ရွှေညဝါ ဆရာတော်
| ရွှေညဝါဆရာတော် | |
|---|---|
| ဘာသာ | ဗုဒ္ဓဘာသာ |
| ဘာသာအုပ်စု | ထေရဝါဒ |
| ဓမ္မအမည် | Paññāsiha ပညာသီဟ |
| ပုဂ္ဂိုလ်ရေးရာ | |
| နိုင်ငံသား/လူမျိုး | ဗမာလူမျိုး |
| မွေးဖွား | ဇန်နဝါရီ ၁၊ ၁၉၆၅ မန္တလေးတိုင်း၊ ရမည်းသင်းမြို့၊ ရွှေဒါးဂွေးကုန်းအုပ်စု၊ ဘုရားကုန်းကျေးရွာ |
| ကွယ်လွန် | ဇန်နဝါရီ ၁၊ ၁၉၆၅ (အသက် −၆၁) ရန်ကုန်မြို့ |
| ရာထူး တာဝန် | |
| ဌာန | ရန်ကုန်မြို့။ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ |
| ဂုဏ်ဒြပ် | ဆရာတော် |
| ဘာသာရေးရာ | |
| ရဟန်းခံခြင်း | ၂၇ ဝါ |
| ဝက်ဘ်ဆိုဒ် | shwenyawar.com |
ရွှေညဝါ ဆရာတော် ခေါ် အရှင်ပညာသီဟ (၁ ဇန်နဝါရီ ၁၉၆၅ - ၁၀ ဇူလိုင် ၂၀၂၅) သည် ဗုဒ္ဓဘာသာ မြန်မာ ရဟန်းတော် တစ်ပါး ဖြစ်ပြီး ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက်၏ ကျောင်းထိုင် နာယကအဖြစ် သာသာနာ့တာဝန် ထမ်းဆောင်တော်မူခဲ့သူ ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို ဓမ္မဖြင့် တော်လှန်ခဲ့သည့် ဆရာတော်သည် ဘဝ၏ အစိတ်အပိုင်းအချို့ကို နိုင်ငံရေးအကျဉ်းသား အဖြစ် ဖြတ်သန်းရှင်သန်ခဲ့ရသည်။
သာသနာ့တာဝန်ထမ်းဆောင်တော်မူခြင်း
[ပြင်ဆင်ရန်]၂၀၀၄ ခုနှစ်မှ စကာ ရန်ကုန်-ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ပြီး ဗုဒ္ဓစာပေများကို ခေတ်နှင့်အညီ သင်ကြား ပို့ချပေးနေသော ဆရာတော်ဖြစ်သည်။ ကျောင်းတိုက်အတွင်း စာသင်သားသံဃာတော်များ အပါအဝင် သံဃာတော်အပါး ၅၀၀ လောက် သီတင်းသုံး နေထိုင်လျက်ရှိသည်။ ပရိယတ္တိသာသနာနုဂ္ဂဟ - ရန်ကုန်ဆန်လှူအသင်းကြီး၏ အကျိုးတော်ဆောင် ဓမ္မကထိက တာဝန်များကို ယခုအချိန်ထိ ထမ်းဆောင်လျက်ရှိသည်။ ပြည်ပ ထိုင်းနိုင်ငံရောက် တက္ကသိုလ်အသီးသီးတွင် ပညာသင်ယူဆည်းပူးနေကြသော မြန်မာရဟန်းတော်များ၏ ဩဝါဒစရိယဆရာတော် တာဝန်ယူခဲ့သည်။[၁] ဆရာတော်သည် အစိုးရ ဓမ္မစရိယ၊ ပါရဇိကဏ်ကျမ်းစွဲအောင်မြင်ခဲ့သလို အမျိုးသားဓမ္မာစရိယ စာမေးပွဲတွင် သာသနာပါလဓမ္မာစရိယဘွဲ့ကို ရရှိခဲ့သည်။
နိုင်ငံရေးကို အားပေးခြင်း
[ပြင်ဆင်ရန်]သာဓုကျောင်းတိုက်တွင် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား၊ ဒေါ်အောင်ဆန်းစုကြည်၏ ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရခြင်း နှစ် ၂၀ ပြည့်အခမ်းအနား စသည်တို့ကို ဆရာတော်က ကျင်းပခွင့်ပေးခဲ့သည်။ ထို့အပြင် NLD ၏ အခြား နိုင်ငံရေးဆိုင်ရာပွဲများ၊ အလှူအတန်း ပြုလုပ်ခွင့်များကိုလည်း ဆရာတော်က ကျောင်းတိုက်တွင် ခွင့်ပြုခဲ့သည်။ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ခရီးစဉ်အတွင်း ထင်ရှားသည့် လူမှုရေးလုပ်ငန်း လုပ်ဆောင်သူများနှင့် အတူ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၁-ခု၊ ဖေဖော်ဝါရီ ၁ဝ ရက်မှစ၍ ၂ဝ၁၂ ဖေဖော်ဝါရီ ၁၁ နေ့ထိ တစ်နှစ် တရားမဟောရန် ရန်ကုန်တိုင်း သံဃာ့မဟာနာယကအဖွဲ့က ပိတ်ပင်ထားခဲ့သည်။ ရွှေညဝါ ဆရာတော်ကဲ့သို့ပင် ဦးသုမင်္ဂလ (ဒယ်အိုး) ဆရာတော်ကိုလည်း တရားဟောခွင့် ပိတ်ပင်ထားသည်။
