မာတိကာသို့ ခုန်သွားရန်

ရှင်ဝရုဏ

ဝီကီပီးဒီးယား မှ
(ရွှေခုံတိုင်ဆရာတော် မှ ပြန်ညွှန်းထားသည်)

ရှင်ဝရုဏ (၁၁၀၉ − ၁၂၇၈) သည် “ရွှေခုံတိုင်ဆရာတော်” ဟု ထင်ရှားခဲ့သည့် ကျမ်ပြုဆရာတော်တစ်ပါး ဖြစ်သည်။[]

ဆရာတော်ကို ၁၁၀၉ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်နေ့တွင် ကျောက်မြောင်းစီရင်စု၊ သစ်ဆိမ့်ကြီးရွာတွင် ဖွားမြင်ခဲ့သည်။

ငယ်စဉ်အခါတွင် သစ်ဆိမ့်ဂိုဏ်းအုပ်ဆရာတော်ထံတွင် စာပေများသင်ကြားခဲ့ပြီး သိလုံးဆရာတော်ကို ကမ္မဝါဆရာပြု၍ ရဟန်းပြုခဲ့သည်။ ထို့နောက်တွင် သာသနာပိုင်ဆရာတော် ဦးဉေယျထံတွင် ဆက်လက်သင်ကြားခဲ့သည်။ ရှမ်းကလေးကျွန်းဆရာတော် ဦးနန္ဒထံတွင် ဆက်လက်ကာ ပညာများ ဆည်းပူး၍ အမရပူရမြို့သို့ ပြောင်းရွှေ့ကာ သီတင်းသုံးခဲ့သည်။ ထို့နောက်တွင် ရွှေခုံတိုင်ရွာတွင် သီတင်းသုံးခဲ့သည်။

ဆရာတော်အား မင်းတုန်းမင်းသည် ဘွဲ့တံဆိပ်ကပ်လှူတော်မူလိုသော်လည်း ငြင်းပယ်ခဲ့သည်။ ၁၂၃၆ ခုနှစ်တွင် ရန်ကုန်မြို့သို့ ကြွကာ ရွှေတိဂုံစေတီတော်မြောက်ဘက် ရေတံခွန်တောရ မဟာသိဝတိုက်တွင်[မှတ်စု ၁] သီတင်းသုံးခဲ့သည်။ မဟာဗောဓိသို့ ကြွတော်မူ၍ မြစ်ဝကျွန်းပေါ်မြို့များသို့လည်း လှည့်လည်ကာ တရားများ ဟောပြောခဲ့သည်။[]

ပျံလွန်တော်မူခြင်း

[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၂၇၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[]

ပြုစုခဲ့သည့် ကျမ်းများ

[ပြင်ဆင်ရန်]

ဆရာတော်သည် အောက်ပါကျမ်းများကို ရေးသားပြုစုတော်မူခဲ့သည်။

၁။ နေတ္တိဟာရအကောက်ကျမ်း၊

၂။ သဒ္ဓမ္မပါလမေဒနီကျမ်း၊

၃။ ဥပေါသထဝိသေဓနီကျမ်း၊

၄။ ပညာဝဍ္ဎနသင်္ဂြိုဟ်ဖွင့်နည်းကျမ်း၊

၅။ ဓမ္မောသဓ ဝိသောဓနီကျမ်း၊

၆။ ကာလဝိမုတ်အဆုံးအဖြတ်ကျမ်း၊

၇။ ရာဇဝင်ချုပ်။[]

မှတ်စု

[ပြင်ဆင်ရန်]
  1. ထိုရွှေခုံတိုင် ဆရာတော် သီတင်းသုံးတော်မူရာတိုက်ကို ရွှေခုံတိုင်ကျောင်းတိုက်ဟူ၍လည်းကကောင်း ထိုရပ်ကွက်နှင့် လမ်းကိုပါ နောင်သော် ရွှေခုံတိုင်ရပ်ကွက်၊ ရွှေခုံတိုင်လမ်း (ယခု ရွှေဂုံတိုင်လမ်း) ဟူ၍ ခေါ်တွင်ခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၀၉၊ ၁၁၀။