ရဲအောင်၊ ကို

ဝီကီပီးဒီးယား မှ

ကိုရဲအောင်[ပြင်ဆင်ရန်]

ငယ်မည်မှာ ကိုကိုကြီးဖြစ်သည်။ တယောပညာရှင် တစ်ဦးလည်းဖြစ်သဖြင့် တယောကိုဒီပိုးဟုလည်း ခေါ်ကြသည်။ ၁၉၂၂ခု၊ ရန်ကုန်မြို့၊ ၃၅လမ်းတွင် မွေးဖွားခဲ့သည်။ တယောပညာကို ၁၂နှစ်သား၊ ၁၉၃၄ခုနှစ်မှစ၍ အေဝမ်းချစ်ရေစင် ရုပ်ရှင်ကားမှာ ဇာတ်ရံသရုပ်ဆောင် ဦးလှသွင်ဆိုသူထံ၌ သင်ယူခဲ့သည်။ ၁၆နှစ်သားအရွယ်မှစ၍ အေဝမ်းသံစုံတီးဝိုင်းတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ဂီတပညာနှင့် ပတ်သက်၍ ရွှေတိုင်ညွန့်၊ ဆရာမောင်၊ သဟာယဆရာတင်၊ ရွှေပြည်အေး စသည့် ဆရာများထံတွင် နည်းနာခံယူဆည်းပူးပြီး တယောပညာ သာမက သီချင်းရေးသားမှုကိုပါ သင်ကြားတတ်မြောက်ခဲ့သည်။ ၁၉၄၇-၄၈ ခုနှစ်ခန့်မှစ၍ ချိုတေးရှင်ကာလပေါ် တူရိယာအဖွဲ့ကို ဖွဲ့စည်းပြီး မြန်မာ့အသံမှ အသံလွှင့်ခဲ့သည်။ ရွှေပြည်အေး၊ အေဝမ်းခင်မောင် စသည့် ဆရာကြီးများ၏ တူရိယာဝိုင်းနှင့်အတူ ရုပ်ရှင်နောက်ခံ တေးသံသွင်းရာတွင် တယောဆရာအဖြစ် ဆောင်ရွက်ခဲ့ပြီး သူခိုးငတက်ပြား ရုပ်ရှင်မှစ၍ ရုပ်ရှင်နောက်ခံတေးဂီတမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ကိုရဲအောင်သည် ရုပ်ရှင်ဇာတ်ဝင်တေး၊ ရောင်းတမ်းဓာတ်ပြားသီချင်းနှင့် အသံလွှင့်တေးသီချင်း အများအပြား ရေးသားခဲ့သည်။ သူ၏ ထင်ရှားသော တေးလက်ရာများမှာ-

  • အုံးစက်ပါ့ ဘုန်းလက်ယာဝယ် (တေးသံရှင်ကိုကျော်ညွန့်)၊
  • ဆံရစ်ဝိုင်း (ကြည်ကြည်ဝင်း)၊
  • ဒိုးကလေး (ညွန့်ညွန့်စိန်)၊
  • ပုလဲဒါရူ (ကိုမင်းနောင်)၊
  • မယ်ရွေးလို့ဆင်ပါ့မယ် (ထား)၊
  • ဆွမ်းအုပ်နီနီ (မတင်တင်)၊
  • ချစ်တမ်းကစားတတ်သူ (တင်မောင်လှ)၊
  • ပျိုလေးရဲ့ညိုထွေး (တင်တင်မြ)၊
  • သီတာကြော့မှာ (ကိုမင်းနောင်၊ သန်းသန်းမေ)၊
  • ရွှေညာသူ (ဓနုဖြူစိုးသိမ်း) စသည်တို့ဖြစ်သည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]