၂၀၁၁-ခု၊ အောက်တိုဘာလအတွင်း အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ဆရာတော် အရှင်ပညာသီဟသည် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရုံး ဆွမ်းကပ်လှူပွဲ၌ “ပင်ဝါးရုံ”ဆိုသော ဩဝါဒပေးခဲ့ခြင်းကြောင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဆရာတော်အား ၂၀၁၁-ခု၊ ဒီဇင်ဘာ ၁၂ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ခဲ့သည်။
၂၀၁၂-ခု၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ဆန္ဒအတိုင်း ကျောင်းတိုက်မှ ထွက်ခွာရန် ဝန်ခံကတိ လက်မှတ်ထိုးပေးခဲ့သည်။ ၂၀၁၃ ခုနစ်၊ ဇွန်လ (၁၅) ရက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် မြန်မာ များအား ဗုဒ္ဓဘာသာ ဝံသာနုအမျိုးသားစိတ်ဓာတ် ရင့်သန်စေရန်ဟောပြောခဲ့သည်။[၂][၃] [၄]
၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်ရပ်များ
[ပြင်ဆင်ရန်]ရွှေညဝါ ဆရာတော် ခေါ် အရှင်ပညာသီဟ သည် ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်း ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ နံနက်အစောပိုင်းမှာပင် နိုင်ငံရေးသမားများ၊တက်ကြွလှုပ်ရှားသူများနည်းတူ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်။[၅]
ယင်းနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ရက်တွင် အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပုဒ်မ၅၀၅(ခ) ဖြင့် ထောင်ဒဏ်၂နှစ် ချမှတ်ခံရသည်။[၆]
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆရာတော်အား လွတ်ငြိမ်းဖြင့် ပြန်လွတ်သည်။[၇]
ပျံလွန်တော်မူခြင်း
[ပြင်ဆင်ရန်]ဆရာတော်သည် ထောင်မှ လွတ်အပြီး ၂ နှစ်ခန့်အကြာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၀ ရက် နံနက် ၂:၁၅ မိနစ်တွင် အသည်းရောဂါဖြင့် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ရွှေညဝါဆရာတော်ဘုရားကြီး အရှင်ပညာသီဟ ထေရုပတ္တိ အကျဉ်း
- ↑ Shwe Nya War Sayadaw Tayarpwe (15 - 6 - 2013 ) Tokyo - YouTube
- ↑ RFA: Interview With Sayadaw Shwe Nya War - YouTube
- ↑ ဟို နဲ႔ ဒီ | MoeMaKa Burmese News & Media။ 22 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 June 2013 တွင် ပြန်စစ်ပြီး။
- ↑ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပွဲ ဖမ်းဆီးခံရသူများစာရင်း။ RFA (၁ ဖေဖော်ဝါရီ ၂၀၂၁)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ရွှေညဝါဆရာတော်အား အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ထောင် ၂နှစ်ချ။ Tachileik News (၂၈ ဒီဇင်ဘာ ၂၀၂၁)။ 17 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ကိုမြအေး၊ ဒေါက်တာမျိုးညွန့်၊ ရွှေညဝါဆရာတော်၊ စာရေးဆရာမောင်သာချိုတို့ ပြန်လွတ်။ RFA (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၂ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။