ရွှေဂူကြီး

ဝီကီပီးဒီးယား မှ

သာသနာတက္ကရာဇ် ၂၃၆-ခုနှစ်တွင် မဇ္ဈိမဒေသ ပါဋလိပုတ်ပြည့်ရှင် သီရိဓမ္မာသောကမင်းသည် ဘုရားအလောင်းတော် ခြင်္သေ့မင်းဘဝ ဖြစ်သည့်နေရာ၌ စေတီပေါင်း ရှစ်သောင်းလေးထောင်တို့တွင် တစ်ဆူအပါအဝင်ဖြစ်သော ရွှေဂူကြီးဘုရားကို တည်တော်မူခဲ့သည်။

အမရပူရမြို့ရှိ တန်ခိုးကြီးဘုရား ကြီးလေးဆူတို့တွင် ရွှေဂူကြီးဘုရားသည် တစ်ဆူအပါအဝင် ဖြစ်သည်။ သက္ကရာဇ် ၁၁၄၅-ခုနှစ်တွင် အမရပူရ ပထမ နန်းတည်မြို့တည် ဘိုးတော် ဗဒုံမင်းတရားသည် ရွှေဂူကြီးဘုရားကို အသစ်ထပ်မံပြုပြင်၍ ကိုးကွယ်တော်မူသည်။[၁]

ဓာတ်ပုံများ[ပြင်ဆင်ရန်]


ကိုးကား[ပြင်ဆင်ရန်]

  1. ဒက္ခိဏာရာမ-ဘုရားကြီး၊ ဆရာ စိုးမြတ်လင်း စုဆောင်းရေးသားသည့် မြန်မာနိုင်ငံ အထက်ပိုင်းရှိ ရတနာပုံ-မန္တလေးမြို့ နှင့် မြို့ရွာဒေသအသီးသီးတို့၌ ထင်ရှားကျော်စောတော်မူသော တန်ခိုးကြီးဘုရားများသမိုင်း၊ စာ-၉၀