီကီပီးဒီးယား မှ

ဗန့်ပိုးဆရာတော် (၁၀၉၃ − ၁၁၆၈) သည် ထင်ရှားသည့် ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို ၁၀၉၃ ခုနှစ်တွင် ဗန့်ပိုးရွာ၌ ဖွားမြင်ခဲ့သည်။ အရွယ်ရောက်သည့်အခါ ရဟန်းပြုသည်။ ဘွဲ့တော်မှာ “ရှင်ဂုဏသီရိ” ဖြစ်သည်။

မြို့တော်၏ မြောက်မျက်နှာ မင်းရွာတိုက်တွင် သီတင်းသုံးတော်မူသည်။ မင်းရွာဆရာတော်ကြီး ပျံလွန်တော်မူသည့်အခါ သာသနာပိုင် မောင်းထောင်ဆရာတော်က မင်းရွာတိုက်အုပ် နိသျည်းဆရာတော် ခန့်အပ်သည်။ ဂုဏသီရိဝံသဓဇမဟာဓမ္မရာဇဂုရုတံဆိပ်တော်ကို ခံယူရသည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၁၆၈ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၃၃။