ရှင်ဂုဏမုနိန္ဒ

ဝီကီပီးဒီးယား မှ

ရှင်ဂုဏမုနိန္ဒသည် မန်လည်သာသနာပိုင်ဟု ထင်ရှားသည့် ဆရာတော် တစ်ပါး ဖြစ်သည်။ ဆေးကျမ်း၊ ဓာတ်ကျမ်း၊ ဗေဒင်ကျမ်းများကို သက္ကတမှ ပါဠိမြန်မာသို့ ပြန်ဆိုခဲ့သည့် ကျမ်းတတ်ဆရာတော် တစ်ပါး ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

ဆရာတော်ကို သက္ကရာဇ် ၁၀၇၆ ခုနှစ်တွင် သစိုးမန်လည်ရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ ဦးသာကြီး ဖြစ်သည်။ ရှင်မဏေဘွဲ့မှာ ရှင်ဂုဏဟူ၍လည်းကောင်း၊ ရှင်ဇဝနဟူ၍လည်းကောင်း တွင်ခဲ့သည်။ အသက် ၂၂ အရွယ်တွင် ဘိုးတော်မင်းတရား၏ သမီးတော် ကန္နီမြို့စားမင်းသမီးအား ရဟန်းဒါယကာပြု၍ ရဟန်းဘောင်သို့ ဝင်တော်မူခဲ့သည်။ ဆရာတော်သည လောကီလောကုတ္တရာ စ ောပနှံ့စပ်တော်မူသသည်။

၁၁၅၃ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက်နေ့တွင် မြို့တော်အရှေ့တောင်ဘက် မိုးထိဘုံသာဝေယံကျောင်းတော်ကြီးကို မင်းတရားကြီးက လှူဒါန်းခဲ့သည်။ ဂုဏမုနိန္ဒာဓိပတိပဝရသာမိမဟာရာဇဂုရုဘွဲ့တံဆိပ်တော်ကိုလည်း ကပ်လှူခဲ့သည်။ ဆရာတော်သည် သာသနာပြုဆရာတော် ၁၂ ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ ဂုဏမုနိန္ဒာဓိပဓိမဟာဓမ္မရာဇာဓိရာဇဂုရုတံဆိပ်တော်ကိုလည်း ရရှိခဲ့သည်။[၁]

ပျံလွန်တော်မူခြင်း[ပြင်ဆင်ရန်]

ဆရာတော်သည် သက္ကရာဇ် ၁၁၆၇ ခုနှစ်တွင် ပျံလွန်တော်မူခဲ့သည်။ ကျမ်းဂန်ပြုစုတော်မူခဲ့ကြောင်း မတွေ့ရပေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၂၄။