မာတိကာသို့ ခုန်သွားရန်

ရွှေလေးရင်နှင့် ရွှေကညင်

ဝီကီပီးဒီးယား မှ

ရွှေလေးရင်နှင့် ရွှေကညင်သည် မွန်လူမျိုးများနှင့် မွန်တို့နှင့်အဆက်အနွယ်ရှိသူများ ကိုးကွယ်ကြသည့် မြန်မာ့မိရိုးဖလာ နတ်တစ်ပါး ဖြစ်သည်။[]

သမိုင်း

[ပြင်ဆင်ရန်]

သမိုင်းဖြစ်စဉ်ကိုမူ တိကျစွာ မသိရှိရပေ။ မွန်လူမျိုးများ၏ အိမ်တွင်းနတ် “ရွှေလေးရင်နှင့် ရွှေကညင်နတ်” ဟု ဆိုကြသည်လည်း ရှိသည်။ မွန်လူမျိုးတို့၏ ရိုးရာနတ်ဟုလည်း ဆိုကြသည်။ []

ယုံကြည်ကိုးကွယ်ခြင်း

[ပြင်ဆင်ရန်]

အိမ်ဦးခန်းတွင် ရွှေလေးနှစ်လက်နှင့် မြားကျဉ်တောက် နှစ်ခုတွင် မြားငါးစင်းထက်မနည်း ထည့်ကာ ချိတ်ဆွဲ၍ ဆက်သရသည်။ အချိန်အခါကို လိုက်ကာ ဝတ်လဲတော်များကို အသစ်လဲ၍ မပြတ်မလပ် ဆက်သကြရသည်။ နှစ်စဉ် တင်မြှောက်ပသချိန်တွင် သေရည်သေရက်နှင့် သက်သက်လွတ်ကင်းသည့် ပွဲများနှင့် တင်ဆက်ပသကြသည်။ အထူးကိစ္စရှိပါက ပွဲကန္နားဆက်၍ ကကြသည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. ၁.၀ ၁.၁ ၁.၂ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။ pp. ၁၉၂။