ရောမန်ကူရာ
ပုံပန်းသွင်ပြင်
ပုပ်ရဟန်းမင်းကြီး၏ အုပ်ချုပ်မှုအခွင့်အာဏာကို ကျင့်သုံးသည့် ဗျူရိုကရက်တစ်ယန္တရားကို Roman Curia (ရောမန်ကူရာ) ဟု ခေါ်သည်။ Roman Curia တွင် အုပ်ချုပ်ရေးယန္တရားများဖြစ်သော အစိုးရအဖွဲ့ရုံးများ၊ ဝန်ကြီးဌာနများ၊ ဘာသာရေးဆိုင်ရာဌာနများ ပါဝင်သည်။ Roman Curia အားဖြင့် Holy See (ဗာတီကန်မြို့ပြနိုင်ငံအစိုးရ) သည် နေ့စဉ်အုပ်ချုပ်ရေးလုပ်ငန်းများနှင့် ဘာသာရေးလုပ်ငန်းများကို ဆောင်ရွက်သည်။
ရောမန်ကူရာကို ဝန်ကြီးချုပ်နှင့်တူသည့်ရာထူးဖြစ်သော Cardinal Secretary of State (ကာဒီနယ်အမတ်အတွင်းရေးမှူး) က ဦးဆောင်သည်။
ပုပ်ရဟန်းမင်းကြီးရွေးကောက်ပွဲများကိုတော့ ကာဒီနယ်အမတ်များ၏အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်သည်။