ရံဘောင်

ဝီကီပီးဒီးယား မှ

ချောင်းထဲမြစ်ထဲများ၌ ယင်းလဲ၍ မသွားစေရန် အမှီပြုဖို့ စီတန်း၍ စိုက်ထားသော ဝါးတန်းကို "ရံဘောင်" ဟုခေါ်သည်။ (ရံ = ကာရံသည်၊ ဘောင် = ခိုင်မြဲအောင်ပြုလုပ်သည်။)

အရုပ်ကားဘောင်၊ မှန်ဘောင်၊ သင်္ဘောကုန်းဘောင် စသည်တို့မှာကဲ့သို့ ယင်းတန်းခိုင်မြဲအောင် ပြုလုပ်ထားသော ဝါးတန်းဖြစ်၍ "ဘောင်"ဟုခေါ်သည်။ ထို့ကြောင့် ခိုင်မြဲအောင်ပြုလုပ်ကာရံထားသည့် ဝါးတန်းကို "ရံဘောင်"ဟုခေါ်သည်။ ကျယ်ဝန်းသော်မြစ် သို့မဟုတ် ပင်လယ်ထဲ၌မူ ရံဘောင်(ယင်းတန်း)မစိုက်ပဲ သစ်သားတိုင်များကို စိုက်လေသည်။ ၎င်းသစ်သားတိုင်များကိုကား "လွတ်"ဟုခေါ်သည်။ လွတ်တိုင်၌ စင်ထိုပြီး ယင်းကို တင်လျက် ဖမ်းသည်။ လွတ်စင်၌တင်သော ယင်းကို ရေတက်၊ ရေကျ မြင့်ချည် နိမ့်ချည် လိုသလိုရအောင် စက်သီးတပ်၍ ထားရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရွှေဝယ်ဧ ရေးသည့် တံငါကိရိယာ သိကောင်းစရာ၊ ၁၉၆၇ ခုနှစ်၊ မေလထုတ်၊ မြဝတီမဂ္ဂဇင်း စာမျက်နှာ(၆၅-၇ဝ)