ရဲ​လှေ(တိုက်)ဝန်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ရဲလှေ(တိုက်)ဝန်[ပြင်ဆင်ရန်]

ရဲလှေဝန်ကို တစ်ခါတစ်ရံ ရဲလှေတိုက်ဝန်ဟု တွေ့ရှိရတက်ပါသည်။ ရဲလှေဝန်သည် စစ်ဘက်ဆိုင်ရာ ရေကြောင်းလိုင်းများကို ကြီးကြပ်ကွပ်ကဲ ရသူဖြစ်ပါသည်။ ရဲလှေသည် မြန်မာဘုရင်၏ ရေတပ်တော်တွင် အရေးပါလှသည့် လှေတစ်မျိုး ဖြစ်ပါသည် ။ ညောင်ရမ်းခေတ်ကပင် ရဲလှေများကို အသုံးပြုခဲ့ကြ၏ ။

ဟံသာဝတီရောက်ရဲလှေ[ပြင်ဆင်ရန်]

ညောင်ရမ်းမင်းဆက်၏ နောက်ဆုံးဘုရင် မဟာဓမ္မရာဇာဓိပတိ ( ၁၇၃၃ - ၁၇၅၂ ) ကို ဟံသာဝတီပါမင်းဟု ရာဇဝင်ဆရာတို့က ဆိုကြသည် ။ ပဲခူး ဟံသာဝတီသားတို့က အင်းဝကိုသိမ်းပိုက်ကာ မင်း၊ မိဖုရား ၊ သားတော် ၊ သမီးတော်တို့ကို ခေါ်ဆောင်သွားဩဖင့် ယင်းသို့အမည်တွင်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် မဟာဓမ္မရာဇာဓိပတိမင်းလက်ထက် မုဆိုးဘိုမြို့ သူကြီးဖြစ်ခဲ့သူ ဦးအောင်ဇေယျက အလောင်းမင်းတရားကြီးအြဖစ် နန်းတက်လာသောအခါ ဟံသာဝတီပါမင်းဟု ပြောဆိုသူအား အာကိုဖဲ့ဟု အမိန့်တော်ထုတ်ပြန် တားမြစ်ခဲ့ပါသည်။ မဟာဓမ္မရာဇာဓိပတိမင်း ဟံသာဝတီသို့ လိုက်ပါသွားရစဉ်က ရဲလှေများကိုလည်း တစ်ပါတည်း သယ်ယူသွားကြ၏ ။ ဤအကြောင်းကို မြန်မာရာဇဝင်ကျမ်းတစ်ဆောင်၌ လှော်ကား ၊ သမ္ဗန်ရဲလှေ ၊ စသောပြည်ကြီး၏ ကိရိယာအလုံးဆုံနှင့် တကွ မဟာဓမ္မရာဇာဓိပတိအမည်တော်ရှိသော ရွှေနန်းရှင်မင်းတရားနှင့် မင်း ၊ မိဖုရား ၊ သားတော် ၊ သမီးတော် ၊ ညီတော် ၊ မှူးမတ်ပြည်သူအပေါင်းတို့ကို ဖောင် ၊ လှေ နှင့် ဟံသာဝတီသို့ ပို့လေသည် ။ ဟူ၍ ရေးသားဖော်ပြထားပါသည်။

ကုန်းဘောင်ခေတ်ဦးကာလ[ပြင်ဆင်ရန်]

ရဲလှေဝန်ရာထူးကို ကုန်းဘောင်းခေတ်ဦးကာလ၌သာ တွေ့ရှိရပါသည်။ ခေတ်နှောင်းကာလတွင် လှေသင်းဝန်ရာထူး ပေါ်ပေါက်လာသောအခါ ရဲလှေဝန်ရာထူးကို ဖျက်သိမ်းပစ်ခဲ့ဟန်ရှိ၏။ ကုန်းဘောင်ခေတ်ဦးကာလ ဘွဲ့မည်သိရှိရသူ ရဲလှေဝန်တစ်ဦးမှာ နန္ဒဥဒိန်ကျော်ထင်ဖြစ်ပါသည် ။ သူသည် ၁၅ စတင်ဘာ ၁၇၆၄ ခုနှစ် မြေဒူးမင်း( ဆင်ဖြူရှင် ) လက်ထက်တွင် ဖွဲ့စည်းခဲ့သည့် ၅၀ တော်သွေးသော်အဖွဲ့ဝင် တစ်ဦးဖြစ်၏။ ၁၇⁠၇၆ ခုနှစ် မြေဒူးမင်း ယိုးဒယားစစ်ပွဲ့ဆင်နွှဲနေချိန်၌မူ ရဲလှေဝန်ကို ရဲလှေတိုက်ဝန်ဟူ၍ ဖော်ပြပါသည် ။ သို့ဖြစ်၍ သာမန်အခြေအနေတွင် ရဲလှေဝန်ဟုခေါ်ဆိုပြီး စစ်ထွက်သည့်စစ်မက်ကာလအတွင်း ရဲလှေတိုက်ဝန်ဟု တွေးဆမိပါသည်။

ဗဒုံမင်းလက်ထက်[ပြင်ဆင်ရန်]

ဘိုးတော်ဘုရား(ဗဒုံမင်း) နန်းတက်လာပြီးနောက် ဗုဒ္ဓါဘိသိက်အခမ်းအနားအပြီး ၁၂ ဇွန် ၁၇၈၄ ခုနှစ်တွင် ရဲလှေတိုက်ဝန်အား နေမျိုးကျော်ခေါင်ဘွဲ့ ပေးအပ်ခဲ့၏ ။ ယင်းနောက်ပိုင်း ရဲလှေဝန်ရာထူးကို မတွေ့ရတော့ပေ ။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