မာတိကာသို့ ခုန်သွားရန်

ရွှေတောင်ကုမ္ပဏီအုပ်စု

ဝီကီပီးဒီးယား မှ
ရွှေတောင်ကုမ္ပဏီအုပ်စု
အမျိုးအစားပုဂ္ဂလိက
လုပ်ငန်းConglomerate
လွှဲအပ်သူအိုလံပစ်ဆောက်လုပ်ရေး
တည်ထောင်သည့်နှစ်၁၉၉၀; ၃၆ နှစ် အကြာက (၁၉၉၀)
ဌာနချုပ်မြန်မာနိုင်ငံ
အရေးပါ ပုဂ္ဂိုလ်များဦးအိုက်ထွန်း (ဥက္ကဋ္ဌ)
ဦးအောင်ဇော်နိုင် (မန်နေးဂျင်းဒါရိုက်တာ)
ထုတ်ကုန်ပစ္စည်းဆောက်လုပ်ရေး၊ မီဒီယာ၊ ဖြန့်ချိရေး၊ ခရီးသွားလုပ်ငန်း၊ အိမ်ခြံမြေ
ဝက်ဘ်ဆိုက်shwetaunggroup.com

ရွှေတောင်ကုမ္ပဏီအုပ်စု (ယခင်က အိုလံပစ်ဆောက်လုပ်ရေး) သည် မြန်မာနိုင်ငံရှိ မိသားစုပိုင် လုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းအများအပြားကို ပိုင်ဆိုင်ပြီး မြန်မာနိုင်ငံရှိ အခြေခံအဆောက်အအုံတည်ဆောက်ရေးများ ဆောင်ရွက်ခဲ့သည်။ လုပ်ငန်းကို ၁၉၉၀ခုနှစ်တွင် စတင်တည်ထောင်ပြီး လက်ရှိတွင် ဦးအိုက်ထွန်းသည် ဥက္ကဋ္ဌဖြစ်သည်။

ရွှေတောင်အုပ်စုကို ယခင်က အိုလံပစ် ဆောက်လုပ်ရေးကုမ္ပဏီဟု သိကြသည်။ ၎င်းနှင့်ဆက်နွယ်သော အာရှဓနဘဏ်အား ဘဏ်လုပ်ငန်းဆိုင်ရာ အရှုပ်တော်ပုံ၊ ငွေကြေးခဝါချမှု စွပ်စွဲချက်နှင့် မူးယစ်ဆေးဝါးနှင့် ဆက်နွယ်မှုများ ရှိသည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စွပ်စွဲခဲ့ပြီးနောက်၊ ၂၀၀၃ ခုနှစ်တွင် အမေရိကန်အစိုးရက ထိုဘဏ်ကို ပိတ်ဆို့အရေးယူခဲ့ကာ မြန်မာအစိုးရကလည်း ပိတ်သိမ်းခဲ့သည်။ ထိုဖြစ်ရပ်များအပြီး ၂၀၀၄ ခုနှစ်တွင် ရွှေတောင်အုပ်စုဟု အမည်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။[][][]

ကိုးကား

[ပြင်ဆင်ရန်]
  1. USA Patriot Act: Section 311 2013-10-04 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-10-07 တွင် ပြန်စစ်ပြီး။
  2. "Proposed Rules" (2003-11-25). Federal Register 68. Retrieved on 2013-10-01.
  3. Money Laundering in Burma 2015-04-17 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-10-01 တွင် ပြန်စစ်ပြီး။