ရွှေဂူကြီးစေတီတော် (တောင်ငူမြို့)

ဝီကီပီးဒီးယား မှ

ရွှေဂူကြီးစေတီတော်သည် တောင်ငူမြို့၊ ပန်းလှိုင်ရပ်ရှိ စေတီတော်တစ်ဆူ ဖြစ်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

စေတီတော်သည် သီရိဓမ္မအသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သဖြင့် တောင်ငူမြို့ မပေါ်ပေါက်မီကပင် ရှီနေပြီးဟု မှတ်ယူကြ၏။[၁]

ပြုပြင်မွမ်းမံမှုများ[ပြင်ဆင်ရန်]

  • စေတီတော်ကို သက္ကရာဇ် ၆၄၁ ခုနှစ်တွင် တောင်ငူ၌ နန်းတက်ခဲ့သည့် သဝန်မင်းကြီးသည် ပြုပြင်ခဲ့သည်။
  • သက္ကရာဇ် ၆၈၇ ခုနှစ်တွင် နန်းတက်သည့် ကရင်ဘမင်းသည်လည်း ပြုပြင်ခဲ့သည်။
  • သက္ကရာဇ် ၁၃၁၃ ခုနှစ်တွင် နှစ်ကာလရှည်ကြာသဖြင့် ပြိုပျက်နေသည့် စေတီတော်ကို ရန်ကုန်မြို့၊ ကြည့်မြင်တိုင်၊ ညောင်ပင်တန်းရပ်မှ ဦးစံဖေနှင့် ညီတော်စပ်သူ ဦးညီပုတို့သည် အုတ်မြစ်ချကာ တည်ခဲ့သည်။ ထို့ပြင် သီဟိုဠ်မှ ဝန်ကြီးချုပ်ဦးနု သယ်ဆောင်လာခဲ့သည့် ဓာတ်တော်များကို ဌာပနာခဲ့ကြသည်။ ထီးတော်တင်ပွဲကို သက္ကရာဇ် ၁၃၁၄ ခုနှစ်၊ ကဆုန်လဆုတ် ၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (ဧပြီ ၁၉၆၈)။ မြန်မာနိုင်ငံတခွင် ဘုရားသမိုင်းပေါင်းချုပ်။ ရန်ကုန်မြို့: မဟာဝိဇ္ဇာစာပေ။ pp. ၁၉၁။