ရွှေကူရွာ၊ ခင်ဦးမြို့နယ်

ဝီကီပီးဒီးယား မှ
(ရွှေကူတဲစုရွာ မှ ပြန်ညွှန်းထားသည်)
ရွှေကူတဲစု
ရွာ
ရွှေကူတဲစုရွာ
ရွှေကူတဲစု သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရွှေကူတဲစု
ရွှေကူတဲစု
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 22°46′55″N 95°30′59″E / 22.7820091247559°N 95.5164794921875°E / 22.7820091247559; 95.5164794921875ကိုဩဒိနိတ်: 22°46′55″N 95°30′59″E / 22.7820091247559°N 95.5164794921875°E / 22.7820091247559; 95.5164794921875
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး စစ်ကိုင်း
ခရိုင်ရွှေဘိုခရိုင်
မြို့နယ်ခင်ဦးမြို့နယ်
ကျေးရွာအုပ်စုအင်တိုင်းကြီး
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)

ရွှေကူရွာ (အင်္ဂလိပ်: Shweku)သည် စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ခင်ဦးမြို့နယ်အင်ဒိုင်းကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၁၄၈၃ ဖြစ်သည်။ [၁]

ခင်ဦးမြို့ အနောက်ဘက် ၆ မိုင်ခန့် အကွာတွင် တည်ရှိပြီး ကာဘိုး-ရွှေဘိုတူးမြောင်းနံဘေးတွင် တည်ရှိသည်။ ခင်ဦး - ရေဦး ကားလမ်းပေါ်ရှိ သာဂရရွာမြောက်ဘက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။ မြောက်ဘက်တွင် ရှင်မင်းတွေရွာ၊အရှေ့မြောက်တွင် အင်တိုင်းကြီးရွာ၊ အနောက်မြောက်တွင် ပျဉ်ထောင်ရွာ နှင့် ကင်းပြစ်ရွာ၊အရှေ့ဘက်တွင် မြစ်တော်ရွာနှင့် တောင်ဘက်တွင် သာဂရရွာ တို့ တည်ရှိသည်။ အိမ်ခြေ ၄၀၀ ခန့်ရှိပြီး လူဦးရေ ၁၅၀၀ ကျော် မှီတင်းနေထိုင်ကြသည်။

ကိုးကွယ်မှု[ပြင်ဆင်ရန်]

ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဥတ္တရာရာမ ကျောင်းတိုက်နှင့် ဒက္ခိဏရာမ ကျောင်းတိုက်ဟူ၍ ဘုန်းတော်ကြီး ကျောင်း ၂ကျောင်းရှိသည်။ ရွာခံလူများက တောင်ကျောင်းနှင့် မြောက်ကျောင်း ဟု ခေါ်ဆိုကြသည်။

ပညာရေး[ပြင်ဆင်ရန်]

ရွာမြောက်ဘက်တွင် အထက်တန်းကျောင်း (ခွဲ) ရှိသည်။ ၇.၅ ဧကခန့် ကျယ်ဝန်းပြီး ပင်မ စာသင်ဆောင် ၃ ဆောင် ရှိသည်။ ဆရာဆရာမ ၂၄ ဦး ခန့်ထားပြီး ကျောင်းသူ ကျောင်းသား ၃၀၀ ကျော် ပညာသင်ကြားလျက်ရှိသည်။ ယခင်က ကလုံ၊ ရှင်မင်းတွေ၊သရက်ကုန်း၊ ကင်းပြစ်၊ ပျဉ်ထောင်၊ မြစ်တော်၊ အင်တိုင်းကြီး အစရှိသည့်ရွာများတွင် မူလတန်းကျောင်းအထိသာ ရှိသောကြောင့် အလယ်တန်းတက်သောအခါ ရွှေကူတဲစုကျောင်းသို့ ပြောင်းရွှေ့တက်ရောက်ရသောကြောင့် ကျောင်းသူ ကျောင်းသား အင်အား အလွန်များပြားခဲ့သည်။

စီးပွားရေး[ပြင်ဆင်ရန်]

အဓိက စီးပွားရေးမှာ ဆန်စပါး စိုက်ပျိုးရေးဖြစ်ပြီး ကွမ်းရွက် များလည်း စိုက်ပျိုးသည်။

ကျန်းမာရေး[ပြင်ဆင်ရန်]

ကျေးရွာကျန်းမာရေးအတွက် ရွာမြောက်ဘက်တွင် ကျေးလက်ကျန်းမာရေးစင်တာ တခုရှိပြီး ကျန်းမာရေးမှူး တစ်ဦးနှင့် သားဖွားဆရာမ တစ်ဦးရှိသည်။

ထင်ရှားသူများ[ပြင်ဆင်ရန်]

ရွှေကူတဲစု ရွာသား သန့်ဇင်ထွန်းသည် လက်ရှိ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အားကစားသမား ဖြစ်ပြီး ၂၀၁၉ ဖိလစ်ပိုင်နိုင်ငံ ဆီးဂိမ်းပြိုင်ပွဲအတွက်လည်း ရွေးချယ်ခံထားရသည်။

ရွှေကူတဲစုသူ မအေးအေးသင်းသည်လည်း မြားပစ်လက်ရွေးစင်ဖြစ်ပြီး ယခုအခါ နည်းပြ အဖွဲ့ဝင် အဖြစ် တာဝန်ထမ်း‌‌ဆောင်လျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]