မာတိကာသို့ ခုန်သွားရန်

ရဲဘွန်းကျွန်း

ဝီကီပီးဒီးယား မှ
ရဲဘွန်းကျွန်း
Native name: 礼文島, Rebun-tō
ရဲဘွန်းကျွန်း သည် ဂျပန်နိုင်ငံ တွင် တည်ရှိသည်
ရဲဘွန်းကျွန်း
ရဲဘွန်းကျွန်း
ပထဝီဝင်
တည်နေရာEast Asia
ကိုဩဒိနိတ်45°22′07″N 141°00′55″E / 45.36861°N 141.01528°E / 45.36861; 141.01528ကိုဩဒိနိတ်: 45°22′07″N 141°00′55″E / 45.36861°N 141.01528°E / 45.36861; 141.01528
ကျွန်းစုJapanese archipelago
ဧရိယာ၈၀ km2 (၃၁ sq mi)
အလျား၂၉ km (၁၈ mi)
အကျယ်၈ km (၅ mi)
Coastline၇၂ km (၄၄.၇ mi)
အမြင့်ဆုံး ပင်လယ်ရေ မျက်နှာပြင်အမြင့်၄၉၀.၀ m (၁၆၀၇.၆ ft)
အုပ်ချုပ်မှု
Japan
Demographics
လူဦးရေ3,194
လူဦးရေ သိပ်သည်းမှု၃၉.၃ /km၂ (၁၀၁.၈ /sq mi)
မြေမျက်နှာသွင်ပြင်ပြမြေပုံ

ရဲဘွန်းကျွန်း (礼文島, Rebun-tō; အအိနုဘာသာ - ရဲပွန်း) သည် ဂျပန်နိုင်ငံရှိ ကျွန်းတစ်ခု ဖြစ်သည်။ ဟော့ကိုင်းဒိုးကျွန်း၏ အနောက်မြောက်ဘက်အစွန်း ဂျပန်ပင်လယ်ပြင်တွင် တည်ရှိသည်။ ဟော့ကိုင်းဒိုးကျွန်းကမ်းခြေမှ ၅၀ ကီလိုမီတာ (၃၁ မိုင်) အကွာတွင် ရှိသည်။ ကျွန်းသည် မြောက်မှ တောင်သို့ ၂၉ ကီလိုမီတာ (၁၈ မိုင်)၊ အရှေ့မှ အနောက်သို့ ၈ ကီလိုမီတာ (၅ မိုင်) အကျယ်အဝန်းရှိသည်။ ဧရိယာအားဖြင့် ခန့်မှန်းခြေ ၈၀ စတုရန်းကီလိုမီတာ (၃၁ စတုရန်းမိုင်) ရှိသည်။ ရိရှိရိကျွန်းမှ အနောက်မြောက်ဘက် ၁၀ ကီလိုမီတာ (၆.၂ မိုင်) တွင် တည်ရှိပြီး ဤကျွန်းနှစ်အကြားတွင် ရဲဘွန်းရေလက်ကြားသည် ပိုင်းခြားတည်ရှိလျက်ရှိသည်။[၁][၂][၃]

ကျွန်းသည် မြောက်ဘက်အစွန်းမှ တောင်ဘက်အစွန်းအထိ ၈ နာရီကြာသွားရသည့် တောင်တက်ခရီးနှင့် တောင်ပေါ်ပန်းများကြောင့် လူသိများသည်။ ရဲဘွန်းကျွန်းတွင် အအိနုလူမျိုးများ၏ တောင်ပေါ်ခံတပ်တစ်ခု ရှိသည်။ ရဲဘွန်းတောင်သည် အမြင့် ၄၉၀ မီတာ (၁၆၁၀ ပေ) ရှိကာ ကျွန်း၏ အမြင့်ဆုံးနေရာ ဖြစ်သည်။ ကျွန်းသည် "ရိရှိရိ - ရဲဘွန်း - ဆရိုဘဲဆွတ်အမျိုးသားဥယျာဉ်" ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။[၂]

အမည်နာမ

[ပြင်ဆင်ရန်]

ကျွန်း၏ အမည်သည် အအိနုဘာသာစကားမှ ဆင်းသက်လာသည်။ အအိနုဘာသာဖြင့် "ရဲပွန်း" ဟု ခေါ်သည်။[၂]

ရုပ်ပုံများ

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ "礼文島" [Rebun Island]။ Dijitaru Daijisen (Japaneseဘာသာစကားဖြင့်)။ Tokyo: Shogakukan။ 2012။ OCLC 56431036။ 2007-08-25 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 2012-08-27 တွင် ပြန်စစ်ပြီး။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  2. 1 2 3 "礼文島" [Rebun Island]။ Nihon Kokugo Daijiten (Japaneseဘာသာစကားဖြင့်)။ Tokyo: Shogakukan။ 2012။ OCLC 56431036။ 2007-08-25 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 2012-08-27 တွင် ပြန်စစ်ပြီး။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)
  3. ↑ "礼文島" [Rebun Island]။ Nihon Daihyakka Zensho (Nipponika) (Japaneseဘာသာစကားဖြင့်)။ Tokyo: Shogakukan။ 2012။ OCLC 153301537။ 2007-08-25 တွင် မူရင်း အား မော်ကွန်းတင်ပြီး။ 2012-08-22 တွင် ပြန်စစ်ပြီး။CS1 maint: အသိအမှတ်မပြုသော ဘာသာစကား (link)